မိုင္းဆတ္တြင္ အရက္အတူေသာက္သည့္ သူငယ္ခ်င္းႏွစ္ဦး ခုိက္ရန္ျဖစ္ၿပီး ဓါးျဖင့္ထိုး၍ တစ္ဦးေသဆံုး

မိုင္းဆတ္တြင္ အရက္အတူေသာက္သည့္ သူငယ္ခ်င္းႏွစ္ဦး ခုိက္ရန္ျဖစ္ၿပီး ဓါးျဖင့္ထိုး၍ တစ္ဦးေသဆံုး
ဧပြီ 25, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းဆတ္ၿမိဳ႕တြင္ ေရတြင္းအတူတူးသည့္ သူငယ္ခ်င္းႏွစ္ဦး အရက္ေသာက္ရင္း ခုိက္ရန္ျဖစ္ပြားကာ ဓါးျဖင့္ထိုးလုိက္၍ တစ္ဦးေသဆံုးသြားေၾကာင္း သိရသည္။

မယ္ဆြမ္ေတာင္ရပ္ကြက္၊ ေနာင္ဟီးရပ္တြင္ ဓါးထုိးမႈျဖစ္ပြားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၄)ရက္ေန႔ ေန႔လယ္ (၁)နာရီ (၁၅)မိနစ္တြင္ မုိင္းဆတ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ အခင္းျဖစ္ေနရာအား သက္ေသမ်ားႏွင့္အူ သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ဟီးရပ္တြင္ သန္႔ဇင္ဦးႏွင့္ ဝင္းေဇာ္တုိ႔ သူငယ္ခ်င္းႏွစ္ဦးသည္ ေရတြင္းအတူတူးေဖၚၿပီးေနာက္ အရက္ေသာက္ေနၾကစဥ္ စကားမ်ားရန္ျဖစ္ရာမွ ဝင္းေဇာ္က သန္႔ဇင္ဦး၏ ညာဘက္ရင္ဘတ္ကို ဓါးျဖင့္ထိုးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ သန္႔ဇင္ဦးအား မုိင္းဆတ္ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ဓါးျဖင့္ထိုးသည့္ ဝင္းေဇာ္အား ဖမ္းဆီးၿပီး မိုင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်တွင် အရက်အတူသောက်သည့် သူငယ်ချင်းနှစ်ဦး ခိုက်ရန်ဖြစ်ပြီး ဓါးဖြင့်ထိုး၍ တစ်ဦးသေဆုံး
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ရေတွင်းအတူတူးသည့် သူငယ်ချင်းနှစ်ဦး အရက်သောက်ရင်း ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးလိုက်၍ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်တွင် ဓါးထိုးမှုဖြစ်ပွားကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ နေ့လယ် (၁)နာရီ (၁၅)မိနစ်တွင် မိုင်းဆတ်မြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် အခင်းဖြစ်နေရာအား သက်သေများနှင့်အူ သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

နောင်ဟီးရပ်တွင် သန့်ဇင်ဦးနှင့် ဝင်းဇော်တို့ သူငယ်ချင်းနှစ်ဦးသည် ရေတွင်းအတူတူးဖေါ်ပြီးနောက် အရက်သောက်နေကြစဉ် စကားများရန်ဖြစ်ရာမှ ဝင်းဇော်က သန့်ဇင်ဦး၏ ညာဘက်ရင်ဘတ်ကို ဓါးဖြင့်ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် သန့်ဇင်ဦးအား မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ဓါးဖြင့်ထိုးသည့် ဝင်းဇော်အား ဖမ်းဆီးပြီး မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၇၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net