တာခ်ီလိတ္တြင္ မူးယစ္ေဆးတစ္ဆင့္ျပန္လည္ေရာင္းခ်ေနသူ (၂)ဦးကို စိတ္ၾကြေဆး၊ အုိက္စ္တုိ႔ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးတစ္ဆင့္ျပန္လည္ေရာင္းခ်ေနသူ (၂)ဦးကို စိတ္ၾကြေဆး၊ အုိက္စ္တုိ႔ႏွင့္အတူ ဖမ္းမိ
ဧပြီ 23, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စု၊ ဟိုပံုေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔ ညေန(၃)နာရီခြဲဝန္းက်င္က အမ်ိဳးသား(၂)ဦးထံမွ စိတ္ၾကြေဆးျပား (၁၅၃)ျပားႏွင့္ အုိက္စ္္(၀.၂၅)ဂရမ္တို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဟိုပံုေက်းရြာအနီး သစ္ေခါက္ၿခံတြင္ ေဟာင္လိတ္ရဲကင္းစခန္းမွဴးဦးေဆာင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာအသက္ (၃၈)ႏွစ္အရြယ္ စိုင္းတစ္(ခ) အုိက္နန္ႏွင့္ အသက္(၁၉)ႏွစ္အရြယ္ စိုင္းပီးတို႔ႏွစ္ဦးအား ေတြ႔ရၿပီး ၎တို႔ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁၅၃)ျပား၊ အေအးစုပ္ပိုက္မ်ားျဖင့္ထည့္ထားသည့္ အုိက္စ္ (၀.၂၅)ဂရမ္၊ ထိုင္းဘတ္ေငြ (၄၂၀)ဘတ္ႏွင့္ ျမန္မာက်ပ္ေငြ (၅၀၀၀)တုိ႔ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးသည္ မူးယစ္ေဆးဝါးမ်ားကို တစ္ဆင့္ဝယ္ယူေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၃ရ၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မူးယစ်ဆေးတစ်ဆင့်ပြန်လည်ရောင်းချနေသူ (၂)ဦးကို စိတ်ကြွဆေး၊ အိုက်စ်တို့နှင့်အတူ ဖမ်းမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပုံကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က အမျိုးသား(၂)ဦးထံမှ စိတ်ကြွဆေးပြား (၁၅၃)ပြားနှင့် အိုက်စ််(၀.၂၅)ဂရမ်တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဟိုပုံကျေးရွာအနီး သစ်ခေါက်ခြံတွင် ဟောင်လိတ်ရဲကင်းစခန်းမှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာအသက် (၃၈)နှစ်အရွယ် စိုင်းတစ်(ခ) အိုက်နန်နှင့် အသက်(၁၉)နှစ်အရွယ် စိုင်းပီးတို့နှစ်ဦးအား တွေ့ရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၅၃)ပြား၊ အအေးစုပ်ပိုက်များဖြင့်ထည့်ထားသည့် အိုက်စ် (၀.၂၅)ဂရမ်၊ ထိုင်းဘတ်ငွေ (၄၂၀)ဘတ်နှင့် မြန်မာကျပ်ငွေ (၅၀၀၀)တို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါးများကို တစ်ဆင့်ဝယ်ယူရောင်းချနေခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရပြီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၃ရ၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net