စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထားသည့္ ရုပ္ပြားဆင္းထုေတာ္ (၃)ဆူ ခုိုးယူသြားသူကို ေဒသခံမ်ားရွာေဖြဖမ္းဆီး

စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထားသည့္ ရုပ္ပြားဆင္းထုေတာ္ (၃)ဆူ ခုိုးယူသြားသူကို ေဒသခံမ်ားရွာေဖြဖမ္းဆီး
ဧပြီ 17, 2019
By Tachileik News Agency

စစ္ကိုင္းတုိင္းေဒသႀကီး၊ ကသာခရိုင္၊ ဝန္းသိုၿမိဳ႕နယ္တြင္ ဘုန္းႀကီးေက်ာင္းေစတီမွ ရုပ္ပြားဆင္းတုေတာ္မ်ားအား ခိုးယူသြားသူကို ေတာထဲမွ ျပန္လည္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဝန္းသိုၿမိဳ႕နယ္၊ ေျမာက္ကုန္းေက်း႐ြာတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃) ရက္ေန႔ ညေန(၅)နာရီအခ်ိန္၌ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေက်းရြာဘုန္းႀကီးေက်ာင္းဝင္းအတြင္းရွိ ဘုရားေစတီသို႔ သြားေရာက္ဖူးေျမႇာ္စဥ္ စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထားသည့္ ဉာဏ္ေတာ္ အျမင့္တစ္ေပခြဲခန႔္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ (၃)ဆူ ေပ်ာက္ဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေက်း႐ြာသူ၊ေက်းရြာသားမ်ားက ဝိုင္းဝန္းရွာေဖြခဲ့ရာ ေခ်ာင္းဖ်ားေက်း႐ြာ အနီးေတာထဲ၌ အသက္ (၄၀)အရြယ္ ေစာလြင္ဆိုသူကို ေပ်ာက္ဆုံးေနသည့္ ဘုရားဆင္းတုေတာ္မ်ားႏွင့္အတူ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆင္းတုေတာ္မ်ား ခိုးယူသည့္ ေစာလြင္အား ဝန္းသိုၿမိဳ႕မရဲစခန္းတြင္ (ပ)၆၃/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀/၂၉၅ (ခိုးမႈ၊ ဘာသာသာသနာၿငိဳးႏြမ္းေစမႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဘုန်းကြီးကျောင်းစေတီမှ ရုပ်ပွားဆင်းတုတော်များအား ခိုးယူသွားသူကို တောထဲမှ ပြန်လည်ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၊ မြောက်ကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ညနေ(၅)နာရီအချိန်၌ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားစေတီသို့ သွားရောက်ဖူးမြှော်စဉ် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော် အမြင့်တစ်ပေခွဲခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် (၃)ဆူ ပျောက်ဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ချောင်းဖျားကျေးရွာ အနီးတောထဲ၌ အသက် (၄၀)အရွယ် စောလွင်ဆိုသူကို ပျောက်ဆုံးနေသည့် ဘုရားဆင်းတုတော်များနှင့်အတူ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်များ ခိုးယူသည့် စောလွင်အား ဝန်းသိုမြို့မရဲစခန်းတွင် (ပ)၆၃/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၂၉၅ (ခိုးမှု၊ ဘာသာသာသနာငြိုးနွမ်းစေမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net