သႀကၤန္အၾကတ္ေန႔က နတ္ေမာက္တြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ (၁၈)ဦး ဒဏ္ရာရၿပီး ယာဥ္ေမာင္းတိမ္းေရွာင္ေန

သႀကၤန္အၾကတ္ေန႔က နတ္ေမာက္တြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ (၁၈)ဦး ဒဏ္ရာရၿပီး ယာဥ္ေမာင္းတိမ္းေရွာင္ေန
ဧပြီ 16, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ျမိဳ႕နယ္၊ ယင္းေခ်ာင္း (နတ္ေမာက္ေခ်ာင္းသာ)မွ ေရကစားၿပီးျပန္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ ညေန (၃)နာရီခြဲက တိမ္းေမွာက္သျဖင့္ ယာဥ္ေပၚ လိုက္ပါလာသူ (၂၅)ဦးအနက္ (၁၈)ဦး ထိခိုက္ဒဏ္ရာမ်ား ရသြားေၾကာင္း နတ္ေမာက္ ရဲစခန္းမွ သိရသည္။

နတ္ေမာက္ၿမိဳ႕နယ္၊ ဘုန္းေတာ္ျပည့္ေက်း႐ြာအနီး ကားလမ္းအေကြ႔တြင္ တိမ္းေမွာက္သြားရာ ယာဥ္ေမာင္း ေဝယံမွာ အခင္းျဖစ္ေနရာမွ ထြက္ေျပးတိမ္းေ႐ွာင္သြားသျဖင့္ အျမန္းဆုံး ဖမ္းဆီးရမိနိုင္ေရးအတြက္ နတ္ေမာက္ ရဲစခန္းမွ လိုက္လံရွာေဖြဖမ္းဆီးလ်ွက္ရိွေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူမ်ားအား နတ္ေမာက္ျပည္သူ႔ေဆးရုံသို႔ ပို႔ ေဆာင္ထားကာ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ ႏွင့္ပတ္သက္၍ နတ္ေမာက္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ေမာင္းေဝယံအား ယာဥ္(ပ)၁၁/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၃၇/၃၃၈/၂၀၂ ျဖင္ ့အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္​ပံု - လိႈင္​ဘြား(ၿမိဳ႕သစ္​)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ယင်းချောင်း (နတ်မောက်ချောင်းသာ)မှ ရေကစားပြီးပြန်လာသည့် မော်တော်ယာဉ်တစ်စီး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ ညနေ (၃)နာရီခွဲက တိမ်းမှောက်သဖြင့် ယာဉ်ပေါ် လိုက်ပါလာသူ (၂၅)ဦးအနက် (၁၈)ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း နတ်မောက် ရဲစခန်းမှ သိရသည်။

နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာအနီး ကားလမ်းအကွေ့တွင် တိမ်းမှောက်သွားရာ ယာဉ်မောင်း ဝေယံမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမြန်းဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် နတ်မောက် ရဲစခန်းမှ လိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား နတ်မောက်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ထားကာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ နတ်မောက်မြို့မရဲစခန်းတွင် ယာဉ်မောင်းဝေယံအား ယာဉ်(ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၇/၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်​ပုံ - လှိုင်​ဘွား(မြို့သစ်​)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net