တာလေမြို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်း ဧပြီလ(၂၄)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်၍ တရားစခန်းဝင်လိုသူများ သတ်မှတ်ကာလအတွင်း ၀င်ရောက်နိုင်

တာလေမြို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်း ဧပြီလ(၂၄)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်၍ တရားစခန်းဝင်လိုသူများ သတ်မှတ်ကာလအတွင်း ၀င်ရောက်နိုင်
ဧပွီ 23, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား ၂၀၁၉ခုနှစ် ဧပြီလ(၂၄)ရက်နေ့ကစ၍ ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းဝင်လိုသူများအနေဖြင့် ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း သိရသည်။

"မိုင်းလင်းဆရာတော်က သင်္ကြန်ပြီးတိုင်း နှစ်စဉ်   စွမ်ဟိန်းဂူမှာ တရားစခန်းဖွင့်တာ၊ ဒီနှစ်တော့ ရပ်နီးရပ်ဝေးက သူတွေအနေနဲ့ သွားလာရ အဆင်ပြေလွယ်ကူစေဖို့ မိုင်းလင်းကျောင်းမှာပဲ ဆရာတော်က တရားစခန်းဖွင့်တာ၊ အခုဆိုရင် ကျောင်းတိုက်အတွင်းထဲမှာ တစ်ပါးကျောင်းဆောင်တွေလည်း တော်တော်နီးနီးပါး ဆောက်လုပ်ပြီးစီးနေပြီ၊ တရားစခန်းဝင်ချင်သူတွေအနေနဲ့ကတော့ တရားစခန်းဖွင့်တဲ့ ကာလအတွင်း လာရောက်နိုင်ပါတယ်"ဟု တာချီလိတ်မြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းလင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလမှ နှစ်စဉ် ဦးစီးကျင်းပလေ့ရှိသည့် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား တာလေမြို့၊ မိုင်းလင်း ဂေါတမမြတ်စွာဘုရားကြီးဓါတ်စွမ်စိုင့်ဟိုနမ့်ဝိပဿနာကမ္ပဋ္ဌာန်းကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှ မတ်လ(၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။

တရားပွဲကာလအတွင်း သံဃာများအတွက် ဆွမ်းခဲဖွယ် နှင့် ယောဂီများအတွက် စားသောက်ရန် တစ်ပါး/တစ်ဦးလျှင် တစ်နေ့တာအတွက် ဘတ်(၆၀)နှုန်းသတ်မှတ်ထားပြီး တရားစခန်းဝင်ရောက်သည့် သံဃာနှင့်ယောဂီများအတွက် ဘတ်(၁၀,၀၀၀)ခန့်မှန်းထားသည့်အတွက် ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ကျောင်းတိုက်သို့ လာရောက်၍ ဖြစ်စေ သာသနာရိပ်အေးချမ်းငြိမ်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးစိုင်းရီတစ် ဖုန်း -09263340811 နှင့် ဦးစိုင်းစံအောင် ဖုန်း - 09264768899 တို့ထံ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

မိုင်းလင်းဆရာတော်မှ ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား နှစ်စဉ် သင်္ကြန်အပြီးတွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မိုင်းဟမ်ကျေးရွာရှိ ဓမ္မဂမ္ဘီရသာသနာ့ လှိုဏ်ဂူတော်ကြီး (စွမ်းဟိန်းဂူ)တွင် ကျင်းပလေ့ရှိရာမှာ ယခုနှစ်တွင် တာလေမြို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား ၂၀၁၉ခုနှစ် ဧပြီလ(၂၄)ရက်နေ့ကစ၍ ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းဝင်လိုသူများအနဖြေင့် ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း သိရသည်။

"မိုင်းလင်းဆရာတော်က သင်္ကြန်ပြီးတိုင်း နှစ်စဉ် စွမ်ဟိန်းဂူမှာ တရားစခန်းဖွင့်တာ၊ ဒီနှစ်တော့ ရပ်နီးရပေ်ဝးက သူတွေအနေနဲ့ သွားလာရ အဆင်ပြေလွယ်ကူစေဖို့ မိုင်းလင်းကျောင်းမှာပဲ ဆရာတော်က တရားစခန်းဖွင့်တာ၊ အခုဆိုရင် ကျောင်းတိုက်အတွင်းထဲမှာ တစ်ပါးကျောင်းဆောင်တွေလည်း တော်တော်နီးနီးပါး ဆောက်လုပ်ပြီးစီးနပြေီ၊ တရားစခန်းဝင်ချင်သူတွေအနေနဲ့ကတော့ တရားစခန်းဖွင့်တဲ့ ကာလအတွင်း လာရောက်နိုင်ပါတယ်"ဟု တာချီလိတ်မြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းလင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလမှ နှစ်စဉ် ဦးစီးကျင်းပလေ့ရှိသည့် ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား တာလမြေို့၊ မိုင်းလင်း ဂေါတမမြတ်စွာဘုရားကြီးဓာတ်စွမ်စိုင့်ဟိုနမ့်ဝိပဿနာကမ္ပဋ္ဌာန်းကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှ မတ်လ(၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။

တရားပွဲကာလအတွင်း သံဃာများအတွက် ဆွမ်းခဲဖွယ် နှင့် ယောဂီများအတွက် စားသောက်ရန် တစ်ပါး/တစ်ဦးလျှင် တစ်နေ့တာအတွက် ဘတ်(၆၀)နှုန်းသတ်မှတ်ထားပြီး တရားစခန်းဝင်ရောက်သည့် သံဃာနှင့်ယောဂီများအတွက် ဘတ်(၁၀,ဝဝဝ)ခန့်မှန်းထားသည့်အတွက် ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနဖြေင့် ကျောင်းတိုက်သို့ လာရောက်၍ ဖြစ်စေ သာသနာရိပ်အေးချမ်းငြိမ်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးစိုင်းရီတစ် ဖုန်း -09263340811 နှင့် ဦးစိုင်းစံအောင် ဖုန်း - 09264768899 တို့ထံ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

မိုင်းလင်းဆရာတော်မှ ဓမ္မပူဇနိယ(၁၁)ရက် တရားစခန်းအား နှစ်စဉ် သင်္ကြန်အပြီးတွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မိုင်းဟမ်ကျေးရွာရှိ ဓမ္မဂမ္ဘီရသာသနာ့ လှိုဏ်ဂူတော်ကြီး (စွမ်းဟိန်းဂူ)တွင် ကျင်းပလေ့ရှိရာမှာ ယခုနှစ်တွင် တာလမြေို့ရှိ မိုင်းလင်းဆရာတော်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net