မန်းစက်တော်ရာဘုရားပွဲတော် ပိတ်ပွဲ နှင့် အောက်စက်တော်ရာအား အလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်
မန်းစက်တော်ရာဘုရားပွဲတော် ပိတ်ပွဲ နှင့် အောက်စက်တော်ရာအား အလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်
ဧပြီ 17, 2019
By Tachileik News Agency
ယခင်က မိုးရာသီကာလများတွင် မန်းချောင်းကိုဖြတ်၍ ရွှေစက်တော်ဘုရားဖူးရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါတွင် တံတားတည်ဆောက်ထားပြီးဖြစ်သဖြင့် ဘုရားဖူးများ အချိန်မရွေးဖူးမြော်နိုင်နေပြီဖြစ်ရာ
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းစက်တော်ရာဘုရားပွဲတော်ပိတ်ပွဲနှင့် အောက်စက်တော်ရာအား အလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ခြင်းကို မြန်မာနှစ်ဆန်း (၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
“အောက်စက်တော်ရာကို ဖန်အုပ်ဆောင်းနဲ့ ဖုံးပိတ်ရတာက မိုးရာသီမှာချောင်းရေကျလာရင် အောက်စက် တော်ရာဟာ ရေနစ်မြုပ်ခံရတယ်။ ဒါ့ကြောင့် ဟိုအရင်တုန်းက သံအုပ်ဆောင်းနဲ့ ဖုံးအုပ်ခဲ့ပေမဲ့ ဒီဘက် နှစ်တွေမှာတော့ ဘုရားပွဲတော်ကာလပြင်ပ အချိန်တွေမှာလည်း ဘုရားဖူးပြည်သူတွေ ဖူးမြော်နိုင်အောင် ဖန်အုပ်ဆောင်းနဲ့ ပြောင်းလဲဖုံးအုပ်လာခဲ့တာပါ”ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မန်းစက်တော်ရာဘုရားပွဲတော် ကျင်းပသည့်ကာလတွင် ဖွင့်ပေးထားသည့် အောက်စက်တော်ရာ ပါဒစေတီတော်အား ဆရာတော်ကြီးများက အနေကဇာတင်၍ ဖန်အုပ်ဆောင်းဖြင့် ပြန်လည် ဖုံးအုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က မိုးရာသီကာလများတွင် မန်းချောင်းကိုဖြတ်၍ ရွှေစက်တော်ဘုရားဖူးရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါတွင် တံတားတည်ဆောက်ထားပြီးဖြစ်သဖြင့် ဘုရားဖူးများ အချိန်မရွေးဖူးမြော်နိုင်နပြေီဖြစ်ရာအထက်စက်တော်ရာသို့ တက်ရန် ဓာတ်လှေကားနှင့် စက်လှေကားများ တပ်ဆင်ခြင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net