ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးေလာင္ကၽြမ္းမႈ လ်င္ျမန္စြာပ်ံ႕ႏွံ႕ေန၍ လူအင္အား (၁၀၀၀)ခန္႔အျပင္ ရဟတ္ယာဥ္မ်ားျဖင့္ပါ ကူညီၿငိႇမ္းသတ္ေနရထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးေလာင္ကၽြမ္းမႈ လ်င္ျမန္စြာပ်ံ႕ႏွံ႕ေန၍ လူအင္အား (၁၀၀၀)ခန္႔အျပင္ ရဟတ္ယာဥ္မ်ားျဖင့္ပါ ကူညီၿငိႇမ္းသတ္ေနရ

ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးေလာင္ကၽြမ္းမႈ လ်င္ျမန္စြာပ်ံ႕ႏွံ႕ေန၍ လူအင္အား (၁၀၀၀)ခန္႔အျပင္ ရဟတ္ယာဥ္မ်ားျဖင့္ပါ ကူညီၿငိႇမ္းသတ္ေနရထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးေလာင္ကၽြမ္းမႈ လ်င္ျမန္စြာပ်ံ႕ႏွံ႕ေန၍ လူအင္အား (၁၀၀၀)ခန္႔အျပင္ ရဟတ္ယာဥ္မ်ားျဖင့္ပါ ကူညီၿငိႇမ္းသတ္ေနရ
ဧပြီ 17, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္ မယ္က်န္႔တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ ညပိုင္းက စတင္ေလာင္ကၽြမ္းသည့္ ေတာမီးကို လူအင္အားစုစုေပါင္း (၁,၀၀၀) ခန္႔အသံုးျပဳကာ မီးသတ္ကိရိယာမ်ား၊ ရဟတ္ယာဥ္ အကူအညီတို႔ျဖင့္ ၿငိႇမ္းသတ္ခဲ့ရေသာ္လည္း စုစုေပါင္း (၃၉၅)ဧကေက်ာ္ ေလာင္ကၽြမ္းသြားေၾကာင္း သိရသည္။

မယ္က်န္႔ရိွ လူေနအိမ္ေျခမ်ားႏွင့္နီးကပ္ေနသည့္ ေတာင္ေပၚတြင္ ေတာမီးေလာင္ကၽြမ္းျခင္းအား ေဒသခံမ်ားက ေတြ႔ရိွသတင္းပို႔ႏိုင္ခဲ့ၿပီးေနာက္ လ်င္ျမန္စြာပ်ံ႕ႏွံ႕ေလာင္ကၽြမ္းလာသည့္ ေတာမီးအား သက္ဆိုင္ရာဌာနမ်ား၊ စစ္တပ္ႏွင့္ ေဒသခံမ်ား စုေပါင္းပါဝင္သည့္အင္အား (၁,၀၀၀)ခန္႔ျဖင့္ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာမီးေလာင္ရာေနရာႏွင့္ တစ္ကီလိုမီတာခန္႔အကြာတြင္ လူေနရပ္ကြက္ (၅) ခုမွာ နီးကပ္စြာရိွေနသျဖင့္ ညပိုင္းအခ်ိန္မ်ားတြင္လည္း လူအင္အားျဖင့္ အနီးကပ္ေစာင့္ၾကည့္ျခင္းကို လုပ္ေဆာင္ခဲ့ရၿပီး စစ္တပ္ႏွင့္ သစ္ေတာထိန္းသိမ္းေရးဝန္ထမ္းမ်ားပါဝင္သည့္အဖြဲ႕တုိ႔က မီးသတ္ကိရိယာမ်ားျဖင့္ ၿငိႇမ္းသတ္မႈအျပင္ မီးသတ္ရခက္ခဲသည့္ေနရာမ်ားတြင္ ရဟတ္ယာဥ္ျဖင့္ ေရဖ်န္းၿငိႇမ္းသတ္ျခင္းကို (၆)ႀကိမ္အထိ လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

ထုိင္းနိုင္ငံအတြင္း ဧၿပီလ (၁၆)ရက္ေန႔က ေတာမီးေလာင္သည့္ေနရာေပါင္း (၇၃၅)ေနရာရိွသည့္အနက္ ခ်င္းရိုင္းေဒသတြင္ ေနရာေပါင္း (၂၄၄)ေနရာေလာင္ကၽြမ္းေနေၾကာင္း ၿဂိဳလ္တုဓါတ္ပံုမ်ားတြင္ ေတြ႔ရိွရသျဖင့္
မီးခိုးေၾကာင့္ ေလထုညစ္ညမ္းမႈကို ကာလၾကာရွည္ခံစားေနရသည့္ ခ်င္းရိုင္းေဒသတြင္ လက္ရိွေလာင္ကၽြမ္းေနသည့္ ေတာမီးမ်ားေၾကာင့္ မီးခိုးျမဴေလ်ာ့ပါးရန္ ခက္ခဲေနဆဲျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံေျမာက္ပိုင္းေဒသတြင္ ကာလၾကာရွည္မီးခိုးျမဴထူထပ္မႈေၾကာင့္ က်န္းမာေရးထိခို္က္မႈမ်ားအျပင္ ေဒသတြင္း ခရီးသြားလုပ္ငန္းကိုပါ ထိခိုက္ေနသျဖင့္ ေတာမီးမ်ားရွာေဖြၿငိႇမ္းသတ္ျခင္းလုပ္ေဆာင္ရန္ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ႏုိင္ငံေျမာက္ပိုင္းမွ တာဝန္ရိွသူမ်ားနွင့္ လာေရာက္ေတြ႔ဆံုခဲ့သည့္ ထုိင္းဝန္ႀကီးခ်ဳပ္က ညႊန္ၾကားထားျခင္းျဖစ္သည္။

မယ္က်န္႔ေဒသတြင္ ေတာမီးအေရးေပၚၿငိႇမ္းသတ္ေနၾကသည့္ စစ္တပ္၊ သက္ဆုိင္ရာတာဝန္ရိွသူမ်ားႏွင့္ အရပ္သားမ်ားပါဝင္သည့္ မီးသတ္အဖြဲ႕အတြက္ အစားအေသာက္မ်ားကို စစ္တပ္၏ေရြ႕လ်ားမီးဖိုျဖင့္ စီစဥ္ေပးေနသည့္အျပင္ ရဟတ္ယာဥ္မ်ားျဖင့္ပါ လိုအပ္သည့္ေထာက္ပံ့ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ျခင္းကို လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် မယ်ကျန့်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ ညပိုင်းက စတင်လောင်ကျွမ်းသည့် တောမီးကို လူအင်အားစုစုပေါင်း (၁,ဝဝဝ) ခန့်အသုံးပြုကာ မီးသတ်ကိရိယာများ၊ ရဟတ်ယာဉ် အကူအညီတို့ဖြင့် ငြှိမ်းသတ်ခဲ့ရသော်လည်း စုစုပေါင်း (၃၉၅)ဧကကျော် လောင်ကျွမ်းသွားကြောင်း သိရသည်။

မယ်ကျန့်ရှိ လူနေအိမ်ခြေများနှင့်နီးကပ်နေသည့် တောင်ပေါ်တွင် တောမီးလောင်ကျွမ်းခြင်းအား ဒေသခံများက တွေ့ရှိသတင်းပို့နိုင်ခဲ့ပြီးနောက် လျင်မြန်စွာပျံ့နှံ့လောင်ကျွမ်းလာသည့် တောမီးအား သက်ဆိုင်ရာဌာနများ၊ စစ်တပ်နှင့် ဒေသခံများ စုပေါင်းပါဝင်သည့်အင်အား (၁,ဝဝဝ)ခန့်ဖြင့် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တောမီးလောင်ရာနေရာနှင့် တစ်ကီလိုမီတာခန့်အကွာတွင် လူနေရပ်ကွက် (၅) ခုမှာ နီးကပ်စွာရှိနေသဖြင့် ညပိုင်းအချိန်များတွင်လည်း လူအင်အားဖြင့် အနီးကပ်စောင့်ကြည့်ခြင်းကို လုပ်ဆောင်ခဲ့ရပြီး စစ်တပ်နှင့် သစ်တောထိန်းသိမ်းရေးဝန်ထမ်းများပါဝင်သည့်အဖွဲ့တို့က မီးသတ်ကိရိယာများဖြင့် ငြှိမ်းသတ်မှုအပြင် မီးသတ်ရခက်ခဲသည့်နေရာများတွင် ရဟတ်ယာဉ်ဖြင့် ရေဖျန်းငြှိမ်းသတ်ခြင်းကို (၆)ကြိမ်အထိ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဧပြီလ (၁၆)ရက်နေ့က တောမီးလောင်သည့်နေရာပေါင်း (၇၃၅)နေရာရှိသည့်အနက် ချင်းရိုင်းဒေသတွင် နေရာပေါင်း (၂၄၄)နေရာလောင်ကျွမ်းနေကြောင်း ဂြိုလ်တုဓာတ်ပုံများတွင် တွေ့ရှိရသဖြင့်

မီးခိုးကြောင့် လေထုညစ်ညမ်းမှုကို ကာလကြာရှည်ခံစားနေရသည့် ချင်းရိုင်းဒေသတွင် လက်ရှိလောင်ကျွမ်းနေသည့် တောမီးများကြောင့် မီးခိုးမြူလျော့ပါးရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံမြောက်ပိုင်းဒေသတွင် ကာလကြာရှည်မီးခိုးမြူထူထပ်မှုကြောင့် ကျန်းမာရေးထိခို်က်မှုများအပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်နေသဖြင့် တောမီးများရှာဖွငြှေိမ်းသတ်ခြင်းလုပ်ဆောင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နိုင်ငံမြောက်ပိုင်းမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့သည့် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။

မယ်ကျန့်ဒေသတွင် တောမီးအရေးပေါ်ငြှိမ်းသတ်နကြေသည့် စစ်တပ်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်သားများပါဝင်သည့် မီးသတ်အဖွဲ့အတွက် အစားအသောက်များကို စစ်တပ်၏ရွေ့လျားမီးဖိုဖြင့် စီစဉ်ပေးနေသည့်အပြင် ရဟတ်ယာဉ်များဖြင့်ပါ လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို လုပ်ဆောင်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net