မိုင္းဆတ္၌ သက္ႀကီးဘိုးဘြားပူေဇာ္ကန္ေတာ့ပဲြႏွင့္ ဇီ၀ိတဒါနငါးလႊတ္ပဲြက်င္းပ

မိုင္းဆတ္၌ သက္ႀကီးဘိုးဘြားပူေဇာ္ကန္ေတာ့ပဲြႏွင့္ ဇီ၀ိတဒါနငါးလႊတ္ပဲြက်င္းပ
ဧပြီ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕တြင္  ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ အျဖစ္ ငါးအေကာင္ေရ(၃၅၀၀)၀န္းက်င္ကို  ဇီ၀ိတဒါနအျဖစ္ လႊတ္ေပးခဲ့ၾကၿပီး (၁၃)ႀကိမ္ေျမာက္ သက္ႀကီးဘိုးဘြားပူေဇာ္ကန္ေတာ့ပဲြတြင္ အသက္(၈၀)ႏွစ္အထက္ (၁၁၃)ဦးကို ပူေဇာ္ကန္ေတာ့ခဲ့ၾကေၾကာင္း သိရသည္။

(၁၃)ႀကိမ္ေျမာက္ သက္ႀကီးဘိုးဘြားမ်ားပူေဇာ္ကန္ေတာ့အား ရန္ႀကီးေအာင္ခန္းမတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၇)ရက္ေန႔ နံနက္(၈)နာရီက က်င္းပျပဳလုပ္ရာ အသက္(၈၀)ႏွစ္အထက္ ဘိုးဘြား (၁၁၃)ဦး လာေရာက္ပူေဇာ္ခံရာ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီးမ်ဳိးမင္းထြန္းႏွင့္ဇနီး၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးၿငိမ္းေထြးႏွင့္တာ၀န္ရိွသူမ်ားႏွင့္ အလွဴရွင္မ်ားက ေပးအပ္လွဴဒါန္းခဲ့ၾကေၾကာင္း သိရသည္။

ဘိုးဘြားမ်ားအား ကန္ေတာ့ရာတြင္ တစ္ဦးလွ်င္ ေခါက္ဆဲြတစ္ဖာ၊ ၾကက္ဥ(၁၀)လုံး၊ ပုဆိုး၊လုံခ်ည္၊ ေဆးစိမ္ျခင္ေထာင္တစ္လုံး၊ ေဆး၀ါးမ်ားႏွင့္ ေငြက်ပ္-၁၆,၀၀၀ိ/-အပါအ၀င္ စုစုေပါင္းတန္ဘိုးေငြက်ပ္-၃၆,၈၀၀ိ/-ႏႈန္းျဖင့္ ေပးအပ္လွူဒါန္းကာ ကန္္ေတာ့ခဲ့ၾကေၾကာင္း သိရသည္။

ကန္ေတာ့ခံ ဘိုးဘြားမ်ားအား   ၿမိဳ႕နယ္က်န္းမာေရးဌာနႏွင့္တပ္မေတာ္ေဆးတပ္ဖြဲ႔၀င္မ်ားက က်န္းမာေရးေစာင့္ေရွာက္မႈေပးၿပီး အာဟာရတိုက္ေကၽြးေၾကာင္း သိရသည္။

ယင္းေနာက္ မိုင္းဆတ္ၿမိဳ႕ ဆိုက္ေခါင္ေခ်ာင္းတြင္ ဇီ၀ိတဒါနငါးလႊတ္ပြဲအား နံနက္(၉)နာရီက က်င္းပျပဳလုပ္ရာ တီလားဗီးယားငါးေကာင္ေရ(၃၅၀၀)ခန္႔ကို လႊတ္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် ငါးအကောင်ရေ(၃၅၀၀)ဝန်းကျင်ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြပြီး (၁၃)ကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲတွင် အသက်(၈၀)နှစ်အထက် (၁၁၃)ဦးကို ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

(၁၃)ကြိမ်မြောက် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့အား ရန်ကြီးအောင်ခန်းမတွင် ၂၀၁၉ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ အသက်(၈၀)နှစ်အထက် ဘိုးဘွား (၁၁၃)ဦး လာရောက်ပူဇော်ခံရာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမျိုးမင်းထွန်းနှင့်ဇနီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်တာဝန်ရှိသူများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘိုးဘွားများအား ကန်တော့ရာတွင် တစ်ဦးလျှင် ခေါက်ဆွဲတစ်ဖာ၊ ကြက်ဥ(၁၀)လုံး၊ ပုဆိုး၊လုံချည်၊ ဆေးစိမ်ခြင်ထောင်တစ်လုံး၊ ဆေးဝါးများနှင့် ငွေကျပ်-၁၆,ဝဝဝိ/-အပါအဝင် စုစုပေါင်းတန်ဘိုးငွေကျပ်-၃၆,၈၀၀ိ/-နှုန်းဖြင့် ပေးအပ်လှူဒါန်းကာ ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကန်တော့ခံ ဘိုးဘွားများအား မြို့နယ်ကျန်းမာရေးဌာနနှင့်တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အာဟာရတိုက်ကျွေးကြောင်း သိရသည်။

ယင်းနောက် မိုင်းဆတ်မြို့ ဆိုက်ခေါင်ချောင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲအား နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ တီလားဗီးယားငါးကောင်ရေ(၃၅၀၀)ခန့်ကို လွှတ်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net