
ဧပွီ 17, 2019
By 🌸



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


နိုင်ငံခြားသားအကျဉ်းသား (၁၆)ဦးအပါအဝင် အကျဉ်းသား (၉၅၅၁)ဦး နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိ
***********

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉၅၅၁)ဦးကို ခံစားခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်းတွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများအနက်မှ စိစစ်၍ ခံစားခွင့်ပြုလေ့ရှိရာ ၂၀၁၉ ခုနှစ်အတွက် နှစ်သစ် ကူးလွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသား (၉၅၅၁)ဦး ခံစားခွင့်ရသွားခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ လူမှုကွန်ယက်စာမျက်နှာတွင် ဧပြီလ (၁၇)ရက်နေ့က ဖေါ်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ်က မြန်မာနှစ်ဆန်း (၁)ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသား (၈၅၄၁)ဦး ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net