တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ျပည္သူ႔နတ္နန္းက ၿမိဳ႕မသုႆာန္သစ္ ဇရပ္တန္ေဆာင္းအတြက္ က်ပ္သိန္း(၁၀၀၀)ႏွင့္ ကားတစ္စီးလွဴဒါန္း

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ျပည္သူ႔နတ္နန္းက ၿမိဳ႕မသုႆာန္သစ္ ဇရပ္တန္ေဆာင္းအတြက္ က်ပ္သိန္း(၁၀၀၀)ႏွင့္ ကားတစ္စီးလွဴဒါန္း
ဧပြီ 17, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မသုႆာန္သစ္တြင္ အသံုးျပဳမည့္ ဇရပ္တန္ေဆာင္းႀကီး တည္ေဆာက္ေရးအတြက္  တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိေက်ာင္းတိုက္၏ ဦးစီးနာယက ဆရာေတာ္ အဂၢမဟာေဇာတိကဓဇ ဘဒၵ ႏၱပညာသာမိ၏ သက္ေတာ္ (၈၂) ႏွစ္ျပည့္၀ိဇာတေမြးေန႔ အထိမ္းအမွတ္အျဖစ္  ေငြက်ပ္သိန္း (၁၀၀၀)ႏွင့္ အေထြေထြလုပ္ငန္းမ်ားတြက္ အသံုးျပဳရန္  ကားသစ္တစ္စီးကို  ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇) ရက္ေန႔ နံနက္က လွဴဒါန္းေၾကာင္း သိရသည္။

"ေမြးေန႔ရွင္ဆရာေတာ္ဘုရားႀကီးကို ျပည္သူ႔နတ္နန္းပင္မက က်ပ္သိန္း (၅၀)၊ ၿမိဳ႕မသုသာန္ကိုလွဴတာက သိန္း (၁,၀၀၀)နဲ႔ ကားတစ္စီးပါ။ ဆရာေတာ္ဘုရားႀကီးကိုယ္စားကြ်န္ေတာ္တို႔က လွဴဒါန္းေပးတာေပါ့။ သုသာန္ဇရပ္ေဆာက္လုပ္ဖို႔ လွဴတာပါ"ဟု ျပည္သူ႔နတ္နန္း(အဘကိုးၿမိဳ႕ရွင္ပင္မဗိမာန္ေတာ္ႀကီး) နန္းအမႈေဆာင္အဖြဲ႕ ဦးေဇာ္ျမင့္(ၿဖိဳး မီနီမတ္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

က်ပ္သိန္း(၁၀၀၀)ႏွင့္ကားတစ္စီးအား မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီးကိုယ္စား ဦးတင္လႈိင္(အေဆြေတာ္) ႏွင့္ ဦးေဇာ္ျမင့္ ( ၿဖဳိး မီနီမတ္)တို႔က ေပးအပ္လွဴဒါန္းရာ တာခ်ီလိတ္ၿမိဳ႕မသုႆာန္သစ္တည္ေဆာက္ေရးေကာ္မတီ နာယကျဖစ္သူ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဒုဥကၠဌ ဦးေက်ာ္လွႏွင့္အဖြဲ႔က လက္ခံခဲ့ၾကသည္။

ယခု လွဴဳဒါန္းသည့္ အလွဴေငြမ်ားမွာ  ျပည္သူ႔နတ္နန္း(အဘကိုးၿမိဳ႕ရွင္ပင္မဗိမာန္ေတာ္ႀကီး)သို႔ အမ်ားျပည္သူမ်ားမွ ပါ၀င္လွဴဒါန္းလာၾကသည့္ ထီးေၾကး၊ နန္းေၾကးအလွူေငြမ်ားထဲက တာခ်ီလိတ္ၿမို႕မသုႆာန္သစ္ မီးၿဂဳႋဟ္စက္တြင္ အသံုးျပဳမည့္ ဇရပ္တန္ေဆာင္းေဆာက္လုပ္ရန္အတြက္ ႏွင့္ ေမာ္ေတာ္ယာဥ္အား အေထြေထြလုပ္ငန္းမ်ားတြင္ အသံုးျပဳႏိုင္ရန္အတြက္ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

 ျပည္သူ႔နတ္နန္း(အဘကိုးၿမိဳ႕ရွင္ပင္မဗိမာန္ေတာ္ႀကီး)တြင္ အမ်ားျပည္သူမ်ားမွ လွဴဒါန္းလာသည့္ ထီးေၾကး၊ နန္းေၾကးအလွူေငြမ်ားအား နတ္နန္းျပဳျပင္ထိန္းသိမ္းေရးအတြက္ အပါအ၀င္ ယခုလို ေဒသတြင္း အက်ဳိးျပဳလုပ္ငန္းမ်ားအတြက္လည္း ပါ၀င္လွူဒါန္းေပးေလ့ရွိေၾကာင္း သိရသည္။

အဆိုပါ လွဴဒါန္းပဲြ အခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ ဌာနဆိုင္ရာမွ တာဝန္ရိွသူမ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း ၊ ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့မသုဿာန်သစ်တွင် အသုံးပြုမည့် ဇရပ်တန်ဆောင်းကြီး တည်ဆောက်ရေးအတွက် တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်၏ ဦးစီးနာယက ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒ န္တပညာသာမိ၏ သက်တော် (၈၂) နှစ်ပြည့်ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် ငွေကျပ်သိန်း (၁၀၀၀)နှင့် အထွေထွေလုပ်ငန်းများတွက် အသုံးပြုရန် ကားသစ်တစ်စီးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ နံနက်က လှူဒါန်းကြောင်း သိရသည်။

"မွေးနေ့ရှင်ဆရာတော်ဘုရားကြီးကို ပြည်သူ့နတ်နန်းပင်မက ကျပ်သိန်း (၅၀)၊ မြို့မသုသာန်ကိုလှူတာက သိန်း (၁၀၀၀)နဲ့ ကားတစ်စီးပါ။ ဆရာတော်ဘုရားကြီးကိုယ်စားကျွန်တော်တို့က လှူဒါန်းပေးတာပေါ့။ သုသာန်ဇရပ်ဆောက်လုပ်ဖို့ လှူတာပါ"ဟု ပြည်သူ့နတ်နန်း(အဘကိုးမြို့ရှင်ပင်မဗိမာန်တော်ကြီး) နန်းအမှုဆောင်အဖွဲ့ ဦးဇော်မြင့်(ဖြိုး မီနီမတ်)က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျပ်သိန်း(၁၀၀၀)နှင့်ကားတစ်စီးအား မဟာမြတ်မုနိဆရာတော်ဘုရားကြီးကိုယ်စား ဦးတင်လှိုင်(အဆွေတော်) နှင့် ဦးဇော်မြင့် ( ဖြိုး မီနီမတ်)တို့က ပေးအပ်လှူဒါန်းရာ တာချီလိတ်မြို့မသုဿာန်သစ်တည်ဆောက်ရေးကော်မတီ နာယကဖြစ်သူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဒုဥက္ကဌ ဦးကျော်လှနှင့်အဖွဲ့က လက်ခံခဲ့ကြသည်။

ယခု လှုူဒါန်းသည့် အလှူငွေများမှာ ပြည်သူ့နတ်နန်း(အဘကိုးမြို့ရှင်ပင်မဗိမာန်တော်ကြီး)သို့ အများပြည်သူများမှ ပါဝင်လှူဒါန်းလာကြသည့် ထီးကြေး၊ နန်းကြေးအလှူငွေများထဲက တာချီလိတ်မြို့မသုဿာန်သစ် မီးင်္ဂြိုဟ်စက်တွင် အသုံးပြုမည့် ဇရပ်တန်ဆောင်းဆောက်လုပ်ရန်အတွက် နှင့် မော်တော်ယာဉ်အား အထွေထွေလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 ပြည်သူ့နတ်နန်း(အဘကိုးမြို့ရှင်ပင်မဗိမာန်တော်ကြီး)တွင် အများပြည်သူများမှ လှူဒါန်းလာသည့် ထီးကြေး၊ နန်းကြေးအလှူငွေများအား နတ်နန်းပြုပြင်ထိန်းသိမ်းရေးအတွက် အပါအဝင် ယခုလို ဒေသတွင်း အကျိုးပြုလုပ်ငန်းများအတွက်လည်း ပါဝင်လှူဒါန်းပေးလေ့ရှိကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း၊ ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net