က်ိဳင္းတံုၿမိဳ႕နယ္တြင္ မူးယစ္ေဆးသံုးစြဲေရာင္းခ်ေနသည့္ သားအဖႏွစ္ဦးကို ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕နယ္တြင္ မူးယစ္ေဆးသံုးစြဲေရာင္းခ်ေနသည့္ သားအဖႏွစ္ဦးကို ဖမ္းဆီးရမိ
ဧပြီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ကတ္ထိုက္ေက်းရြာအုပ္စု၊ နမ့္ပံုေက်းရြာေဟာင္းမွ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အသက္(၄၀)အရြယ္ ဖခင္ျဖစ္သူႏွင့္ အသက္ (၁၆)ႏွစ္အရြယ္ သားျဖစ္သူတို႔အား စိတ္ၾကြေဆးျပား (၉၀)ျပားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

အမွတ္(၂)မူးယစ္တပ္ဖဲြ႔ခဲြမွဴး(ေတာင္ႀကီး)၏ ညြွန္ၾကားမွဳ ျဖင့္ မူးယစ္တပ္ဖြဲ႕စု (၂၈) က်ိဳင္းတံု ဦးစီးသည့္ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀) ရက္ေန႔ ညေန (၃) နာရီခြဲတြင္ နမ့္ပံုေဟာင္းေက်းရြာရိွ ေလာ္ဘီး၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေလာ္တီး၏ အက်ႌအိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၈၀)ျပားႏွင့္ ေငြက်ပ္ (၃၀,၀၀၀)ကိုလည္းေကာင္း၊ ၎၏သားျဖစ္သူ ေလာ္တီး၏ ေဘာင္းဘီအိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၀)ျပားကို လည္းေကာင္း ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

ဖခင္ျဖစ္သူ ေလာ္ဘီးက လြန္ခဲ့သည့္ (၆)ႏွစ္ခန္႔ကတည္းက စိတ္ၾကြေဆးျပားသံုးစြဲေနရာ စိတ္ၾကြေဆးျပားမ်ား ျပန္လည္ေရာင္းခ်ျခင္းကိုလည္း လုပ္ေဆာင္ေနၿပီး သားျဖစ္သူ ေလာ္တီးမွာ လြန္ခဲ့သည့္ (၆)လခန္႔မွစ၍ ဖခင္ျဖစ္သူထံမွ စိတ္ၾကြေဆးျပားမ်ားရရိွၿပီး ေဆးစြဲေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

မူးယစ္ေဆး၀ါးမ်ား လက္၀ယ္ေတြရိွသူ ေလာ္ဘီးႏွင့္ ေလာ္တီးတို႔ သားအဖႏွစ္ဦးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၀/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ကတ်ထိုက်ကျေးရွာအုပ်စု၊ နမ့်ပုံကျေးရွာဟောင်းမှ မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ အသက်(၄၀)အရွယ် ဖခင်ဖြစ်သူနှင့် အသက် (၁၆)နှစ်အရွယ် သားဖြစ်သူတို့အား စိတ်ကြွဆေးပြား (၉၀)ပြားနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲမှူး(တောင်ကြီး)၏ ညွှန်ကြားမှု ဖြင့် မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံ ဦးစီးသည့်ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့ ညနေ (၃) နာရီခွဲတွင် နမ့်ပုံဟောင်းကျေးရွာရှိ လော်ဘီး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ လော်တီး၏ အင်္ကျီအိတ်အတွင်းမှ စိတ်ကြွဆေးပြား (၈၀)ပြားနှင့် ငွေကျပ် (၃၀,ဝဝဝ)ကိုလည်းကောင်း၊၎င်း၏သားဖြစ်သူ လော်တီး၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀)ပြားကို လည်းကောင်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဖခင်ဖြစ်သူ လော်ဘီးက လွန်ခဲ့သည့် (၆)နှစ်ခန့်ကတည်းက စိတ်ကြွဆေးပြားသုံးစွဲနေရာ စိတ်ကြွဆေးပြားများ ပြန်လည်ရောင်းချခြင်းကိုလည်း လုပ်ဆောင်နပြေီး သားဖြစ်သူ လော်တီးမှာ လွန်ခဲ့သည့် (၆)လခန့်မှစ၍ ဖခင်ဖြစ်သူထံမှ စိတ်ကြွဆေးပြားများရရှိပြီး ဆေးစွဲနခြေင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေရှိသူ လော်ဘီးနှင့် လော်တီးတို့ သားအဖနှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၀၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net