သီပေါမြို့မှ နန်းဆိုင်လူ၏ အ၀တ်အစားဟောင်းလှူဒါန်းမည့် အစီအစဉ်သို့ တာချီလိတ်မှ စေတနာရှင်များက ပါဝင်ကာ အ၀တ်အထည်များ သီပေါသို့ ပေးပို့လှူဒါန်း

သီပေါမြို့မှ နန်းဆိုင်လူ၏ အ၀တ်အစားဟောင်းလှူဒါန်းမည့် အစီအစဉ်သို့ တာချီလိတ်မှ စေတနာရှင်များက ပါဝင်ကာ အ၀တ်အထည်များ သီပေါသို့ ပေးပို့လှူဒါန်း
ဧပွီ 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှ နန်းဆိုင်လူ၏ အများပြည်သူထံမှ အဝတ်အစားဟောင်းများအား လိုအပ်နေသူများထံ လှူဒါန်းမည့် အစီအစဉ်သို့ ပါဝင်သည့်အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်ရှိ PST ရေဆေးခုံက  တာချီလိတ်မြို့မှ ပေးပို့လှူဒါန်းလိုသည့် အ၀တ်အထည်များကို လက်ခံပေးပြီး တာချီလိတ်မှ တဆင့် သီပေါမြို့သို့ ၂၀၁၉ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။



သီပေါမြို့မှ အသက် (၁၅)နှစ်အရွယ် နန်းဆိုင်လူက အများပြည်သူထံမှ အသုံးမလိုတော့သည့် အဝတ်အစားဟောင်းများ လှူဒါန်းမှုကို လက်ခံယူကာ ပြန်လည်သန့်စင်ပြုပြင်ပြီး လိုအပ်နေသူများအား လှူဒါန်းမည့်အစီအစဉ်ကို လုပ်ဆောင်နေရာ လှူဒါန်းလိုသူများအနေဖြင့် နန်းဆိုင်လူ၊ သီပေါပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်သို့ လိပ်မူ၍ သီပေါသို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများဖြင့် ပေးပို့လှူဒါန်းနိုင်ပြီး ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့် မယုဇန ဖုန်း ၀၉ ၇၉၃၀၃၃၁၆၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဝတ်အစားဟောင်းများအား လှူဒါန်းလိုသူများအနေဖြင့် တန်ဆာခပေးရန်အခက်အခဲရှိပါက နန်းဆိုင်လူက ၎င်း၏စက်ချုပ်သည့်လုပ်အားခကို တန်ဆာခပေးရန်အသုံးပြုမည်ဖြစ်ပြီး လက်ခံရရှိသည့် အဝတ်အစားဟောင်းများအား ပြန်လည်ပြင်ဆင်ချုပ်လုပ်ရန်၊ လျှော်ဖွပ်မီးပူတိုက်ရန်အတွက် နန်းဆိုင်လူက လုပ်အားဒါနအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။



လက်ရှိတွင် စက်ချုပ်ပညာသင်ယူတတ်မြောက်လာသည့် နန်းဆိုင်လူက အဝတ်အစားဟောင်းများအား ပြန်လည်ပြုပြင်ပြီး လိုအပ်သူများထံ လှူဒါန်းမည့်အစီအစဉ်ကို စတင်နေရာ အဆိုပါအစီအစဉ်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှ နန်းဆိုင်လူ၏ အများပြည်သူထံမှ အဝတ်အစားဟောင်းများအား လိုအပ်နေသူများထံ လှူဒါန်းမည့် အစီအစဉ်သို့ ပါဝင်သည့်အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ရှိ PST ရေဆေးခုံက တာချီလိတ်မြို့မှ ပေးပို့လှူဒါန်းလိုသည့် အဝတ်အထည်များကို လက်ခံပေးပြီး တာချီလိတ်မှ တဆင့် သီပေါမြို့သို့ ၂၀၁၉ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ စတင်ပို့ဆောင်ရာတွင် ရွှေတောင်ရိုးယာဉ်လိုင်းက လွိုင်လင်မြို့အထိ အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ပြီ ထိုမှတဆင့် အခြားယာဉ်လိုင်းပြောင်းကာ ဆက်လက်၍ ပို့ဆောင်ပေးသွားမည်ဖြစ်ရာ (၃)ရက်ခန့်ကြာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သို့ PST ရေဆေးခုံက လှူဒါန်းသည့် အဝတ်အထည်အသစ်များအပြင် အဝတ်အထည်များ လက်ခံပေးမှုကို ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းအထိ သတ်မှတ်ပေးထားရာ တာချီလိတ်က စေတနာရှင် (၁၀)ဦးဝန်းကျင်ကလည်း လာရောက်လှူဒါန်းပေးလာကြောင်း သိရသည်။

သီပေါမြို့မှ အသက် (၁၅)နှစ်အရွယ် နန်းဆိုင်လူက အများပြည်သူထံမှ အသုံးမလိုတော့သည့် အဝတ်အစားဟောင်းများ လှူဒါန်းမှုကို လက်ခံယူကာ ပြန်လည်သန့်စင်ပြုပြင်ပြီး လိုအပ်နေသူများအား လှူဒါန်းမည့်အစီအစဉ်ကို လုပ်ဆောင်နေရာ လှူဒါန်းလိုသူများအနဖြေင့် နန်းဆိုင်လူ၊ သီပေါပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်သို့ လိပ်မူ၍ သီပေါသို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများဖြင့် ပေးပို့လှူဒါန်းနိုင်ပြီး ဆက်သွယ်မေးမြန်းလိုသူများအနဖြေင့် မယုဇန ဖုန်း ဝ၉ ၇၉၃၀၃၃၁၆၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဝတ်အစားဟောင်းများအား လှူဒါန်းလိုသူများအနဖြေင့် တန်ဆာခပေးရန်အခက်အခဲရှိပါက နန်းဆိုင်လူက၎င်း၏စက်ချုပ်သည့်လုပ်အားခကို တန်ဆာခပေးရန်အသုံးပြုမည်ဖြစ်ပြီး လက်ခံရရှိသည့် အဝတ်အစားဟောင်းများအား ပြန်လည်ပြင်ဆင်ချုပ်လုပ်ရန်၊ လျှော်ဖွပ်မီးပူတိုက်ရန်အတွက် နန်းဆိုင်လူက လုပ်အားဒါနအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါ ပြန်လည်ပြင်ဆင်သန့်စင်ထားသည့် အဝတ်အစားများအား စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက်လူနာများမှ လိုအပ်သူများရှိပါက တစ်ဦးတစ်ယောက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပြန်လည်ပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းဆိုင်လူသည် အသက် (၁၁)အရွယ်မှစ၍ ဟော်မုန်းသက်ရောက်မှုကြောင့် ရင်သားအဆမတန်ကြီးမားသည့်ဝေဒနာကို ခံစားခဲ့ရပြီး အသက် (၁၃)နှစ်အရွယ်ထိ ကုသမှုခံယူနိုင်ခြင်းမရှိဘဲဖြစ်နေရာ ခွဲစိတ်ကုသမှုခံယူနိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စက်ချုပ်ပညာသင်ယူတတ်မြောက်လာသည့် နန်းဆိုင်လူက အဝတ်အစားဟောင်းများအား ပြန်လည်ပြုပြင်ပြီး လိုအပ်သူများထံ လှူဒါန်းမည့်အစီအစဉ်ကို စတင်နေရာ အဆိုပါအစီအစဉ်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net