မိုင္းဆတ္ၿမိဳ႕ သႀကၤန္အတက္ေန႔

မိုင္းဆတ္ၿမိဳ႕ သႀကၤန္အတက္ေန႔
ဧပြီ 16, 2019
By Tachileik News Agency

သႀကၤန္အတက္ေန႔ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၆)ရက္ေန႔တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕တြင္ ေရကစားသူမ်ား၊ ေရပက္ခံထြက္သူမ်ား၊ စတုဒိတာေကၽြးေမြးအလွဴဒါနျပဳၾကမ်ား၊ ဘုရားေက်ာင္းကန္မ်ားတြင္ တရားဘာ၀နာပြားမ်ားၾကသူမ်ားႏွင့္ ကုသုိလ္ျပဳၾကသူမ်ားျဖင့္ စည္ကားလ်က္ရိွေၾကာင္းသိရသည္။

မယ္ဆြမ္ေျမာက္ရပ္ကြက္ရိွ အတာသႀကၤန္ဗဟိုမ႑ပ္၊ တပ္နယ္သႀကၤန္မိုးမ႑ပ္ႏွင့္ ၿမိဳ႕ပတ္လမ္းတစ္ ေလွ်ာက္ရိွ တပ္ရင္းတပ္ဖြဲ႔ေရကစား မ႑ပ္မ်ားတြင္ သႀကၤန္ယိမ္းအကမ်ား၊ တိုင္းရင္းသား႐ိုးရာအကမ်ားႏွင့္ ေတးဂီတမ်ားျဖင့္ ကျပေဖ်ာ္ေျဖလ်က္ရိွရာ ျပည္သူမ်ားေအးခ်မ္းေပ်ာ္ရႊင္စြာ ေရကစားသူမ်ား၊ ေရပက္ခံထြက္သူမ်ားႏွင့္ စတုဒိတာေကၽြးေမြးအလွဴဒါနျပဳၾကမ်ားျဖင့္ စည္ကားလ်က္ရိွသည္။

ယင္းအျပင္ ၿမိဳ႕ေပၚဘုန္းေတာ္ႀကီးေက်ာင္းမ်ားျဖစ္သည့္ ကံံ့ေကာ္ၿမိဳင္ေက်ာင္း၊ ေကာင္းမႈလွ်ံေက်ာင္း၊ ၿမိဳ႕ဦး ေက်ာင္း၊ သဗၺညဳေက်ာင္း၊ ကမၼဌာန္းေက်ာင္းႏွင့္ ၿမိဳ႕မေက်ာင္းတို႔တြင္ အစုအဖဲြ႔လိုက္ႏွင့္မိသားစုလိုက္ တရား ဘာ၀နာပြားမ်ားၾကသူမ်ားႏွင့္ ကုသုိလ္ျပဳၾကသူမ်ားျဖင့္ စည္ကားလ်က္ရိွသည္။

သႀကၤန္အတြင္း အမ်ားျပည္သူမ်ား ေရကစားႏိုင္ေရးႏွင့္ ခိုက္ရန္ျဖစ္ပြားမႈမရိွေစေရးအတြက္ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔ႏွင့္ တပ္မေတာ္သားမ်ားက ဗဟိုမ႑ပ္ႏွင့္ေရကစားမ႑ပ္မ်ားတြင္ ေစာင့္ၾကပ္ေဆာင္ရြက္ေပးလ်က္ရိွ ေၾကာင္းသိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သင်္ကြန်အတက်နေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ရေကစားသူများ၊ ရေပက်ခံထွက်သူများ၊ စတုဒိတာကျွေးမွေးအလှူဒါနပြုကြများ၊ ဘုရားကျောင်းကန်များတွင် တရားဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၊ တပ်နယ်သင်္ကြန်မိုးမဏ္ဍပ်နှင့် မြို့ပတ်လမ်းတစ် လျှောက်ရှိ တပ်ရင်းတပ်ဖွဲ့ရေကစား မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာအကများနှင့် တေးဂီတများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားသူများ၊ ရေပက်ခံထွက်သူများနှင့် စတုဒိတာကျွေးမွေးအလှူဒါနပြုကြများဖြင့် စည်ကားလျက်ရှိသည်။

ယင်းအပြင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ကံ့ကော်မြိုင်ကျောင်း၊ ကောင်းမှုလျှံကျောင်း၊ မြို့ဦး ကျောင်း၊ သဗ္ဗညုကျောင်း၊ ကမ္မဌာန်းကျောင်းနှင့် မြို့မကျောင်းတို့တွင် အစုအဖွဲ့လိုက်နှင့်မိသားစုလိုက် တရား ဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

သင်္ကြန်အတွင်း အများပြည်သူများ ရေကစားနိုင်ရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များတွင် စောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net