ထုိင္းနိုင္ငံတြင္ မိဘမ်ားကို ျပစ္တင္ေျပာဆိုသည္ကို သည္းမခံႏုိင္သည့္ ဇနီးျဖစ္သူက ခင္ပြန္းကို ဓါးျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုး

ထုိင္းနိုင္ငံတြင္ မိဘမ်ားကို ျပစ္တင္ေျပာဆိုသည္ကို သည္းမခံႏုိင္သည့္ ဇနီးျဖစ္သူက ခင္ပြန္းကို ဓါးျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုး
ဧပြီ 17, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ ပတၱယားတြင္ မိဘမ်ားကို ျပစ္တင္ေျပာဆိုသည့္ ခင္ပြန္းျဖစ္သူကို ဇနီးက ဓါးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသျဖင့္ ခင္ပြန္းျဖစ္သူ ဒဏ္ရာရသြားၿပီး ဇနီးျဖစ္သူကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားေၾကာင္း သိရသည္။

ၿဗိတိန္အမ်ိဳးသားႏွင့္ လက္ထပ္ထားသည့္ ထုိင္းအမ်ိဳးသမီးက ခင္ပြန္းျဖစ္သူအား ေနအိမ္အခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၆)ရက္ေန႔ နံနက္အေစာပိုင္းက ဓါးျဖင့္တုိက္ခုိက္သျဖင့္ ခင္ပြန္းျဖစ္သူမွာ ေျခေထာက္ႏွစ္ဖက္ႏွင့္ ဘယ္ဘက္လက္တုိ႔တြင္ ျပတ္ရွဒဏ္ရာမ်ား ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၂၈)ႏွစ္အရြယ္ ၿဗိတိန္အမ်ိဳးသားကို ကယ္ဆယ္ေရးအဖြဲ႕က ကနဦးကုသမႈျပဳလုပ္ေပးကာ နီးစပ္ရာေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးသည္ အျပင္တြင္ ညပိုင္းအရက္ေသာက္ၿပီး ျပန္လာၾကစဥ္ ေနအိမ္ခန္း၌ ရန္ျဖစ္ၾကျခင္းျဖစ္ၿပီး ခင္ပြန္းျဖစ္သူက သူမ၏မိဘမ်ားကို ပုတ္ခတ္ေျပာဆိုသည္ကို သည္းမခံႏုိ္င္သျဖင့္ ဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္သည္ဟု အမ်ိဳးသမီးက ထြက္ဆိုထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ပတ္တယားတွင် မိဘများကို ပြစ်တင်ပြောဆိုသည့် ခင်ပွန်းဖြစ်သူကို ဇနီးက ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသဖြင့် ခင်ပွန်းဖြစ်သူ ဒဏ်ရာရသွားပြီး ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ဗြိတိန်အမျိုးသားနှင့် လက်ထပ်ထားသည့် ထိုင်းအမျိုးသမီးက ခင်ပွန်းဖြစ်သူအား နေအိမ်အခန်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့ နံနက်အစောပိုင်းက ဓားဖြင့်တိုက်ခိုက်သဖြင့် ခင်ပွန်းဖြစ်သူမှာ ခြေထောက်နှစ်ဖက်နှင့် ဘယ်ဘက်လက်တို့တွင် ပြတ်ရှဒဏ်ရာများ ရသွားခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၈)နှစ်အရွယ် ဗြိတိန်အမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့က ကနဦးကုသမှုပြုလုပ်ပေးကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အပြင်တွင် ညပိုင်းအရက်သောက်ပြီး ပြန်လာကြစဉ် နေအိမ်ခန်း၌ ရန်ဖြစ်ကြခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူက သူမ၏မိဘများကို ပုတ်ခတ်ပြောဆိုသည်ကို သည်းမခံနို်င်သဖြင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသမီးက ထွက်ဆိုထားကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net