တာချီလိတ်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များတွင် ပါဝါအိတ်ဇောများ ရောင်းချခြင်း ရှိမရှိ ၀င်စစ်

တာချီလိတ်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များတွင် ပါဝါအိတ်ဇောများ ရောင်းချခြင်း ရှိမရှိ ၀င်စစ်
ဧပွီ 10, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များအား စိစစ်ဖမ်းဆီးခြင်းအပြင် ရောင်းချသည့်ဆိုင်များအား စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က စ၍ စတင်လုပ်ဆောင်သည်။


စစ်ဆေးမှုအား တာချီလိတ်ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ဒုရဲမှူး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ ၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစိုင်းရှန်တစ်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များအား စိစစ်ဖမ်းဆီးခြင်းအပြင် ရောင်းချသည့်ဆိုင်များအား စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က စတင်လုပ်ဆောင်သည်။

ယခင်က ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းမိပါက အိတ်ဇောဖြုတ်သိမ်းခြင်းကိုသာ လုပ်ဆောင်နေရာမှ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချခြင်းအား စစ်ဆေးဖမ်းဆီးခြင်းကို ယခုနှစ်တွင် စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်ဆေးမှုအား တာချီလိတ်ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ဒုရဲမှူး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစိုင်းရှန်တစ်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ပါဝါအိပ်ဇောတပ်ဆိုင်ကယ်များကို အရှိန်အဟုန်မြှင့်ဖမ်းဆီးသွားမည်ဖြစ်ပြီး တရားရုံးဒဏ်ကြေးတိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ် (၁) လအထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net