၂၀၁၉ တာချီလိတ်သင်္ကြန်တွင် ပြိုင်ပွဲဝင်များအနက် သင်္ကြန်ယိမ်းအဖွဲ့ (၈)ဖွဲ့ နှင့် သင်္ကြန်မယ်(၃)ဦး ရွေးချယ်ကာ ဆုချီးမြှင့်ပြီး ယှဉ်ပြိုင်ဆုများလည်း ချီးမြှင့်

၂၀၁၉ တာချီလိတ်သင်္ကြန်တွင် ပြိုင်ပွဲဝင်များအနက် သင်္ကြန်ယိမ်းအဖွဲ့ (၈)ဖွဲ့ နှင့် သင်္ကြန်မယ်(၃)ဦး ရွေးချယ်ကာ ဆုချီးမြှင့်ပြီး ယှဉ်ပြိုင်ဆုများလည်း ချီးမြှင့်
ဧပွီ 16, 2019
By Tachileik News Agency


ပြိုင်ပွဲဝင်သင်္ကြန်ယိမ်း(၁၇)ဖွဲ့ထဲမှ ဗမာတိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားပြုဖြစ်သည့် ပိတောက်ရွှေရည်ယိမ်းအဖွဲ့က ပထမဆုအဖြစ် လည်းကောင်း၊  အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြုဖြစ်သည့် ရွှေမန်းသူယိမ်းအဖွဲ့က ဒုတိယဆုအဖြစ် လည်းကောင်း၊ တတိယဆုအား  မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကိုယ်စားပြုဖြစ်သည့် နွေဦးသခင် တာချီလိတ်သဘင်ယိမ်းအဖွဲ့က လည်းကောင်း အသီးသီး ရရှိသည်။

ဆက်လက်၍ အထူးဆုများအနေဖြင့် စစ်ဗျူဟာအခြေချ(တာချီလိတ်)ကိုယ်စားပြု ပိတောက်သစ္စာ စစ်ဗျူဟာ ယိမ်းအဖွဲ့၊  တာလေ ထွေအုပ် နှင့် ခမရ(၅၇၂)ကိုယ်စားပြုဖြစ်သည့် နွေဦးလေပြေယိမ်းအဖွဲ့၊ မိုင်းဖုန်း(က+ခ)ကိုယ်စားပြုဖြစ်သည့် နွေဦးအလှယိမ်းအဖွဲ့တို့က ရရှိသည်။


ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များထဲက တစ်ဦးချင်းစီအလိုက် ၂၀၁၉ တာချီလိတ်သင်္ကြန်မယ်ဆု ပေးအပ်ချီးမြှင့်ရန် ရွေးချယ်ရာတွင်  မြန်မာနိုင်ငံသဘင်အစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု နွေဦးသခင်ယိမ်းအဖွဲ့မှ မငြိမ်းငြိမ်းနု က ရရှိပြီး သင်္ကြန်မယ်ဒုတိယဆု အနေဖြင့် အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြု ရွှေမန်းသူယိမ်းအဖွဲ့မှ မကေသွယ်နိုင်က လည်းကောင်း၊ သင်္ကြန်မယ်တတိယဆုအနေဖြင့် ပအိုဝ်းတိုင်းရင်းသူ မနန်းဆုဆုနိုးကလည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။



Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ သင်္ကြန်အတွက် ပြိုင်ပွဲဝင် သင်္ကြန်ယိမ်း(၁၇)ဖွဲ့ထဲမှ ယိမ်းအဖွဲ့ (၈)ဖွဲ့အား ဆုပေးအပ်ချီးမြှင့်ပြီး သင်္ကြန်မယ်ဆု(၃)ဆု အပါအဝင် ယှဉ်ပြိုင်ဆုများလည်း ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲဝင်သင်္ကြန်ယိမ်း(၁၇)ဖွဲ့ထဲမှ ဗမာတိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားပြုဖြစ်သည့် ပိတောက်ရွှေရည်ယိမ်းအဖွဲ့က ပထမဆုအဖြစ် လည်းကောင်း၊ အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြုဖြစ်သည့် ရွှေမန်းသူယိမ်းအဖွဲ့က ဒုတိယဆုအဖြစ် လည်းကောင်း၊ တတိယဆုအား မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကိုယ်စားပြုဖြစ်သည့် နွေဦးသခင် တာချီလိတ်သဘင်ယိမ်းအဖွဲ့က လည်းကောင်း အသီးသီး ရရှိသည်။

ဆက်လက်၍ အထူးဆုများအနဖြေင့် စစ်ဗျူဟာအခြေချ(တာချီလိတ်)ကိုယ်စားပြု ပိတောက်သစ္စာ စစ်ဗျူဟာ ယိမ်းအဖွဲ့၊ တာလေ ထွေအုပ် နှင့် ခမရ(၅၇၂)ကိုယ်စားပြုဖြစ်သည့် နွေဦးလေပြေယိမ်းအဖွဲ့၊ မိုင်းဖုန်း(က+ခ)ကိုယ်စားပြုဖြစ်သည့် နွေဦးအလှယိမ်းအဖွဲ့တို့က ရရှိသည်။

နှစ်သိမ့်ဆုများအဖြစ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားပြုဖြစ်သည့် ပျိုတို့မောင်တောင်ပေါ်ယိမ်းအဖွဲ့၊ ဝမ်လုံး+မိုင်းဟဲကျေးရွာအုပ်စုကိုယ်စားပြုဖြစ်သည့် ပိတောက်ငုဝါယိမ်းအဖွဲ့တို့က ဆုများရရှိသွားကြောင်း သိရသည်။

ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များထဲက တစ်ဦးချင်းစီအလိုက် ၂၀၁၉ တာချီလိတ်သင်္ကြန်မယ်ဆု ပေးအပ်ချီးမြှင့်ရန် ရွေးချယ်ရာတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု နွေဦးသခင်ယိမ်းအဖွဲ့မှ မငြိမ်းငြိမ်းနု က ရရှိပြီး သင်္ကြန်မယ်ဒုတိယဆု အနဖြေင့် အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြု ရွှေမန်းသူယိမ်းအဖွဲ့မှ မကေသွယ်နိုင်က လည်းကောင်း၊ သင်္ကြန်မယ်တတိယဆုအနဖြေင့် ပအိုဝ်းတိုင်းရင်းသူ မနန်းဆုဆုနိုးကလည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။

ဆုရရှိသည့် သင်္ကြန်ယိမ်းအဖွဲ့များနှင့် သင်္ကြန်မယ်များအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး နှင့် ဇနီး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ဇနီး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဇနီး အပါအဝင် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တာချီလိတ်ခရိုင်သင်္ကြန်က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် သင်္ကြန်ယိမ်းအဖွဲ့ (၁၉)ဖွဲ့အနက် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ပူးတွဲပထမဆုအဖြစ် ဆုရရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net