Update News

တာခ်ီလိတ္တြင္ ဧည့္ႀကိဳဝန္ထမ္းအမ်ိဳးသမီးတစ္ဦး တာဝန္ခ်ိန္အတြင္း ဓါးထိုးခံရ၍ ေသဆံုးသြားၿပီး ဓါးျဖင့္ထိုးသူ ထြက္ေျပးေန

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ တည္းခိုခန္းဧည့္ႀကိဳဝန္ထမ္း အမ်ိဳးသမီးတစ္ဦးကို တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း အမ်ိဳးသားတစ္ဦးက ဓါးျဖင့္ဝင္ထိုးသျဖင့္ ေသဆံုးသြားခဲ့ၿပီး ဓါးျဖင့္ထိုးသူမွာ ထြက္ေျပးေနေၾကာင္း သိရသည္။

ေဆခမ္းရပ္ကြက္ရိွ တည္းခိုခန္းတစ္ခုတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၄)ရက္ေန႔ နံနက္ (၁)နာရီအခ်ိန္က ဧည့္ႀကိဳဝန္ထမ္းအမ်ိဳးသမီး တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း ယခင္က ရည္းစားျဖစ္ခဲ့ဖူးသူ သန္းေဝဆိုသူ ေရာက္လာၿပီး ေနာက္ထပ္ရည္းစားထားသည္ဟု စြပ္စြဲေျပာဆိုကာ ဓါးရိုးျဖင့္ထု၊ ဓါးျဖင့္ထိုးသည့္အတြက္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဝန္ထမ္းအမ်ိဳးသမီးမွာ ဦးေခါင္းတြင္ ဓါးရိုးျဖင့္ထုသည့္ဒဏ္ရာ၊ နဖူး၊ နားထင္၊ ရင္ဘတ္၊ ခါးႏွင့္ လက္တို႔တြင္ ျပတ္ရွဒဏ္ရာ (၁၁)ခ်က္ႏွင့္ လည္ပင္းတြင္ ထိုးသြင္းဒဏ္ရာ (၁)ခ်က္တို႔ရရိွခဲ့ျခင္းျဖစ္ကာ ေဆးကုသမႈခံယူစဥ္ နံနက္ (၅)နာရီအခ်ိန္၌ ေသဆံုးသြားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။


ဓါးျဖင့္ထိုးသတ္ၿပီး ထြက္ေျပးေနသူ သန္းေဝကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး ၎အား ရွာေဖြဖမ္းဆီးေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဧည့်ကြိုဝန်ထမ်းအမျိုးသမီးတစ်ဦး တာဝန်ချိန်အတွင်း ဓါးထိုးခံရ၍ သေဆုံးသွားပြီး ဓါးဖြင့်ထိုးသူ ထွက်ပြေးနေ
****************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တည်းခိုခန်းဧည့်ကြိုဝန်ထမ်း အမျိုးသမီးတစ်ဦးကို တာဝန်ထမ်းဆောင်နေချိန်အတွင်း အမျိုးသားတစ်ဦးက ဓါးဖြင့်ဝင်ထိုးသဖြင့် သေဆုံးသွားခဲ့ပြီး ဓါးဖြင့်ထိုးသူမှာ ထွက်ပြေးနေကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ နံနက် (၁)နာရီအချိန်က ဧည့်ကြိုဝန်ထမ်းအမျိုးသမီး တာဝန်ထမ်းဆောင်နေချိန်အတွင်း ယခင်က ရည်းစားဖြစ်ခဲ့ဖူးသူ သန်းဝေဆိုသူ ရောက်လာပြီး နောက်ထပ်ရည်းစားထားသည်ဟု စွပ်စွဲပြောဆိုကာ ဓါးရိုးဖြင့်ထု၊ ဓါးဖြင့်ထိုးသည့်အတွက် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းအမျိုးသမီးမှာ ဦးခေါင်းတွင် ဓါးရိုးဖြင့်ထုသည့်ဒဏ်ရာ၊ နဖူး၊ နားထင်၊ ရင်ဘတ်၊ ခါးနှင့် လက်တို့တွင် ပြတ်ရှဒဏ်ရာ (၁၁)ချက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ရရှိခဲ့ခြင်းဖြစ်ကာ ဆေးကုသမှုခံယူစဉ် နံနက် (၅)နာရီအချိန်၌ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ထိုးသတ်ပြီး ထွက်ပြေးနေသူ သန်းဝေကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းအား ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::