ကမၻာတစ္လႊားအသံုးျပဳသူမ်ားသည့္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား ေႏွာင့္ယွက္ခံရမႈျဖစ္ပြား

ကမၻာတစ္လႊားအသံုးျပဳသူမ်ားသည့္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား ေႏွာင့္ယွက္ခံရမႈျဖစ္ပြား
မတ် 14, 2019
By 🌸
လူမႈကြန္ယက္စာမ်က္ႏွာမ်ားျဖစ္ၾကသည့္ Facebook၊ Instagram၊ WhatsApp၊ Etsy, Twitter ႏွင့္ အေမရိကန္ျပည္ေထာင္စု၏ စာပို႔လုပ္ငန္းအပါအဝင္ ကမၻာတစ္လႊား အသံုးျပဳသူမ်ားသည့္ ဝက္ဘ္ဆိုဒ္မ်ားမွာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၃)ရက္ေန႔က ပံုမွန္အလုပ္လုပ္၍မရဘဲ ယာယီျပႆနာျဖစ္ပြားခဲ့ေသာ္လည္း အေၾကာင္းရင္းကို မသိရေသးေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ျဖစ္ပြားရသည့္အေၾကာင္းရင္းကို ရွင္းလင္းစြာမသိရေသးသည့္အျပင္ အဆိုပါ ဝက္ဘ္အားလံုးႏွင့္ မည္ကဲ့သို႔ဆက္စပ္ေနသည္ကိုလည္း သိရိွရျခင္းမရိွေသးေၾကာင္း သိရသည္။

အသံုးျပဳသူမ်ား ပံုမွန္အတို္င္းအသံုးျပဳ၍မရဘဲ အခက္အခဲျဖစ္ခဲ့ေၾကာင္းကို Facebook က သတိထားမိခဲ့ေၾကာင္း ေဖၚျပခဲ့ေသာ္လည္း ျပႆနာျဖစ္ရသည့္အေၾကာင္းရင္းကို ထုတ္ေဖၚေျပာၾကားထားျခင္းမရိွေသးပါ။
“Facebook အသံုးျပဳေနတဲ့သူေတြ အခုအခက္အခဲျဖစ္ေနရတာကို သတိထားမိပါတယ္။ ဒီျပႆနာကို အျမန္ဆံုး ေျဖရွင္းေနၾကပါတယ္”ဟု Facebook က Twitter တြင္ ေဖၚျပခဲ့ျခင္းျဖစ္သည္။

၂၀၁၆ ခုႏွစ္ကလည္း အလားတူတုိက္ခုိက္မႈမ်ိဳး ျဖစ္ပြားခဲ့စဥ္က Reddit၊ Spotify ႏွင့္ Twitter တို႔ ယာယီအသံုးျပဳ၍မရဘဲျဖစ္ခဲ့သည္။ အဆိုပါအျဖစ္အပ်က္မွာ အင္တာနက္ထုတ္လႊင့္သည့္စက္အေရအတြက္ အေတာ္မ်ားမ်ားအား ခိုး၍ထိိန္းခ်ဳပ္ထားသည့္ botnet က offline ျဖစ္သြားေစရန္ုလုပ္ေဆာင္ခဲ့ေၾကာင္း သိရိွခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
Ref:Independent

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကမ္ဘာတစ်လွှားအသုံးပြုသူများသည့် လူမှုကွန်ယက်စာမျက်နှာများ နှောင့်ယှက်ခံရမှုဖြစ်ပွား
**************
လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြသည့် Facebook၊ Instagram၊ WhatsApp၊ Etsy, Twitter နှင့် အမေရိကန်ပြည်ထောင်စု၏ စာပို့လုပ်ငန်းအပါအဝင် ကမ္ဘာတစ်လွှား အသုံးပြုသူများသည့် ဝက်ဘ်ဆိုဒ်များမှာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့က ပုံမှန်အလုပ်လုပ်၍မရဘဲ ယာယီပြဿနာဖြစ်ပွားခဲ့သော်လည်း အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးသည့်အပြင် အဆိုပါ ဝက်ဘ်အားလုံးနှင့် မည်ကဲ့သို့ဆက်စပ်နေသည်ကိုလည်း သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
အသုံးပြုသူများ ပုံမှန်အတိုင်းအသုံးပြု၍မရဘဲ အခက်အခဲဖြစ်ခဲ့ကြောင်းကို Facebook က သတိထားမိခဲ့ကြောင်း ဖေါ်ပြခဲ့သော်လည်း ပြဿနာဖြစ်ရသည့်အကြောင်းရင်းကို ထုတ်ဖေါ်ပြောကြားထားခြင်းမရှိသေးပါ။

“Facebook အသုံးပြုနေတဲ့သူတွေ အခုအခက်အခဲဖြစ်နေရတာကို သတိထားမိပါတယ်။ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနေကြပါတယ်”ဟု Facebook က Twitter တွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်ကလည်း အလားတူတိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့စဉ်က Reddit၊ Spotify နှင့် Twitter တို့ ယာယီအသုံးပြု၍မရဘဲဖြစ်ခဲ့သည်။ အဆိုပါအဖြစ်အပျက်မှာ အင်တာနက်ထုတ်လွှင့်သည့်စက်အရေအတွက် အတော်များများအား ခိုး၍ထိန်းချုပ်ထားသည့် botnet က offline ဖြစ်သွားစေရန်ုလုပ်ဆောင်ခဲ့ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
Ref:Independent

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net