ထုိင္းႏုိင္ငံအတြင္း ပို႔ေဆာင္မည့္ မူးယစ္ေဆး၀ါးမ်ားကို UWSA “ဝ”တပ္ဖြဲ႕က တားဆီး ဖမ္းဆီးရမိ၍ ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္းေပး

ထုိင္းႏုိင္ငံအတြင္း ပို႔ေဆာင္မည့္ မူးယစ္ေဆး၀ါးမ်ားကို UWSA “ဝ”တပ္ဖြဲ႕က တားဆီး ဖမ္းဆီးရမိ၍ ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္းေပး
မတ် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ UWSA “ဝ”နယ္ေျမအတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးသယ္ေဆာင္သည့္ အမ်ိဳးသား (၁)ဦးကို ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါး၊ လက္နက္တုိ႔ႏွင့္အတူ ပံုပါက်င္နယ္ေျမရဲစခန္းသို႔ ၂၀၁၉ ခုႏွစ္ မတ္လ (၂၅)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာသျဖင့္ အမႈဖြင့္ကာ ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

 UWSA “ဝ”တပ္ဖြဲ႕၊ တပ္မဟာ (၇၇၅)မူးယစ္တုိက္ဖ်က္ေရးအဖြဲ႕ဝင္မ်ားက ၂၀၁၉ ခုႏွစ္၊ မတ္လ (၃)ရက္ေန႔ ေန႔လယ္ (၁၂)ဝန္းက်င္က အဆိုပါ အမ်ိဳးသားကို  ျမန္မာ - ထုိင္းနယ္စပ္မွ ထုိင္းႏိုင္ငံဘက္သို႔ မူးယစ္ေဆးသယ္ေဆာင္လာစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဖမ္းဆီးရမိထားသည့္ ေလာဂ်ာႏွင့္ ထြက္ေျပးလြတ္ေျမာက္သြားသည့္ က်ေယတို႔သည္ မူးယစ္ေဆးမ်ားအား ထုိင္းနယ္စပ္သို႔ ပို႔ေဆာင္ေပးစဥ္ UWSA “ဝ”တပ္ဖြဲ႕ႏွင့္ေတြ႔ဆုံရာ ၎တို႔ဘက္က စတင္ပစ္ခတ္သျဖင့္ UWSA”ဝ”တပ္ဖြဲ႕ႏွင့္ အျပန္အလွန္ပစ္ခတ္မႈ (၅)မိနစ္ခန္႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈအတြင္း ေလာဂ်ာမွာ ေပါင္ႏွစ္ဖက္လံုးတြင္ ဒဏ္ရာရသြားကာ ဖမ္းဆီးခံလုိက္ရၿပီး က်ေယမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ေလာဂ်ာထံမွ ေသနတ္တစ္လက္ႏွင့္အတူ ၎၏ေက်ာပိုးအိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁)သိန္းျပား၊ ICE (၂)ကီလိုခန္႔တို႔ကို UWSA “ဝ”တပ္ဖြဲ႕က သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ၿပီး ဒဏ္ရာျဖင့္ဖမ္းဆီးရမိထားသည့္ ေလာဂ်ာအား ေဟြေအာေက်းရြာရိွ “ဝ”ေဆးရံုတြင္ ေဆးကုသေပးခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ေလာဂ်ာအား မတ္လ (၂၃)ရက္ေန႔တြင္ UWSA “ဝ”အဖြဲ႕၊ စစ္ေဒသ (၁၇၁) အမွတ္(၂)နယ္ေျမမွဴး ရန္ေကြက်ံဳးဦးစီးအဖြဲ႕က မုိင္းဆတ္ဘက္မွ စရဖ(တသခ)စု (၃) မွ ဗိုလ္ႀကီးေက်ာ္ေဇာဟိန္းဦးစီးအဖြဲ႕ထံ ဖမ္းဆီးရမိသည့္ ပစၥည္းမ်ားနွင့္အတူ ေဟြေအာခန္းမ၌ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္မႈအား ဆက္လက္စစ္ေဆးနုိင္ရန္အတြက္ မတ္လ (၂၅)ရက္ေန႔တြင္ ပံုပါက်င္နယ္ေျမရဲစခန္းသို႔ ထပ္မံလႊဲေျပာင္းေပးလုိက္ရာ ေလာဂ်ာႏွင့္က်ေယတုိ႔အား ပံုပါက်င္နယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)/၂၁အရ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာဂ်ာႏွင့္ က်ေယတို႔ႏွစ္ဦးသည္ တစ္ဦးလွ်င္ ထုိင္းဘတ္ေငြ (၄၀,၀၀၀)စီအခေၾကးေငြရယူၿပီး ထုိင္းနယ္စပ္သို႔ မူးယစ္ေဆးသယ္ေဆာင္ေပးေနစဥ္ UWSA “ဝ”တပ္ဖြဲ႕ႏွင့္ေတြ႔၍ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)-Tachileik News Agency
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ UWSA “ဝ”နယ်မြေအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးသယ်ဆောင်သည့် အမျိုးသား (၁)ဦးကို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၊ လက်နက်တို့နှင့်အတူ ပုံပါကျင်နယ်မြေရဲစခန်းသို့ ၂၀၁၉ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် လွှဲပြောင်းပေးလာသဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

 UWSA “ဝ”တပ်ဖွဲ့၊ တပ်မဟာ (၇၇၅)မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်များက ၂၀၁၉ ခုနှစ်၊ မတ်လ (၃)ရက်နေ့ နေ့လယ် (၁၂)ဝန်းကျင်က အဆိုပါ အမျိုးသားကို မြန်မာ - ထိုင်းနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် လောဂျာနှင့် ထွက်ပြေးလွတ်မြောက်သွားသည့် ကျယေတို့သည် မူးယစ်ဆေးများအား ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးစဉ် UWSA “ဝ”တပ်ဖွဲ့နှင့်တွေ့ဆုံရာ၎င်းတို့ဘက်က စတင်ပစ်ခတ်သဖြင့် UWSA”ဝ”တပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု (၅)မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း လောဂျာမှာ ပေါင်နှစ်ဖက်လုံးတွင် ဒဏ်ရာရသွားကာ ဖမ်းဆီးခံလိုက်ရပြီး ကျယေမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

လောဂျာထံမှ သေနတ်တစ်လက်နှင့်အတူ၎င်း၏ကျောပိုးအိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁)သိန်းပြား၊ ICE (၂)ကီလိုခန့်တို့ကို UWSA “ဝ”တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာဖြင့်ဖမ်းဆီးရမိထားသည့် လောဂျာအား ဟွေအောကျေးရွာရှိ “ဝ”ဆေးရုံတွင် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လောဂျာအား မတ်လ (၂၃)ရက်နေ့တွင် UWSA “ဝ”အဖွဲ့၊ စစ်ဒေသ (၁၇၁) အမှတ်(၂)နယ်မြေမှူး ရန်ကွေကျုံးဦးစီးအဖွဲ့က မိုင်းဆတ်ဘက်မှ စရဖ(တသခ)စု (၃) မှ ဗိုလ်ကြီးကျော်ဇောဟိန်းဦးစီးအဖွဲ့ထံ ဖမ်းဆီးရမိသည့် ပစ္စည်းများနှင့်အတူ ဟွေအောခန်းမ၌ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်မှုအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် မတ်လ (၂၅)ရက်နေ့တွင် ပုံပါကျင်နယ်မြေရဲစခန်းသို့ ထပ်မံလွှဲပြောင်းပေးလိုက်ရာ လောဂျာနှင့်ကျယေတို့အား ပုံပါကျင်နယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁အရ အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

လောဂျာနှင့် ကျယေတို့နှစ်ဦးသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၄၀,ဝဝဝ)စီအခကြေးငွေရယူပြီး ထိုင်းနယ်စပ်သို့ မူးယစ်ဆေးသယ်ဆောင်ပေးနေစဉ် UWSA “ဝ”တပ်ဖွဲ့နှင့်တွေ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)-Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net