UWSA ဌာနခ်ဳပ္ ပန္ဆန္းတြင္က်င္းပမည့္ ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀)ျပည့္အခမ္းအနားသို႔ မည္သူမဆိုတက္ေရာက္ႏိုင္

UWSA ဌာနခ်ဳပ္ ပန္ဆန္းတြင္က်င္းပမည့္ ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀)ျပည့္အခမ္းအနားသို႔ မည္သူမဆိုတက္ေရာက္ႏိုင္
မတ် 3, 2019
By 🌸
အစိုးရႏွင့္ UWSP/UWSA တို႔ ၿငိမ္းခ်မ္းေရးႏွစ္(၃၀)ျပည့္အခမ္းအနားကို ပန္ဆန္းၿမိဳ႕ရိွ UWSA ဌာနခ်ဳပ္ စစ္ေရးျပကြင္းတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔မွ (၁၇)ရက္ေန႔အထိက်င္းပမည္ျဖစ္ရာ မည္သူမဆို တက္ေရာက္ႏုိင္ေသာ္လည္း နီးစပ္ရာ “ဝ”ျပည္ ျပင္ပဆက္ဆံေရးရံုးမ်ားတြင္ ခရီးသြားလာခြင့္ေထာက္ခံစာ ရယူရန္လိုအပ္ေၾကာင္း သိရသည္။

“ဝ”ေဒသသို႔ လာေရာက္လည္ပတ္မည့္သူမ်ား၏ မွတ္ပံုတင္မိတၱဴႏွင့္ ေမာ္ေတာ္ယာဥ္ပါဝင္ပါက ေမာ္ေတာ္ယာဥ္အခ်က္အလက္မ်ားအား “ဝ” ျပည္ ျပင္ပဆက္ဆံေရးရံုး၌ တစ္ပါတည္း သတင္းေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္တြင္းျပည္ပမွ သံတမန္မ်ား၊ ကုလသမဂၢဆုိင္ရာအဖြဲ႕အစည္းမ်ား၊ INGO၊ NGO၊ LNGO မ်ား၊ သတင္းမီဒီယာမ်ားႏွင့္ အမ်ားျပည္သူမ်ားလည္း တက္ေရာက္ႏုိင္ေၾကာင္း ဖိတ္ၾကားထားသည္။

ပန္ဆန္းၿမိဳ႕သို႔ သြားေရာက္မည့္သူမ်ားအေနျဖင့္ လားရိွဳး - တန္႔ယန္း - ပန္ဆန္းလမ္း၊ လားရိွဳး - ဟိုပန္ - မိုင္းေမာ - ပန္ဆန္းလမ္းေၾကာင္းႏွင့္ က်ိဳင္းတံု - မိုင္းခတ္ - မိုင္းယန္း - မိုင္းဖ်န္ - ပန္ဆန္းလမ္းေၾကာင္းအတုိင္း လာေရာက္ႏုိင္ေၾကာင္း “ဝ”ေဒသတာဝန္ရိွသူမ်ားက သတင္းထုတ္ျပန္ထားသည္။

အစိုးရႏွင့္ UWSP/UWSA အဖြဲ႕သည္ ၁၉၈၉ ခုႏွစ္ ဧၿပီလ (၁၇)ရက္ေန႔တြင္ အပစ္ရပ္သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးၿပီး ၿငိမ္းခ်မ္းေရးယူခဲ့ၾကျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရးႏွစ္(၃၀)ျပည့္အထိမ္းအမွတ္အျဖစ္ “ဝ”ျပည္အတြင္း ျပစ္ဒဏ္က်ခံေနရသူမ်ားအနက္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ျပစ္ဒဏ္မွလြဲ၍ ျပစ္ဒဏ္ တစ္ဝက္ေလွ်ာ့ခံစားခြင့္၊ ကူးစက္ေရာဂါရွိသူမ်ားကို ျပစ္ဒဏ္မွလြတ္ၿငိမ္းခြင့္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
UWSA ဌာနချုပ် ပန်ဆန်းတွင်ကျင်းပမည့် ငြိမ်းချမ်းရေး နှစ် (၃၀)ပြည့်အခမ်းအနားသို့ မည်သူမဆိုတက်ရောက်နိုင်
*****
အစိုးရနှင့် UWSP/UWSA တို့ ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်အခမ်းအနားကို ပန်ဆန်းမြို့ရှိ UWSA ဌာနချုပ် စစ်ရေးပြကွင်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိကျင်းပမည်ဖြစ်ရာ မည်သူမဆို တက်ရောက်နိုင်သော်လည်း နီးစပ်ရာ “ဝ”ပြည် ပြင်ပဆက်ဆံရေးရုံးများတွင် ခရီးသွားလာခွင့်ထောက်ခံစာ ရယူရန်လိုအပ်ကြောင်း သိရသည်။

“ဝ”ဒေသသို့ လာရောက်လည်ပတ်မည့်သူများ၏ မှတ်ပုံတင်မိတ္တူနှင့် မော်တော်ယာဉ်ပါဝင်ပါက မော်တော်ယာဉ်အချက်အလက်များအား “ဝ” ပြည် ပြင်ပဆက်ဆံရေးရုံး၌ တစ်ပါတည်း သတင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်တွင်းပြည်ပမှ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ INGO၊ NGO၊ LNGO များ၊ သတင်းမီဒီယာများနှင့် အများပြည်သူများလည်း တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားသည်။

ပန်ဆန်းမြို့သို့ သွားရောက်မည့်သူများအနေဖြင့် လားရှိုး - တန့်ယန်း - ပန်ဆန်းလမ်း၊ လားရှိုး - ဟိုပန် - မိုင်းမော - ပန်ဆန်းလမ်းကြောင်းနှင့် ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း - မိုင်းဖျန် - ပန်ဆန်းလမ်းကြောင်းအတိုင်း လာရောက်နိုင်ကြောင်း “ဝ”ဒေသတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

အစိုးရနှင့် UWSP/UWSA အဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးယူခဲ့ကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်အထိမ်းအမှတ်အဖြစ် “ဝ”ပြည်အတွင်း ပြစ်ဒဏ်ကျခံနေရသူများအနက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ပြစ်ဒဏ်မှလွဲ၍ ပြစ်ဒဏ် တစ်ဝက်လျှော့ခံစားခွင့်၊ ကူးစက်ရောဂါရှိသူများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~