Tachileik Talent Show ၏ ဝါသနာရွင္အသစ္၊ အေဟာင္းမ်ားပါဝင္သည့္ အစီအစဥ္ ျပန္လည္စတင္

Tachileik Talent Show ၏ ဝါသနာရွင္အသစ္၊ အေဟာင္းမ်ားပါဝင္သည့္ အစီအစဥ္ ျပန္လည္စတင္
မတ် 16, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္း အေနာက္ဘက္ရိွ Johnny Fitness Center ဝန္းတြင္ က်င္းပေနသည့္ Tachileik Talent Show ၏ အစီအစဥ္ကို တကၠသိုလ္ဝင္စာေမးပြဲကာလ ရပ္နားထားရာမွ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၆)ရက္ေန႔ညတြင္ ျပန္လည္စတင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္တြင္ ည (၇)နာရီကေန (၉)နာရီအထိ ဝါသနာရွင္အသစ္မ်ားက စတင္ေဖ်ာ္ေျဖမည္ျဖစ္ၿပီး ကံစမ္းမဲအစီအစဥ္ႏွင့္ ယခင္ Talent Show တြင္ သီဆိုခဲ့ၿပီးသူမ်ားလည္း ျပန္လည္သီဆိုၾကမည္ျဖစ္ကာ ည(၁၁)နာရီအထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအတြက္ ဂီတစြမ္းရည္ ေဖာ္ထုတ္ျပသႏိုင္ရန္  ရည္ရြယ္က်င္းပေနသည့္ Tachileik Talent Show အစီအစဥ္သို႔ မည္သူမဆိုပါဝင္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
Tachileik Talent Show ၏ ဝါသနာရှင်အသစ်၊ အဟောင်းများပါဝင်သည့် အစီအစဉ် ပြန်လည်စတင်
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပနေသည့် Tachileik Talent Show ၏ အစီအစဉ်ကို တက္ကသိုလ်ဝင်စာမေးပွဲကာလ ရပ်နားထားရာမှ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ညတွင် ပြန်လည်စတင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် ည (၇)နာရီကနေ (၉)နာရီအထိ ဝါသနာရှင်အသစ်များက စတင်ဖျော်ဖြေမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်နှင့် ယခင် Talent Show တွင် သီဆိုခဲ့ပြီးသူများလည်း ပြန်လည်သီဆိုကြမည်ဖြစ်ကာ ည(၁၁)နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ ဂီတဝါသနာပါသည့် လူငယ်များအတွက် ဂီတစွမ်းရည် ဖော်ထုတ်ပြသနိုင်ရန်  ရည်ရွယ်ကျင်းပနေသည့် Tachileik Talent Show အစီအစဉ်သို့ မည်သူမဆိုပါဝင်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net