တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး (၃)ဦး အစားထိုးခန္႔အပ္

တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး (၃)ဦး အစားထိုးခန္႔အပ္
မတ် 27, 2019
By 🌸
တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕တြင္ လစ္လပ္ေနသည့္ ဝန္ႀကီး (၃)ဦးေနရာအတြက္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၆)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတရံုးအမိန္႔အမွတ္ (၁၂/၂၀၁၉)ျဖင့္ ခန္႔အပ္တာဝန္ေပးလုိက္သည္။

တိုင္းေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးအျဖစ္ ေဒၚရီရီခ်ိဳ၊ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးအျဖစ္ ဦးလွေထြးႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးအျဖစ္ ဦးေအာင္သူရတုိ႔ကို ခန္႔အပ္လုိက္ျခင္းျဖစ္သည္။

တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္မွာ ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔က အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူခံရသျဖင့္ တာဝန္မွရပ္စဲခံထားရၿပီး မတ္လ (၂၀)ရက္ေန႔တြင္ စီမံကိန္းနွင့္ ဘ႑ာေရးဝန္ႀကီး၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးတုိ႔ (၂)ဦးကိုလည္း ၎တို႔၏ ဆႏၵသေဘာအေလ်ာက္ ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳထားျခင္း ျဖစ္သည္။

တနသၤာရီတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အျဖစ္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးျမင့္ေမာင္အား အတည္ျပဳခန္႔အပ္ထားၿပီးေနာက္ လစ္လပ္ေနသည့္ ဝန္ႀကီးမ်ားေနရာကို အစားထိုးခန္႔အပ္လုိက္ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၃)ဦး အစားထိုးခန့်အပ်
*************
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီး (၃)ဦးနေရာအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် (၁၂/၂၀၁၉)ဖြင့် ခန့်အပ်တာဝန်ပေးလိုက်သည်။

တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒေါ်ရီရီချို၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးလှထွေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် ဦးအောင်သူရတို့ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှာ ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံရသဖြင့် တာဝန်မှရပ်စဲခံထားရပြီး မတ်လ (၂၀)ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ (၂)ဦးကိုလည်း ၎င်းတို့၏ ဆန္ဒသဘောအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား အတည်ပြုခန့်အပ်ထားပြီးနောက် လစ်လပ်နေသည့် ဝန်ကြီးများနေရာကို အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net