တာခ်ီလိတ္တြင္ ပိတ္ဆို႔စစ္ေဆးေရးအဖြဲ႕က ပစ္ခတ္တားဆီးခဲ့ရသည့္ မူးယစ္တရားခံေျပး ထိုင္းႏုိင္ငံသားကို အမႈ (၄)ခုျဖင့္ အေရးယူထား

တာခ်ီလိတ္တြင္ ပိတ္ဆို႔စစ္ေဆးေရးအဖြဲ႕က ပစ္ခတ္တားဆီးခဲ့ရသည့္ မူးယစ္တရားခံေျပး ထိုင္းႏုိင္ငံသားကို အမႈ (၄)ခုျဖင့္ အေရးယူထား
မတ် 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္  ညပိုင္းပိတ္ဆို႔စစ္ေဆးသည့္ ရဲတပ္ဖြဲ႕ဝင္ကို ကားျဖင့္တုိက္ရန္ႀကိဳးစားၿပီး ထြက္ေျပးသြား၍ ပစ္ခတ္ဖမ္းဆီးခဲ့ရသည့္ ထုိင္းႏုိင္ငံသားသည္ ျပည္သူ႔ဝန္ထမ္းအား ေႏွာင့္ယွက္မႈ၊ ႏုိင္ငံအတြင္း ခိုးဝင္မႈ၊ ႏုိင္ငံသားစိစစ္ေရးကဒ္ အတုကိုင္ေဆာင္မႈ၊ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္စီးနင္းမႈတို႔ကို က်ဴးလြန္ထားသည့္အျပင္ ထုိင္းႏုိင္ငံတြင္လည္း မူးယစ္မႈျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသူျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္မီးပိြဳင့္အနီးတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၁)ရက္ေန႔ (၉)နာရီဝန္းက်င္က ပိတ္ဆို႔စစ္ေဆးေရးလုပ္ေဆာင္ေနသည့္ ရဲတပ္ဖြဲ႕ကို ေရွာင္ကြင္းေမာင္းႏွင္သြားသည့္ ကားတစ္စီးအား စစ္ေဆးရန္ တားျမစ္သည္ကို ရပ္မေပးဘဲ အရွိန္ျပင္းျပင္းေမာင္းႏွင္လာကာ စစ္ေဆးေရးအဖြဲ႕ဝင္ ရဲတပ္သားတစ္ဦးအား ကားျဖင့္တုိက္မည္ျပဳကာ ေနာက္ျပန္လွည့္ေမာင္းႏွင္သြားသျဖင့္ ပစ္ခတ္တားဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္တားဆီးခံရသည့္ ေမာ္ေတာ္ယာဥ္သည္ ရပ္မေပးဘဲ ဆက္လက္ေမာင္းႏွင္ထြက္ေျပးသျဖင့္ ရဲအုပ္ သန္းထြန္းဦးႏွင့္အဖြဲ႕က လုိက္လံရွာေဖြေနစဥ္ မတ္လ (၁၂)ရက္ေန႔ နံနက္ (၂)နာရီခြဲအခ်ိန္၌ ခရိုင္ျပည္သူ႔ေဆးရံုသို႔ ေသနတ္ဒဏ္ရာျဖင့္ လူနာေရာက္လာေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ ပိတ္ဆို႔စစ္ေဆးအဖြဲ႕က လုိက္ရွာေနသူျဖစ္သည္ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဒဏ္ရာရရိွသူမွာ ထုိင္းႏုိင္ငံသား Gulay (ခ) စိုင္းဖတ္ဆိုသူျဖစ္ေၾကာင္း သိရသျဖင့္ ၎အား ျပည္သူ႔ဝန္ထမ္းမ်ား တာဝန္ဝတၱရားေဆာင္ရြက္စဥ္ မေဆာင္ရြက္ႏုိင္ေအာင္ အႏိုင္အထက္ျပဳလုပ္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မတ္လ (၁၂)ရက္ေန႔က (ပ)၁၃၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃ ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့ကာ ၎စီးနင္းလာသည့္ ကားမွာ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ (၈) ျဖင့္ပါ ထပ္မံအေရးယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံသား Gulay (ခ) စိုင္းဖတ္အား ထပ္မံစစ္ေဆးေတြ႔ရိွခ်က္အရ ၎၏အမည္မွန္မွာ ႏုိင္းမားရြတ္ဂ်္မာ့ဒ္ရင္း (ခ) ကေလြ႔ဆိုသူျဖစ္ၿပီး ထုိင္းႏုိင္ငံ ဖိဂ်စ္ခရိုင္မွျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။
၎အား လြန္ခဲ့သည့္(၈)လခန္႔က ထုိင္းႏိုင္ငံ၊ ဖိဂ်စ္ခရိုင္တရားရံုးမွ မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဝရမ္းထုတ္လိုက္သျဖင့္ ၎၏ေနရပ္မွတိမ္းေရွာင္ကာ မယ္ဆုိင္ၿမိဳ႕တြင္ (၁)လခန္႔ ခိုေအာင္းေနထိုင္ခဲ့ၿပီးေနာက္ ယင္းမွတစ္ဆင့္ မယ္ဆိုင္ေခ်ာင္းမွ တရားမဝင္ျဖတ္ကူးကာ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ခိုးဝင္ေလ့ရိွသူျဖစ္ေၾကာင္း သိရသည္။

Gulay (ခ) စိုင္းဖတ္ (ခ) ႏုိင္းမားရြတ္ဂ်္မာ့ဒ္ရင္း (ခ) ကေလြ႔သည္ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ မတ္လ(၆)ရက္ေန႔က မယ္ဆုိင္ေခ်ာင္းျဖတ္ကာ ဝင္ေရာက္လာၿပီးေနာက္ ဟိုတယ္တစ္ခုတြင္ တည္းခိုေနထုိင္ၿပီး သူငယ္ခ်င္းျဖစ္သူထံမွ ငွားရမ္းထားသည့္ ကားျဖင့္ မတ္လ(၁၁)ရက္ေန႔က ေဟာင္လိတ္မီးပိြဳင့္ဘက္ ထြက္လာစဥ္ ရဲတပ္ဖြဲ႕ကိုျမင္သျဖင့္ ေရွာင္ေျပးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ပစ္ခတ္တားဆီးခံရသျဖင့္ ရရိွသြားသည့္ ေသနတ္ဒဏ္ရာမ်ားအား ေဆးကုသမႈခံရန္ တာခ်ီလိတ္ၿမိဳ႕ရိွ သူငယ္ခ်င္း အမ်ိဳးသမီးတစ္ဦးႏွင့္အတူ ျပင္ပေဆးခန္းမ်ား လုိက္ရွာရာမေတြ႕သျဖင့္ ခရိုင္ျပည္သူ႔ေဆးရံုႀကီးသို႔ ေရာက္လာစဥ္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

၎ကိုင္ေဆာင္ထားသည့္ စိုင္းဖတ္အမည္ျဖင့္ ျမန္မာႏိုင္ငံသားစိစစ္ေရးကဒ္အတုကို  ျမန္မာႏုိင္ငံသားတစ္ဦးက ဘတ္ေငြႏွစ္ေသာင္းရယူ၍ လုပ္ေပးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ထပ္မံစစ္ေဆးေတြ႔ရိွခ်က္မ်ားအရ ထိုင္းႏိုင္ငံသား မူးယစ္တရားခံေျပး Gulay (ခ) စိုင္းဖတ္ (ခ) ႏုိင္းမားရြတ္ဂ်္မာ့ဒ္ရင္း (ခ) ကေလြ႔အား လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ အသံုးျပဳျခင္း၊ ႏုိင္ငံသားစိစစ္ေရးကဒ္အတုကိုင္ေဆာင္ျခင္း ၊ ႏုိင္ငံတြင္း ခိုးဝင္ျခင္းမ်ားအတြက္ မတ္လ (၁၄)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၈/၂၀၁၉၊ လဝက အက္ဥပေဒပုဒ္မ ၁၃(၁)၊  (ပ)၁၃၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ တုိ႔ျဖင့္ပါ ထပ္မံအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- ပိတ္ဆို႔စစ္ေဆးမႈဓါတ္ပံုမွာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔ ပိတ္ဆို႔စစ္ေဆးမႈ ျဖစ္ပါသည္။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ပိတ်ဆို့စစ်ဆေးရေးအဖွဲ့က ပစ်ခတ်တားဆီးခဲ့ရသည့် မူးယစ်တရားခံပြေး ထိုင်းနိုင်ငံသားကို အမှု (၄)ခုဖြင့် အရေးယူထား
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်  ညပိုင်းပိတ်ဆို့စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်တိုက်ရန်ကြိုးစားပြီး ထွက်ပြေးသွား၍ ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် ထိုင်းနိုင်ငံသားသည် ပြည်သူ့ဝန်ထမ်းအား နှောင့်ယှက်မှု၊ နိုင်ငံအတွင်း ခိုးဝင်မှု၊ နိုင်ငံသားစိစစ်ရေးကဒ် အတုကိုင်ဆောင်မှု၊ လိုင်စင်မဲ့မော်တော်ယာဉ်စီးနင်းမှုတို့ကို ကျူးလွန်ထားသည့်အပြင် ထိုင်းနိုင်ငံတွင်လည်း မူးယစ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်မီးပွိုင့်အနီးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ (၉)နာရီဝန်းကျင်က ပိတ်ဆို့စစ်ဆေးရေးလုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့ကို ရှောင်ကွင်းမောင်းနှင်သွားသည့် ကားတစ်စီးအား စစ်ဆေးရန် တားမြစ်သည်ကို ရပ်မပေးဘဲ အရှိန်ပြင်းပြင်းမောင်းနှင်လာကာ စစ်ဆေးရေးအဖွဲ့ဝင် ရဲတပ်သားတစ်ဦးအား ကားဖြင့်တိုက်မည်ပြုကာ နောက်ပြန်လှည့်မောင်းနှင်သွားသဖြင့် ပစ်ခတ်တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တားဆီးခံရသည့် မော်တော်ယာဉ်သည် ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသဖြင့် ရဲအုပ် သန်းထွန်းဦးနှင့်အဖွဲ့က လိုက်လံရှာဖွေနေစဉ် မတ်လ (၁၂)ရက်နေ့ နံနက် (၂)နာရီခွဲအချိန်၌ ခရိုင်ပြည်သူ့ဆေးရုံသို့ သေနတ်ဒဏ်ရာဖြင့် လူနာရောက်လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပိတ်ဆို့စစ်ဆေးအဖွဲ့က လိုက်ရှာနေသူဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသူမှာ ထိုင်းနိုင်ငံသား Gulay (ခ) စိုင်းဖတ်ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ပြည်သူ့ဝန်ထမ်းများ တာဝန်ဝတ္တရားဆောင်ရွက်စဉ် မဆောင်ရွက်နိုင်အောင် အနိုင်အထက်ပြုလုပ်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မတ်လ (၁၂)ရက်နေ့က (ပ)၁၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကာ ၎င်းစီးနင်းလာသည့် ကားမှာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့်ပါ ထပ်မံအရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား Gulay (ခ) စိုင်းဖတ်အား ထပ်မံစစ်ဆေးတွေ့ရှိချက်အရ ၎င်း၏အမည်မှန်မှာ နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ ဖိဂျစ်ခရိုင်မှဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။
၎င်းအား လွန်ခဲ့သည့်(၈)လခန့်က ထိုင်းနိုင်ငံ၊ ဖိဂျစ်ခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်သဖြင့် ၎င်း၏နေရပ်မှတိမ်းရှောင်ကာ မယ်ဆိုင်မြို့တွင် (၁)လခန့် ခိုအောင်းနေထိုင်ခဲ့ပြီးနောက် ယင်းမှတစ်ဆင့် မယ်ဆိုင်ချောင်းမှ တရားမဝင်ဖြတ်ကူးကာ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ခိုးဝင်လေ့ရှိသူဖြစ်ကြောင်း သိရသည်။

Gulay (ခ) စိုင်းဖတ် (ခ) နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့သည် တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ မတ်လ(၆)ရက်နေ့က မယ်ဆိုင်ချောင်းဖြတ်ကာ ဝင်ရောက်လာပြီးနောက် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ပြီး သူငယ်ချင်းဖြစ်သူထံမှ ငှားရမ်းထားသည့် ကားဖြင့် မတ်လ(၁၁)ရက်နေ့က ဟောင်လိတ်မီးပွိုင့်ဘက် ထွက်လာစဉ် ရဲတပ်ဖွဲ့ကိုမြင်သဖြင့် ရှောင်ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပစ်ခတ်တားဆီးခံရသဖြင့် ရရှိသွားသည့် သေနတ်ဒဏ်ရာများအား ဆေးကုသမှုခံရန် တာချီလိတ်မြို့ရှိ သူငယ်ချင်း အမျိုးသမီးတစ်ဦးနှင့်အတူ ပြင်ပဆေးခန်းများ လိုက်ရှာရာမတွေ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိုင်ဆောင်ထားသည့် စိုင်းဖတ်အမည်ဖြင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်အတုကို  မြန်မာနိုင်ငံသားတစ်ဦးက ဘတ်ငွေနှစ်သောင်းရယူ၍ လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ ထိုင်းနိုင်ငံသား မူးယစ်တရားခံပြေး Gulay (ခ) စိုင်းဖတ် (ခ) နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့အား လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်အတုကိုင်ဆောင်ခြင်း ၊ နိုင်ငံတွင်း ခိုးဝင်ခြင်းများအတွက် မတ်လ (၁၄)ရက်နေ့က တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၈/၂၀၁၉၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)၊  (ပ)၁၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့်ပါ ထပ်မံအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- ပိတ်ဆို့စစ်ဆေးမှုဓါတ်ပုံမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ ပိတ်ဆို့စစ်ဆေးမှု ဖြစ်ပါသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net