မယ္က်န္းအနီးဖမ္းမိသည့္ စိတ္ၾကြေဆးျပား (၈)သန္းကို ျမန္မာနယ္စပ္မွ သယ္ေဆာင္လာဟု ထုိင္းရဲတပ္ဖြဲ႕ဆို

မယ္က်န္းအနီးဖမ္းမိသည့္ စိတ္ၾကြေဆးျပား (၈)သန္းကို ျမန္မာနယ္စပ္မွ သယ္ေဆာင္လာဟု ထုိင္းရဲတပ္ဖြဲ႕ဆို
မတ် 17, 2019
By 🌸
ထုိင္းမူးယစ္တပ္ဖြဲ႕က မယ့္ဖါးလံုႏွင့္ မယ္က်န္း လမ္းပိုင္းတြင္ စိတ္ၾကြေဆးျပား (၈)သန္း သယ္ေဆာင္လာသူမ်ားကို ပစ္ခတ္ဖမ္းဆီးရမိၿပီးေနာက္ အဆိုပါ စိတ္ၾကြေဆးျပားမ်ားမွာ ျမန္မာနယ္စပ္မွ သယ္ေဆာင္လာျခင္းျဖစ္သည္ဟု ယူဆေၾကာင္း ထုိင္းရဲတပ္ဖြဲ႕က ဆိုသည္။

မူးယစ္တပ္ဖြဲ႕က သံသယျဖစ္ဖြယ္ ပစ္ကပ္ကား (၃)စီးကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၆)ရက္ေန႔ နံနက္ (၁)နာရီအခ်ိန္က ေတြ႔ရသျဖင့္ စစ္ေဆးရန္တားဆီးစဥ္ ကားတစ္စီးေပၚမွ ရဲတပ္ဖြဲ႕အား စတင္ပစ္ခတ္ခဲ့ရာမွ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ခ်င္းရိုင္းလိုင္စင္နံပါတ္ျပားတပ္ထားသည့္ ကား(၂)စီးႏွင့္ ဘန္ေကာက္လုိင္စင္နံပါတ္ျပားတပ္ထားသည့္ ကား(၁)စီးတို႔သည္ ေတာင္ေပၚလမ္းမွ မယ္က်န္းဘက္သို႔ ေမာင္းႏွင္လာစဥ္ မူးယစ္တပ္ဖြဲ႕က ေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အျပန္အလွန္ပစ္ခတ္မႈအတြင္း မူးယစ္ေဆးသယ္လာသည့္အဖြဲ႕မွ တစ္ဦးေသဆံုးသြားၿပီးေနာက္ က်န္ (၂)ဦးက လက္နက္ခ်အဖမ္းခံခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆုိပါ ကား(၃)စီးေပၚတြင္ တာေပၚလင္စမ်ားျဖင့္ဖံုးအုပ္သယ္လာသည့္ စိတ္ၾကြေဆးျပား (၈)သန္းကိုေတြ႔ရၿပီး ပစ္ခတ္မႈအတြင္း ေသဆံုးသြားသူေဘးတြင္ ပစၥတိုတစ္လက္ကိုေတြ႔ရေၾကာင္း သိရသည္။
မူးယစ္ေဆးသယ္ေဆာင္လာသည့္ ထုိင္းနုိင္ငံသား (၃)ဦးကို အေရးယူမႈမ်ားလုပ္ေဆာင္ထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Chaingraireport

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ကျန်းအနီးဖမ်းမိသည့် စိတ်ကြွဆေးပြား (၈)သန်းကို မြန်မာနယ်စပ်မှ သယ်ဆောင်လာဟု ထိုင်းရဲတပ်ဖွဲ့ဆို
***************
ထိုင်းမူးယစ်တပ်ဖွဲ့က မယ့်ဖါးလုံနှင့် မယ်ကျန်း လမ်းပိုင်းတွင် စိတ်ကြွဆေးပြား (၈)သန်း သယ်ဆောင်လာသူများကို ပစ်ခတ်ဖမ်းဆီးရမိပြီးနောက် အဆိုပါ စိတ်ကြွဆေးပြားများမှာ မြန်မာနယ်စပ်မှ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ယူဆကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

မူးယစ်တပ်ဖွဲ့က သံသယဖြစ်ဖွယ် ပစ်ကပ်ကား (၃)စီးကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နံနက် (၁)နာရီအချိန်က တွေ့ရသဖြင့် စစ်ဆေးရန်တားဆီးစဉ် ကားတစ်စီးပေါ်မှ ရဲတပ်ဖွဲ့အား စတင်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းရိုင်းလိုင်စင်နံပါတ်ပြားတပ်ထားသည့် ကား(၂)စီးနှင့် ဘန်ကောက်လိုင်စင်နံပါတ်ပြားတပ်ထားသည့် ကား(၁)စီးတို့သည် တောင်ပေါ်လမ်းမှ မယ်ကျန်းဘက်သို့ မောင်းနှင်လာစဉ် မူးယစ်တပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်ဆေးသယ်လာသည့်အဖွဲ့မှ တစ်ဦးသေဆုံးသွားပြီးနောက် ကျန် (၂)ဦးက လက်နက်ချအဖမ်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကား(၃)စီးပေါ်တွင် တာပေါ်လင်စများဖြင့်ဖုံးအုပ်သယ်လာသည့် စိတ်ကြွဆေးပြား (၈)သန်းကိုတွေ့ရပြီး ပစ်ခတ်မှုအတွင်း သေဆုံးသွားသူဘေးတွင် ပစ္စတိုတစ်လက်ကိုတွေ့ရကြောင်း သိရသည်။
မူးယစ်ဆေးသယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား (၃)ဦးကို အရေးယူမှုများလုပ်ဆောင်ထားကြောင်း သိရသည်။

Tachileik News Agency
Ref: Chaingraireport

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net