Telenor အေနျဖင့္ CICC ေတာင္းဆိုခ်က္ (၃)ခုမလိုက္နာပါက အေရးယူသြားမည္

Telenor အေနျဖင့္ CICC ေတာင္းဆိုခ်က္ (၃)ခုမလိုက္နာပါက အေရးယူသြားမည္
မတ် 14, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ စားသံုးသူတိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီႏွင့္ Telenor ျမန္မာကုမၸဏီတုိ႔ ေတြ႔ဆံုေဆြးေႏြးစဥ္က ေတာင္းဆိုထားသည့္ အခ်က္ (၃) ခ်က္ကို လိုက္နာမႈ မရိွပါက ဥပေဒအရ အေရးယူေဆာင္ရြက္သြားရန္ မတ္လ (၁၂)ရက္ေန႔က က်င္းပသည့္ ႐ွမ္းျပည္နယ္ စားသံုးသူအျငင္းပြားမႈ ေျဖ႐ွင္းေရးအဖြဲ႔ႏွင့္ လုပ္ငန္းေကာ္မတီ ႏွစ္ရပ္ ညႇိႏိႈင္းအစည္းအေဝးတြင္ ဆံုးျဖတ္လိုက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္စားသံုးသူတိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီႏွင့္ Telenor ျမန္မာကုမၸဏီတုိ႔ ၂၀၁၉ ခုႏွစ္၊ မတ္လ (၅) ရက္ေန႔က ရွမ္းျပည္နယ္၊ စားသံုးသူသတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးစင္တာ၌ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

"၀န္ေဆာင္မႈဆိုရင္ Telenor နဲ႔ပတ္သက္တဲ့ဥစၥာေတြေပါ့။ ညိႇႏိႈင္းေျဖရွင္းခ်က္ေတြကို ေဆာင္ရြက္မေပးဘူးဆိုရင္ လုပ္မေပးဘူးဆိုရင္ တည္ဆဲဥပေဒေတြ၊ သက္ဆိုင္တဲ့ဥပေဒေတြနဲ႔ အေရးယူရမွာေပါ့။ ဆက္သြယ္ေရးမွာလည္း သူ႕ဥပေဒေတြရိွမွာပဲေလ။ တစ္ခ်ိဳ႕က်ေတာ့ ေငြေၾကးျဖတ္ေတာက္တယ္ဆိုၿပီးေတာ့ လိမ္လည္တာေတြက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(၈)၊ တရား၀င္ေအာ္ပေရတာတစ္ခုက Package ေတြကို အရြယ္အစားေတြ၊ ေစ်းႏႈန္းေတြကိုလည္း သူတို႔ေတာင္းခ်င္တိုင္းေတာင္းလို႔မရဘူး။ သူတို႔ဒါေတြကို ဆက္သြယ္ေရးဌာနမွာ တင္ျပေတာင္းခံရမယ္"ဟု ျပည္နယ္စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၃) ရက္ေန႔တြင္ေျပာသည္။

Telenor Broadband အင္တာနက္၀န္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ တိုင္ၾကားလႊာမ်ား (၁၀)ရက္အတြင္း (၃၃၈)မႈအထိ ရိွခဲ့သျဖင့္ Consumer Information and Complainet Center(CICC) ေနျပည္ေတာ္တြင္ Telenor Myanmar မွ တာ၀န္ရိွသူမ်ား၊ ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနႏွင့္ စားသံုးသူေရးရာ ဦးစီးဌာနမွ တာ၀န္ရိွသူမ်ား ဇန္န၀ါရီ (၂၁)ရက္ေန႔က ေတြ႕ဆံုညိႇႏိႈင္းခဲ့ၿပီး ေျဖရွင္းေပးမည့္ အခ်က္ (၃)ခ်က္ကို ထုတ္ျပန္ေပးခဲ့ၿပီး ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ (၁) ရက္မတိုင္မီ Unlimited Plan ၀န္ေဆာင္မႈ၀ယ္ယူထားသူမ်ားႏွင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ (၁) ရက္မွစ၍ 10 GB Par Day ဝန္ေဆာင္မႈ ၀ယ္ယူထားသူမ်ားအေနျဖင့္ သက္တမ္း ဆက္တိုးပါက မွ်တသံုးစြဲမည့္မႈ၀ါဒ (111 GB Par Month) ျဖင့္သာ ဆက္လက္သံုးစြဲႏိုင္မည္ျဖစ္ေၾကာင္း ႏွင့္ မွ်တသံုးစြဲသည့္ မႈ၀ါဒ၀န္ေဆာင္မႈကို ဆက္လက္အသံုးမျပဳလိုသူမ်ား အေနျဖင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၅ ရက္မတိုင္မီ ခ်ိဳ႕ယြင္းပ်က္စီးမႈ မရိွေသာ စက္မ်ားကို ျပန္အပ္၍ က်ပ္(၁၅၀၀၀)ကို တယ္လီေနာမွ ျပန္လည္ထုတ္ေပးရမည္ျဖစ္ေၾကာင္းပါရိွခဲ့သည္။

"အဓိကက အရင္သံုးထားတဲ့လူေတြေပါ့။ ပထမဆံုး (၃) လအတြင္းမွာေရာင္းခ်ထားတဲ့ Unlimited သမညးေတြကို အရင္အတိုင္းပဲဆက္လက္သံုးစြဲခြင့္ ျပဳဖို႔၊ သံုးစြဲခြင့္မျပဳပါက စက္ဖိုးတြင္မက မႈလအတိုင္း (၇၅၀၀၀) ျပန္လည္ေပးေလ်ာ္ရမယ္၊ ေတာင္းဆိုခ်က္ ႏွစ္ခ်က္ကို လိုက္နာေဆာင္ရြက္ျခင္းမျပဳပါက ကၽြန္ေတာ္တို႔ ဥပေဒနဲ႔အညီဆက္လက္ေဆာင္ရြက္သြားမယ္"ဟု မတ္လ (၅) ရက္ေန႔ ေတြ႕ဆံုပြဲတြင္ ေတာင္းဆိုခဲ့ေၾကာင္း ဦးမင္းေအာင္ကဆိုသည္။

Telenor Broadband ကို မိသားစုအ၀သုံး Unlimited အျဖစ္ ၇၅,၀၀၀ က်ပ္ျဖင့္ စတင္ေရာင္းခ်ခဲ့ကာ မၾကာမီ ကာလတြင္ မွ်တစြာ သုံးစြဲျခင္းအစီအစဥ္ျဖင့္ တစ္ရက္လွ်င္ 10 GB သို႔ေလ်ာ့ခ်ခဲ့ၿပီး စက္တန္ဖိုးကို ၇၅,၀၀၀ က်ပ္မွ ၉၀,၀၀၀ က်ပ္သို႔ တိုးျမႇင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအစီအစဥ္မွာ လက္ရိွတြင္ သံုးစြဲသူ User Drive (၅)ခု ထက္ပိုမို ခ်ိတ္ဆက္ခြင့္မျပဳဘဲ တစ္ရက္လွ်င္ (3.7) GB ႏႈန္းျဖင့္ တစ္လလွ်င္ (111) GB သာ သံုးစြဲခြင့္ျပဳေတာ့သျဖင့္ တိုင္ၾကား လာၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
Telenor အနေဖြင့် CICC တောင်းဆိုချက် (၃)ခုမလိုက်နာပါက အရေးယူသွားမည်
**********
ရှမ်းပြည်နယ် စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် Telenor မြန်မာကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးစဉ်က တောင်းဆိုထားသည့် အချက် (၃) ချက်ကို လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် မတ်လ (၁၂)ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ နှစ်ရပ် ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် Telenor မြန်မာကုမ္ပဏီတို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၅) ရက်နေ့က ရှမ်းပြည်နယ်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

"ဝန်ဆောင်မှုဆိုရင် Telenor နဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့။ ညှိနှိုင်းဖြေရှင်းချက်တွေကို ဆောင်ရွက်မပေးဘူးဆိုရင် လုပ်မပေးဘူးဆိုရင် တည်ဆဲဥပဒေတွေ၊ သက်ဆိုင်တဲ့ဥပဒေတွေနဲ့ အရေးယူရမှာပေါ့။ ဆက်သွယ်ရေးမှာလည်း သူ့ဥပဒေတွေရှိမှာပဲလေ။ တစ်ချို့ကျတော့ ငွေကြေးဖြတ်တောက်တယ်ဆိုပြီးတော့ လိမ်လည်တာတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(၈)၊ တရားဝင်အော်ပရေတာတစ်ခုက Package တွေကို အရွယ်အစားတွေ၊ ဈေးနှုန်းတွေကိုလည်း သူတို့တောင်းချင်တိုင်းတောင်းလို့မရဘူး။ သူတို့ဒါတွေကို ဆက်သွယ်ရေးဌာနမှာ တင်ပြတောင်းခံရမယ်"ဟု ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၃) ရက်နေ့တွင်ပြောသည်။

Telenor Broadband အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားလွှာများ (၁၀)ရက်အတွင်း (၃၃၈)မှုအထိ ရှိခဲ့သဖြင့် Consumer Information and Complainet Center(CICC) နေပြည်တော်တွင် Telenor Myanmar မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဇန်နဝါရီ (၂၁)ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဖြေရှင်းပေးမည့် အချက် (၃)ချက်ကို ထုတ်ပြန်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မတိုင်မီ Unlimited Plan ဝန်ဆောင်မှုဝယ်ယူထားသူများနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှစ၍ 10 GB Par Day ဝန်ဆောင်မှု ဝယ်ယူထားသူများအနေဖြင့် သက်တမ်း ဆက်တိုးပါက မျှတသုံးစွဲမည့်မှုဝါဒ (111 GB Par Month) ဖြင့်သာ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း နှင့် မျှတသုံးစွဲသည့် မှုဝါဒဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းပျက်စီးမှု မရှိသော စက်များကို ပြန်အပ်၍ ကျပ်(၁၅၀၀၀)ကို တယ်လီနောမှ ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်းပါရှိခဲ့သည်။

"အဓိကက အရင်သုံးထားတဲ့လူတွေပေါ့။ ပထမဆုံး (၃) လအတွင်းမှာရောင်းချထားတဲ့ Unlimited သမညးတွေကို အရင်အတိုင်းပဲဆက်လက်သုံးစွဲခွင့် ပြုဖို့၊ သုံးစွဲခွင့်မပြုပါက စက်ဖိုးတွင်မက မှုလအတိုင်း (၇၅၀၀၀) ပြန်လည်ပေးလျော်ရမယ်၊ တောင်းဆိုချက် နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက ကျွန်တော်တို့ ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်"ဟု မတ်လ (၅) ရက်နေ့ တွေ့ဆုံပွဲတွင် တောင်းဆိုခဲ့ကြောင်း ဦးမင်းအောင်ကဆိုသည်။

Telenor Broadband ကို မိသားစုအဝသုံး Unlimited အဖြစ် ၇၅,၀၀၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့ကာ မကြာမီ ကာလတွင် မျှတစွာ သုံးစွဲခြင်းအစီအစဉ်ဖြင့် တစ်ရက်လျှင် 10 GB သို့လျော့ချခဲ့ပြီး စက်တန်ဖိုးကို ၇၅,၀၀၀ ကျပ်မှ ၉၀,၀၀၀ ကျပ်သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်မှာ လက်ရှိတွင် သုံးစွဲသူ User Drive (၅)ခု ထက်ပိုမို ချိတ်ဆက်ခွင့်မပြုဘဲ တစ်ရက်လျှင် (3.7) GB နှုန်းဖြင့် တစ်လလျှင် (111) GB သာ သုံးစွဲခွင့်ပြုတော့သဖြင့် တိုင်ကြား လာကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net