လားရိႈးၿမိဳ႕ ရွန္ခုိက္ဘုရားပြဲေတာ္လံုၿခံဳေရးအတြက္ ကင္မရာ (၁၀၀)ေက်ာ္ျဖင့္ ၂၄ နာရီ ေစာင့္ၾကည့္တာဝန္ယူထားမည္

လားရိႈးၿမိဳ႕ ရွန္ခုိက္ဘုရားပြဲေတာ္လံုၿခံဳေရးအတြက္ ကင္မရာ (၁၀၀)ေက်ာ္ျဖင့္ ၂၄ နာရီ ေစာင့္ၾကည့္တာဝန္ယူထားမည္
မတ် 2, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္ ရွန္ခိုက္ေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂) ရက္ေန႔မွ (၄) ရက္ေန႔ အထိ က်င္းပေနသည့္ ေပၚေတာ္မူသီရိသွ်ီဝရွန္ခိုက္ဘုရားပြဲေတာ္ကာလ လံုၿခံဳေရးအတြက္ လံုၿခံဳေရးကင္မရာ အလံုး (၁၀၀)ေက်ာ္အသံုးျပဳထားၿပီး ေကာ္မတီ (၇)ခုျဖင့္ (၂၄)နာရီလံုၿခံဳေရးတာဝန္ယူထားေၾကာင္း သိရသည္။

မႏၱေလး - လားရိႈး ရထားလမ္းပိုင္း မန္းပြဲဘူတာႏွင့္ နမ့္ေမ်ွာ္ဘူတာအၾကားရွိ ရွန္ခိုက္ေက်းရြာဘူတာ အနီးရိွ ဟိႏၵဴဘာသာဝင္တုိ႔၏ သီရိသွ်ီဝ ရွန္ခိုက္ဘုရားပြဲေတာ္ကို ႏွစ္စဥ္က်င္းပေလ့ရိွၿပီး အနယ္နယ္အရပ္ရပ္မွ လာေရာက္ဖူးေျမာက္ေလ့ရိွၾကျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္၏ ဘုရားပြဲေတာ္အား မတ္လ (၂)ရက္ေန႔က စတင္ဖြင့္လွစ္ရာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျမန္မာတိုင္းရင္းသားဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ ျပည္နယ္ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သူေဇာ္၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေဂၚရခါးဟိႏၷဴအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ဝင္း၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဟိႏၷဴ ဘာသာေရး ဗဟိုအဖြဲ႔ခ်ဳပ္ဥကၠဌ တို႔ တက္ေရာက္ၾကၿပီး ျပည္နယ္အစိုးရအဖြဲ႕က အလွဴေငြ က်ပ္ (၁၀)သိန္းလွဴဒါန္းကာ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးက ပရိုဂ်က္တာ တစ္စံု လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ ဘုရားပြဲေတာ္ကာလအတြင္း Lဆိုင္းဇီ ၊ ဂ်ဴးဂ်ဴး ႏွင့္ ဘိုေကဒါရီး တို႔ လာေရာက္ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့ ရှန်ခိုက်ဘုရားပွဲတော်လုံခြုံရေးအတွက် ကင်မရာ (၁၀၀)ကျော်ဖြင့် ၂၄ နာရီ စောင့်ကြည့်တာဝန်ယူထားမည်
**********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ရှန်ခိုက်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှ (၄) ရက်နေ့ အထိ ကျင်းပနေသည့် ပေါ်တော်မူသီရိသျှီဝရှန်ခိုက်ဘုရားပွဲတော်ကာလ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ အလုံး (၁၀၀)ကျော်အသုံးပြုထားပြီး ကော်မတီ (၇)ခုဖြင့် (၂၄)နာရီလုံခြုံရေးတာဝန်ယူထားကြောင်း သိရသည်။

မန္တလေး - လားရှိုး ရထားလမ်းပိုင်း မန်းပွဲဘူတာနှင့် နမ့်မျှော်ဘူတာအကြားရှိ ရှန်ခိုက်ကျေးရွာဘူတာ အနီးရှိ ဟိန္ဒူဘာသာဝင်တို့၏ သီရိသျှီဝ ရှန်ခိုက်ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြောက်လေ့ရှိကြခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၏ ဘုရားပွဲတော်အား မတ်လ (၂)ရက်နေ့က စတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် မြန်မာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္နူအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္နူ ဘာသာရေး ဗဟိုအဖွဲ့ချုပ်ဥက္ကဌ တို့ တက်ရောက်ကြပြီး ပြည်နယ်အစိုးရအဖွဲ့က အလှူငွေ ကျပ် (၁၀)သိန်းလှူဒါန်းကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ပရိုဂျက်တာ တစ်စုံ လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်ကာလအတွင်း Lဆိုင်းဇီ ၊ ဂျူးဂျူး နှင့် ဘိုကေဒါရီး တို့ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~