က်ားသစ္ႏွင့္ Selfie ဆြဲရန္ႀကိဳးစားသည့္ အမ်ိဳးသမီးကို က်ားသစ္က ကုတ္ဆြဲ၍ ဒဏ္ရာအျပင္းအထန္ရရိွ

က်ားသစ္ႏွင့္ Selfie ဆြဲရန္ႀကိဳးစားသည့္ အမ်ိဳးသမီးကို က်ားသစ္က ကုတ္ဆြဲ၍ ဒဏ္ရာအျပင္းအထန္ရရိွ
မတ် 11, 2019
By 🌸
က်ားသစ္ေလွာင္အိမ္အနီး ၿခံစည္းရိုးေပၚတက္၍ က်ားသစ္ႏွင့္ Selfie ဆြဲရန္ႀကိဳးစားသည့္ အမ်ိဳးသမီးတစ္ဦး က်ားသစ္ကုတ္ခံရ၍ လက္တြင္ ဒဏ္ရာျပင္းထန္စြာရသြားေၾကာင္း သိရသည္။

အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္ရိွ တိရစၦာန္ရံုတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၀)ရက္ေန႔က အလည္အပတ္လာသည့္အမ်ိဳးသမီးက အႏၱရာယ္ရိွသည့္အတြက္ ကာရံေပးထားသည့္ၿခံစည္းရိုးေပၚတက္ကာ က်ားသစ္ႏွင့္ နီးနီးကပ္ကပ္ ဓါတ္ပံုရိုက္ရန္ ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးတက္သြားသည့္ေနရာအား က်ားသစ္က လက္လွမ္းမီသြားၿပီး ဆြဲကုပ္လုိက္သျဖင့္ လက္တြင္ ဒဏ္ရာအျပင္းအထန္ရသြားခဲ့ျခင္းျဖစ္ကာ ယခုအျဖစ္အပ်က္မွာ တစ္လအတြင္း အဆိုပါ က်ားသစ္မက ကုတ္ဆြဲလုိက္သည့္ ဒုတိယအႀကိမ္ေျမာက္ မေတာ္တဆမႈျဖစ္ေၾကာင္း သိရသည္။

 “ဒါက ေတာရိုင္းတိရစၦာန္တစ္ေကာင္ပါ။ ဒီအတြက္လည္း လည္ပတ္သူေတြလံုၿခံဳဖုိ႔ လိုအပ္တဲ့အကာအရံအတားအဆီးေတြကို ေသေသခ်ာခ်ာလုပ္ေပးထားပါတယ္။ ေဘးကင္းေအာင္ ကာရံေပးထားတာကို ေက်ာ္ဝင္လုိ႔ ရန္ျပဳခံရရင္ေတာ့ ဒါကတိရစၦာန္အျပစ္ေတာ့မဟုတ္ဘူး။ ဒဏ္ရာရတဲ့အမ်ိဳးသမီးနဲ႔ သူ႔မိသားစုအတြက္လည္း ဆုေတာင္းေပးေနပါတယ္”ဟုအရီဇိုးနားတိရစၦာန္ရံု၏ ဒါရိုက္တာျဖစ္သူ မစ္ကီေအာ္လ္ဆန္က ေျပာသည္။

အဆိုပါ ထိခုိက္ဒဏ္ရာရမႈႏွင့္ပတ္သက္၍ တိရစၦာန္ရံုတာဝန္ရိွသူမ်ားက စံုစမ္းစစ္ေဆးေနၾကၿပီး ယင္းအျဖစ္အပ်က္ေၾကာင့္ က်ားသစ္အား သတ္ပစ္မည္မဟုတ္ေၾကာင္း ေျပာၾကားထားသည္။

ကမၻာတစ္လႊားတြင္ ထူးထူးျခားျခား Selfie ဆြဲရန္ႀကိဳးစားရင္း မေတာ္တဆမႈမ်ားေၾကာင့္ ထိခုိက္ဒဏ္ရာရမႈမ်ား၊ ေသဆံုးမႈမ်ားရိွေနရာ အႏၱရာယ္ရိွေနရာမ်ားတြင္ Selfie မရိုက္ရဇုန္သတ္မွတ္သင့္သည္ဟုလည္း အခ်ိဳ႕က အႀကံျပဳထားသည္။

ဘာသာျပန္သတင္း #ဇာႏွင္း
Ref:Daily Mail

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျားသစ်နှင့် Selfie ဆွဲရန်ကြိုးစားသည့် အမျိုးသမီးကို ကျားသစ်က ကုတ်ဆွဲ၍ ဒဏ်ရာအပြင်းအထန်ရရှိ
**************
ကျားသစ်လှောင်အိမ်အနီး ခြံစည်းရိုးပေါ်တက်၍ ကျားသစ်နှင့် Selfie ဆွဲရန်ကြိုးစားသည့် အမျိုးသမီးတစ်ဦး ကျားသစ်ကုတ်ခံရ၍ လက်တွင် ဒဏ်ရာပြင်းထန်စွာရသွားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ တိရစ္ဆာန်ရုံတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က အလည်အပတ်လာသည့်အမျိုးသမီးက အန္တရာယ်ရှိသည့်အတွက် ကာရံပေးထားသည့်ခြံစည်းရိုးပေါ်တက်ကာ ကျားသစ်နှင့် နီးနီးကပ်ကပ် ဓါတ်ပုံရိုက်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးတက်သွားသည့်နေရာအား ကျားသစ်က လက်လှမ်းမီသွားပြီး ဆွဲကုပ်လိုက်သဖြင့် လက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့ခြင်းဖြစ်ကာ ယခုအဖြစ်အပျက်မှာ တစ်လအတွင်း အဆိုပါ ကျားသစ်မက ကုတ်ဆွဲလိုက်သည့် ဒုတိယအကြိမ်မြောက် မတော်တဆမှုဖြစ်ကြောင်း သိရသည်။

 “ဒါက တောရိုင်းတိရစ္ဆာန်တစ်ကောင်ပါ။ ဒီအတွက်လည်း လည်ပတ်သူတွေလုံခြုံဖို့ လိုအပ်တဲ့အကာအရံအတားအဆီးတွေကို သေသေချာချာလုပ်ပေးထားပါတယ်။ ဘေးကင်းအောင် ကာရံပေးထားတာကို ကျော်ဝင်လို့ ရန်ပြုခံရရင်တော့ ဒါကတိရစ္ဆာန်အပြစ်တော့မဟုတ်ဘူး။ ဒဏ်ရာရတဲ့အမျိုးသမီးနဲ့ သူ့မိသားစုအတွက်လည်း ဆုတောင်းပေးနေပါတယ်”ဟုအရီဇိုးနားတိရစ္ဆာန်ရုံ၏ ဒါရိုက်တာဖြစ်သူ မစ်ကီအော်လ်ဆန်က ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်၍ တိရစ္ဆာန်ရုံတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြပြီး ယင်းအဖြစ်အပျက်ကြောင့် ကျားသစ်အား သတ်ပစ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

ကမ္ဘာတစ်လွှားတွင် ထူးထူးခြားခြား Selfie ဆွဲရန်ကြိုးစားရင်း မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများရှိနေရာ အန္တရာယ်ရှိနေရာများတွင် Selfie မရိုက်ရဇုန်သတ်မှတ်သင့်သည်ဟုလည်း အချို့က အကြံပြုထားသည်။

ဘာသာပြန်သတင်း #ဇာနှင်း
Ref:Daily Mail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net