ဘတ္ေငြ (၇)သန္းေက်ာ္ကို ဓါးျပတုိက္သြားသည့္လူငယ္ႏွစ္ဦးအနက္ တစ္ဦးကို အေသပစ္ခတ္ဖမ္းဆီးရမိ

ဘတ္ေငြ (၇)သန္းေက်ာ္ကို ဓါးျပတုိက္သြားသည့္လူငယ္ႏွစ္ဦးအနက္ တစ္ဦးကို အေသပစ္ခတ္ဖမ္းဆီးရမိ
မတ် 5, 2019
By 🌸
ထုိင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ ဘတ္ေငြ (၇.၂)သန္းကို ဓါးျမတုိက္သြားသူႏွစ္ဦးအနက္ အသက္(၂၇)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က မတ္လ (၄)ရက္ေန႔ နံနက္ပိုင္းတြင္ အေသပစ္ခတ္ဖမ္းဆီးလိုက္ေၾကာင္း The Nation သတင္းေဖၚျပခ်က္အရ သိရသည္။

ယခုပစ္ခတ္ဖမ္းဆီးခဲ့ရသူမွာ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔က ဘန္ေကာက္ရိွ Bic C Extra ေစ်းဝယ္စင္တာေရွ႕တြင္ ဘတ္ေငြ (၇)သန္းေက်ာ္သယ္လာသည့္ ေငြသယ္ယာဥ္အား ဓါးျပတုိက္သြားသူႏွစ္ဦးအနက္ တစ္ဦးျဖစ္ၿပီး အသက္ (၁၉)ႏွစ္အရြယ္ အမ်ိဳးသားကိုမူ ေဖေဖၚဝါရီလ (၂၇)ရက္ေန႔တြင္ ဖမ္းဆီးရမိထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အဆိုပါေငြသယ္ကားအား ဓါးျပတုိက္သြားသူမ်ား ပုန္းေအာင္းေနသည္ဟု သံသယရိွသည့္ေနရာမ်ားအနီးတဝိုက္တြင္ စံုစမ္းၿပီးေနာက္ ဓါးျပတုိက္သြားသူ ပုန္းေအာင္းေနသည္ဟု ယူဆရသည့္ စႏူကာကစားခန္းမသို႔ ဝင္ေရာက္ဖမ္းဆီးရာ ဆုိင္ကယ္ျဖင့္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕က ထြက္ေျပးသြားသည့္ဆိုင္ကယ္ေနာက္သို႔လိုက္၍ ဖမ္းဆီးရန္ႀကိဳးစားစဥ္ ျမက္ရွည္ေတာထဲတြင္ ဝင္ေရာက္သြားၿပီး အဖမ္းဆီးမခံဘဲ ခုခံသျဖင့္ ရဲတပ္ဖြဲ႕က အေသပစ္ခတ္ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားစီးလာသည့္ ဆုိင္ကယ္ထုိင္ခံုေအာက္တြင္ ထည့္သြင္းလာသည့္ ဘတ္ေငြ (၃)သိန္းကိုေတြ႔ရိွရၿပီး အေလာင္းကို စစ္ေဆးႏုိင္ရန္ ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသား(၂)ဦးသည္ ေငြသယ္သည့္ကားမွ ေငြမ်ားအား ဆုိင္ကယ္သို႔ေျပာင္းသယ္ခ်ိန္ (၁၀)စကၠန္႔ဝန္းက်င္သာ ၾကာသျဖင့္ ႀကိဳတင္ျပင္ဆင္မႈေကာင္းစြာျပဳလုပ္ထားၾကသည္ဟု ရဲတပ္ဖြဲ႕က ယူဆထားသည္။

Siam Commercial Bank မွ ေငြသယ္လာသည့္ကားအနီးသို႔ ဓါးျပတုိက္သူႏွစ္ဦးက ဆုိင္ကယ္ျဖင့္ေရာက္လာၾကၿပီး ကားေပၚမွေငြမ်ားကို အိတ္ႏွစ္အိတ္အတြင္းသို႔ စကၠန္႔ပိုင္းတြင္ ေျပာင္းထည့္ကာ သယ္ေဆာင္သြားခဲ့ၾကျခင္းျဖစ္ၿပီး အနီးရိွအလုပ္သမားမ်ား ထြက္ေျပးေစရန္ ေျခာက္လွန္႔ပစ္ခတ္မႈလုပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဘတ်ငွေ (၇)သန်းကျော်ကို ဓါးပြတိုက်သွားသည့်လူငယ်နှစ်ဦးအနက် တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိ
**********
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဘတ်ငွေ (၇.၂)သန်းကို ဓါးမြတိုက်သွားသူနှစ်ဦးအနက် အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က မတ်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း The Nation သတင်းဖေါ်ပြချက်အရ သိရသည်။

ယခုပစ်ခတ်ဖမ်းဆီးခဲ့ရသူမှာ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က ဘန်ကောက်ရှိ Bic C Extra ဈေးဝယ်စင်တာရှေ့တွင် ဘတ်ငွေ (၇)သန်းကျော်သယ်လာသည့် ငွေသယ်ယာဉ်အား ဓါးပြတိုက်သွားသူနှစ်ဦးအနက် တစ်ဦးဖြစ်ပြီး အသက် (၁၉)နှစ်အရွယ် အမျိုးသားကိုမူ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့တွင် ဖမ်းဆီးရမိထားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါငွေသယ်ကားအား ဓါးပြတိုက်သွားသူများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့်နေရာများအနီးတဝိုက်တွင် စုံစမ်းပြီးနောက် ဓါးပြတိုက်သွားသူ ပုန်းအောင်းနေသည်ဟု ယူဆရသည့် စနူကာကစားခန်းမသို့ ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ထွက်ပြေးသွားသည့်ဆိုင်ကယ်နောက်သို့လိုက်၍ ဖမ်းဆီးရန်ကြိုးစားစဉ် မြက်ရှည်တောထဲတွင် ဝင်ရောက်သွားပြီး အဖမ်းဆီးမခံဘဲ ခုခံသဖြင့် ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားစီးလာသည့် ဆိုင်ကယ်ထိုင်ခုံအောက်တွင် ထည့်သွင်းလာသည့် ဘတ်ငွေ (၃)သိန်းကိုတွေ့ရှိရပြီး အလောင်းကို စစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါအမျိုးသား(၂)ဦးသည် ငွေသယ်သည့်ကားမှ ငွေများအား ဆိုင်ကယ်သို့ပြောင်းသယ်ချိန် (၁၀)စက္ကန့်ဝန်းကျင်သာ ကြာသဖြင့် ကြိုတင်ပြင်ဆင်မှုကောင်းစွာပြုလုပ်ထားကြသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

Siam Commercial Bank မှ ငွေသယ်လာသည့်ကားအနီးသို့ ဓါးပြတိုက်သူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာကြပြီး ကားပေါ်မှငွေများကို အိတ်နှစ်အိတ်အတွင်းသို့ စက္ကန့်ပိုင်းတွင် ပြောင်းထည့်ကာ သယ်ဆောင်သွားခဲ့ကြခြင်းဖြစ်ပြီး အနီးရှိအလုပ်သမားများ ထွက်ပြေးစေရန် ခြောက်လှန့်ပစ်ခတ်မှုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net