မန္လီရြာသား(၁၂)ဦးႏွင့္ နမၼတူေဒသခံမ်ားအား လႊတ္ေပးရန္ RCSS ကို တအာင္းလူမႈအဖြဲ႕အစည္းမ်ားက ဆႏၵထုတ္ေဖၚေတာင္းဆို

မန္လီရြာသား(၁၂)ဦးႏွင့္ နမၼတူေဒသခံမ်ားအား လႊတ္ေပးရန္ RCSS ကို တအာင္းလူမႈအဖြဲ႕အစည္းမ်ားက ဆႏၵထုတ္ေဖၚေတာင္းဆို
မတ် 17, 2019
By 🌸
RCSS မွ ဖမ္းေခၚထားသည့္ မန္လီရြာသား (၁၂)ဦးႏွင့္ နမၼတူေဒသခံမ်ားအား လႊတ္ေပးရန္စာသားမ်ားပါသည့္ ဗီႏိုင္းမ်ားကိုင္ေဆာင္၍ တအာင္းလူမႈအဖြဲ႕အစည္းမ်ားက ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၇)ရက္ေန႔ နံနက္က ဆႏၵေဖၚထုတ္ၾကသည္။

နမၼတူၿမိဳ႕နယ္၊ မန္လီေက်းရြာအနီးတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁) ရက္ေန႔က ေပ်ာက္ဆံုးသြားသည့္ ရြာသား (၁၂) ဦးကို ဖမ္းဆီးထားျခင္းမရိွေၾကာင္း RCSS ကျငင္းထားေသာ္လည္း တအာင္းအရပ္ဖက္အဖြဲ႕အစည္းမ်ားက ယင္းကဲ့သို႔ ဆႏၵထုတ္ေဖၚလာျခင္းျဖစ္သည္။

"ကၽြန္မတို႔ စံုစမ္းသိရွိရသေလာက္ အေထာက္အထားေတြအရ RCSS လက္နက္ကိုင္အဖြဲ႔က ဖမ္းဆီးသြား တယ္လို႔ ယံုၾကည္ရပါတယ္။ အဲဒီလက္နက္ကိုင္အဖြဲ႔နဲ႔ တိုက္ရိုက္ဆက္သြယ္လို႔မရပါဘူး။ သူတို႔နဲ႔ အဆက္ အသြယ္ရွိတဲ့သူေတြဆီကေန သတင္းေတြကို တစ္ဆင့္သိရတာ ျဖစ္ပါတယ္။ RCSS တပ္ဖြဲ႔ကေတာ့ သူတို႔ တပ္သားေတြက ရြာသားေတြကို မဖမ္းထားဘူးလို႔ ျငင္းထားပါတယ္။ ဘယ္သူဖမ္းဖမ္း အဲဒီရြာသားေတြကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔အတြက္ ေတာင္းဆိုရျခင္းျဖစ္ပါတယ္" ဟု တအာင္းအမ်ိဳးသမီးအဖြဲ႔အစည္းမွ တြဲဘက္ အေထြေထြ အတြင္းေရးမွဴး ( ၁ ) မေလြးပိုးကေမ့ဲျခိဳဝ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေၾကြးေၾကာ္သံမ်ားကိုင္ေဆာင္ထားသူမ်ားက လားရိႈးၿမိဳ႕၊ အမွတ္ (၁) ရပ္ကြက္ အာဇာနည္ေက်ာက္တိုင္ကြင္းေရွ႕မွ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း ျပည္ေထာင္စုအားကစားကြင္းအထိ နံနက္ (၉) နာရီမွစ၍ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ၾကကာ ေန႔လယ္ (၁၂)နာရီတြင္ ဆႏၵထုတ္ေဖၚမႈၿပီးဆံုးေၾကာင္း သိရသည္။

နမၼတူၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆) ရက္မွ မတ္လ (၃) ရက္ေန႔အထိ TNLA ႏွင့္ RCSS တို႔ တုိက္ပြဲမ်ားျဖစ္ခဲ့သျဖင့္ မန္လီရြာသားမ်ားအား RCSS က ဖမ္းဆီးျခင္းျဖစ္သည္ဟု ယံုၾကည္ေၾကာင္း ဆႏၵထုတ္ေဖၚသူမ်ားက ဆိုသည္။

တအာင္း လူမႈအဖြဲ႔အစည္းမ်ားျဖစ္သည့္ တအာင္း အမ်ိဳးသမီး အဖြဲ႔အစည္း၊ တအာင္း ေက်ာင္းသားႏွင့္ လူငယ္အဖြဲ႔အစည္း၊ တအာင္း ပညာေရး အင္စတီက်ဳႏွင့္ Ta'ang Legal Aid အဖြဲ႔အစည္းတို႔ ပူးေပါင္းပါဝင္သည့္အဖြဲ႕က သက္ဆုိင္ရာထံ ခြင့္ျပဳခ်က္ရယူၿပီး ဆႏၵထုတ္ေဖၚၾကျခင္းျဖစ္ေၾကာင္း သိရသ္ည။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု- ေရႊမင္းသား

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန်လီရွာသား(၁၂)ဦးနှင့် နမ္မတူဒေသခံများအား လွှတ်ပေးရန် RCSS ကို တအာင်းလူမှုအဖွဲ့အစည်းများက ဆန္ဒထုတ်ဖေါ်တောင်းဆို
********
RCSS မှ ဖမ်းခေါ်ထားသည့် မန်လီရွာသား (၁၂)ဦးနှင့် နမ္မတူဒေသခံများအား လွှတ်ပေးရန်စာသားများပါသည့် ဗီနိုင်းများကိုင်ဆောင်၍ တအာင်းလူမှုအဖွဲ့အစည်းများက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့ နံနက်က ဆန္ဒဖေါ်ထုတ်ကြသည်။

နမ္မတူမြို့နယ်၊ မန်လီကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့က ပျောက်ဆုံးသွားသည့် ရွာသား (၁၂) ဦးကို ဖမ်းဆီးထားခြင်းမရှိကြောင်း RCSS ကငြင်းထားသော်လည်း တအာင်းအရပ်ဖက်အဖွဲ့အစည်းများက ယင်းကဲ့သို့ ဆန္ဒထုတ်ဖေါ်လာခြင်းဖြစ်သည်။

"ကျွန်မတို့ စုံစမ်းသိရှိရသလောက် အထောက်အထားတွေအရ RCSS လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွား တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်လို့မရပါဘူး။ သူတို့နဲ့ အဆက် အသွယ်ရှိတဲ့သူတွေဆီကနေ သတင်းတွေကို တစ်ဆင့်သိရတာ ဖြစ်ပါတယ်။ RCSS တပ်ဖွဲ့ကတော့ သူတို့ တပ်သားတွေက ရွာသားတွေကို မဖမ်းထားဘူးလို့ ငြင်းထားပါတယ်။ ဘယ်သူဖမ်းဖမ်း အဲဒီရွာသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်" ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ( ၁ ) မလွေးပိုးကမေဲ့ခြိုဝ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြွေးကြော်သံများကိုင်ဆောင်ထားသူများက လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက် အာဇာနည်ကျောက်တိုင်ကွင်းရှေ့မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း ပြည်ထောင်စုအားကစားကွင်းအထိ နံနက် (၉) နာရီမှစ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြကာ နေ့လယ် (၁၂)နာရီတွင် ဆန္ဒထုတ်ဖေါ်မှုပြီးဆုံးကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်မှ မတ်လ (၃) ရက်နေ့အထိ TNLA နှင့် RCSS တို့ တိုက်ပွဲများဖြစ်ခဲ့သဖြင့် မန်လီရွာသားများအား RCSS က ဖမ်းဆီးခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဆန္ဒထုတ်ဖေါ်သူများက ဆိုသည်။

တအာင်း လူမှုအဖွဲ့အစည်းများဖြစ်သည့် တအာင်း အမျိုးသမီး အဖွဲ့အစည်း၊ တအာင်း ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း၊ တအာင်း ပညာရေး အင်စတီကျုနှင့် Ta'ang Legal Aid အဖွဲ့အစည်းတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့က သက်ဆိုင်ရာထံ ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း သိရသ်ည။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ- ရွှေမင်းသား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net