ဘဂၤလားေဒ့ရွ္မီဒီယာတြင္ ျမန္မာႏွင့္ပတ္သက္၍ လြဲမွားေရးသားေၾကာင္း ျမန္မာသံရံုးက ၂၀၁၉ ခုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္ သတင္းထုတ္ျပန္

ဘဂၤလားေဒ့ရွ္မီဒီယာတြင္ ျမန္မာႏွင့္ပတ္သက္၍ လြဲမွားေရးသားေၾကာင္း ျမန္မာသံရံုးက ၂၀၁၉ ခုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္ သတင္းထုတ္ျပန္
မတ် 5, 2019
By 🌸
ဘဂၤလားေဒ့ရွ္မီဒီယာမ်ားတြင္ ျမန္မာႏုိင္ငံႏွင့္ပတ္သက္၍ လြဲမွားေရးသားခ်က္မ်ားျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ ဒါကာအေျခစိုက္ ျမန္မာသံရံုးက ၂၀၁၉ ခုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္ သတင္းထုတ္ျပန္မႈအျဖစ္ မတ္လ (၄)ရက္ေန႔က သတင္းထုတ္ျပန္လုိက္ၿပီး ရန္ကုန္အေျခစိုက္ တရုတ္သံရံုးကပါ အဆိုပါသတင္းအေပၚ တုန္႔ျပန္သတင္း ထုတ္ျပန္လုိက္သည္။
ဘဂၤလားေဒ့ရွ္အြန္လုိင္းသတင္းမီဒီယာတစ္ခုျဖစ္သည့္ Banglanews24 က  ျမန္မာႏုိင္ငံတြင္ ေနရပ္စြန္႔ခြာ ရိုဟင္ဂ်ာဆိုသူမ်ားအတြက္ Safe Zone တည္ေထာင္ေပးရန္ တရုတ္ႏုိင္ငံက သေဘာတူသည္ဟု မတ္လ (၃)ရက္ေန႔က သတင္းေဆာင္းပါး ေရးသားထားမႈမွာ အေျခအေနမွန္ႏွင့္ကင္းကြာေနၿပီး ပကတိအေျခအေနမွာ Safe Zone တည္ေဆာက္ရန္ ဘဂၤလားေဒ့ရွ္၏ အဆိုျပဳလာခ်က္ကို ျမန္မာႏုိင္ငံအေနျဖင့္ အစဥ္တစိုက္လံုးဝပယ္ခ်ခဲ့ၿပီး တရုတ္အပါအဝင္ အာဆီယံႏုိင္ငံမ်ားအေနျဖင့္လည္း မည္သည့္သေဘာတူညီခ်က္ တစ္စံုတစ္ရာမွ ေပးျခင္းမရိွေၾကာင္း ျမန္မာသံရံုးက သတင္းထုတ္ျပန္သည္။
အဆိုပါသတင္းေဆာင္းပါးေရးသားေဖၚျပခ်က္ႏွင့္ပတ္သက္၍ ရန္ကုန္အေျခစိုက္ တရုတ္သံရံုးကလည္း တရုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံတြင္ Safe Zone တည္ေထာင္သည္ကို မေထာက္ခံပါေၾကာင္းႏွင့္ ရခုိင္အေရးႏွင့္ပတ္သက္၍ တရုတ္ႏုိင္ငံ၏ ရပ္တည္ခ်က္သည္ အၿမဲတေစ တိတိက်က်ျဖစ္ပါသည္ဟု သတင္းထုတ္ျပန္ထားသည္။
ျမန္မာႏုိင္ငံႏွင့္ပတ္သက္၍ ဘဂၤလားေဒ့ရွ္ အေျခစိုက္ The Daily Star သတင္းစာကလည္း ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔က ဘဂၤလားေဒ့ရွ္ ႏုိင္ငံတြင္ အျပန္အလွန္ ပစ္ခတ္မႈအတြင္း ARSA အၾကမ္းဖက္ ေခါင္းေဆာင္ ေသဆံုးမႈသတင္းေဖၚျပရာ၌ အဆိုပါ ေသဆံုးသူအား ျမန္မာႏုိင္ငံသား ဒုစရိုက္မႈက်ဴးလြန္သူဟု ေဖၚျပမႈႏွင့္ပတ္သက္၍ ဒါကာအေျခစိုက္ ျမန္မာသံရံုးက အျခားသတင္းဌာနမ်ားတြင္ ARSA အၾကမ္းဖက္ေခါင္းေဆာင္ဟု ေရးသားေဖၚျပခ်က္မ်ားႏွင့္ ႏိႈင္းယွဥ္ျပၿပီး သတင္းထုတ္ျပန္ခဲ့သည္။
၂၀၁၉ ခုႏွစ္အတြင္း ဇန္နဝါရီလ (၂၀)ရက္ေန႔ကလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံမွ သတင္းမီဒီယာ (၂)ခုျဖစ္သည့္ Daily Observer ႏွင့္ Weeklybangladeshny တို႔က ျမန္မာႏုိင္ငံဘက္ျခမ္းတြင္ တံတားေဆာက္ေနျခင္းမဟုတ္ဘဲ နယ္နမိတ္တြင္ သံဆူးႀကိဳးၿခံစည္းရိုးခတ္ရန္ ျပင္ဆင္ေနသည္ဟု သတင္းေဖၚျပခ်က္၏ ေျမျပင္အေျခအေနႏွင့္ ကြဲလြဲေနမႈ၊ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာသံအမတ္ႀကီးထံ ေပးပို႔သည့္ ေမတၱာရပ္ခံစာတြင္ ေဖၚျပထားသည့္ ႏုိင္ငံတကာနယ္စပ္မ်ဥ္းမွ ေပ (၁၅၀) ဇုန္အတြင္း ျမန္မာဘက္မွ ကြန္ကရစ္တုိင္မ်ား ေဆာက္လုပ္ေနျခင္းကို ရပ္တန္႔ေပးပါရန္ဟု ေဖၚျပခ်က္တုိ႔မွာ ေျမျပင္အေျခအေနႏွင့္ ကြဲလြဲေနေၾကာင္း ဒါကာအေျခစိုက္ ျမန္မာသံရံုးမွ သံအမတ္ႀကီး ဦးလြင္ဦးက ရွင္းလင္းေျပာၾကားၿပီး သတင္းထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္ကို ေတြ႔ရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘင်္ဂလားဒေ့ရှ်မီဒီယာတွင် မြန်မာနှင့်ပတ်သက်၍ လွဲမှားရေးသားကြောင်း  မြန်မာသံရုံးက ၂၀၁၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက် သတင်းထုတ်ပြန်
**********
ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လွဲမှားရေးသားချက်များဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာအခြေစိုက် မြန်မာသံရုံးက ၂၀၁၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက် သတင်းထုတ်ပြန်မှုအဖြစ် မတ်လ (၄)ရက်နေ့က သတင်းထုတ်ပြန်လိုက်ပြီး ရန်ကုန်အခြေစိုက် တရုတ်သံရုံးကပါ အဆိုပါသတင်းအပေါ် တုန့်ပြန်သတင်း ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်အွန်လိုင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် Banglanews24 က  မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ရိုဟင်ဂျာဆိုသူများအတွက် Safe Zone တည်ထောင်ပေးရန် တရုတ်နိုင်ငံက သဘောတူသည်ဟု မတ်လ (၃)ရက်နေ့က သတင်းဆောင်းပါး ရေးသားထားမှုမှာ အခြေအနေမှန်နှင့်ကင်းကွာနေပြီး ပကတိအခြေအနေမှာ Safe Zone တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်၏ အဆိုပြုလာချက်ကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက်လုံးဝပယ်ချခဲ့ပြီး တရုတ်အပါအဝင် အာဆီယံနိုင်ငံများအနေဖြင့်လည်း မည်သည့်သဘောတူညီချက် တစ်စုံတစ်ရာမှ ပေးခြင်းမရှိကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းဆောင်းပါးရေးသားဖေါ်ပြချက်နှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် တရုတ်သံရုံးကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် Safe Zone တည်ထောင်သည်ကို မထောက်ခံပါကြောင်းနှင့် ရခိုင်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အမြဲတစေ တိတိကျကျဖြစ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းစာကလည်း ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အပြန်အလှန် ပစ်ခတ်မှုအတွင်း ARSA အကြမ်းဖက် ခေါင်းဆောင် သေဆုံးမှုသတင်းဖေါ်ပြရာ၌ အဆိုပါ သေဆုံးသူအား မြန်မာနိုင်ငံသား ဒုစရိုက်မှုကျူးလွန်သူဟု ဖေါ်ပြမှုနှင့်ပတ်သက်၍ ဒါကာအခြေစိုက် မြန်မာသံရုံးက အခြားသတင်းဌာနများတွင် ARSA အကြမ်းဖက်ခေါင်းဆောင်ဟု ရေးသားဖေါ်ပြချက်များနှင့် နှိုင်းယှဉ်ပြပြီး သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၀)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းမီဒီယာ (၂)ခုဖြစ်သည့် Daily Observer နှင့် Weeklybangladeshny တို့က မြန်မာနိုင်ငံဘက်ခြမ်းတွင် တံတားဆောက်နေခြင်းမဟုတ်ဘဲ နယ်နမိတ်တွင် သံဆူးကြိုးခြံစည်းရိုးခတ်ရန် ပြင်ဆင်နေသည်ဟု သတင်းဖေါ်ပြချက်၏ မြေပြင်အခြေအနေနှင့် ကွဲလွဲနေမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးထံ ပေးပို့သည့် မေတ္တာရပ်ခံစာတွင် ဖေါ်ပြထားသည့် နိုင်ငံတကာနယ်စပ်မျဉ်းမှ ပေ (၁၅၀) ဇုန်အတွင်း မြန်မာဘက်မှ ကွန်ကရစ်တိုင်များ ဆောက်လုပ်နေခြင်းကို ရပ်တန့်ပေးပါရန်ဟု ဖေါ်ပြချက်တို့မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေကြောင်း ဒါကာအခြေစိုက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးလွင်ဦးက ရှင်းလင်းပြောကြားပြီး သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net