မိုင္းလားသို႔ ပို႔ေဆာင္မည့္ ၾကက္တူေရြးအေကာင္ (၂၁၀)ကို မိုင္းခတ္ၿမိဳ႕အ၀င္တြင္ သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ

မိုင္းလားသို႔ ပို႔ေဆာင္မည့္ ၾကက္တူေရြးအေကာင္ (၂၁၀)ကို မိုင္းခတ္ၿမိဳ႕အ၀င္တြင္ သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ
မတ် 22, 2019
By Tachileik News Agency

က်ဳိင္းတံု မွ မိုင္းလားသို႔ ပို႔ေဆာင္မည့္ ၾကက္တူေရြး အေကာင္(၂၁၀)ကို မိုင္းခတ္ၿမိဳ႕အ၀င္ ဗ်ဴဟာတံတားထိပ္တြင္ ၂၀၁၉ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ ည(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ပူးေပါင္းအဖြဲ႔ျဖင့္  ေရွာင္တခင္ စစ္ေဆးစဥ္ သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုခရိုင္၊ မိုင္းခတ္ၿမိဳ႕အ၀င္ ဗ်ဴဟာတံတားထိပ္တြင္ နယ္ေျမခံတပ္ႏွင့္ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္  က်ိဳင္းတံုၿမိဳ႕ဘက္မွ မိုင္းခတ္ၿမိဳ႕ဘက္သို႔ မင္းလြင္သန္း ေမာင္းနွင္လာသည့္ ေမာ္ေတာ္ယာဥ္ေနာက္ခန္းတြင္ ၾကက္တူေရြး အေကာင္ (၃၀)စီထည့္ထားသည့္ ျခင္း (၇)ျခင္းကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ျခင္း(၁)ျခင္းလွ်င္ ၾကက္တူေရြး အေကာင္(၃၀)စီ ထည့္ထားရာ စုစုေပါင္း အေကာင္ (၂၁၀)ရွိေၾကာင္း သိရသည္။

အဆိုပါ ၾကက္တူေရြးမ်ားအား က်ိဳင္းတံုမွ မိုင္းလားသို႔ ပို႔ေဆာင္ခ က်ပ္ (၁၃၀,၀၀၀)ျဖင့္ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

တရားဝင္ခြင့္ျပဳခ်က္မရိွဘဲ ၾကက္တူေရြးမ်ား သယ္ေဆာင္လာသည့္ မင္းလြင္သန္းကို မိုင္းခတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂/၂၀၁၉၊ ဇီဝမ်ိဳးစံုမ်ိဳးကြဲဥပေဒပုဒ္မ ၄၀(က)အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျိုင်းတုံ မှ မိုင်းလားသို့ ပို့ဆောင်မည့် ကြက်တူရွေး အကောင်(၂၁၀)ကို မိုင်းခတ်မြို့အဝင် ဗျူဟာတံတားထိပ်တွင် ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ ည(၅)နာရီခွဲဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးစဉ် သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့အဝင် ဗျူဟာတံတားထိပ်တွင် နယ်မြေခံတပ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ မိုင်းခတ်မြို့ဘက်သို့ မင်းလွင်သန်း မောင်းနှင်လာသည့် မော်တော်ယာဉ်နောက်ခန်းတွင် ကြက်တူရွေး အကောင် (၃၀)စီထည့်ထားသည့် ခြင်း (၇)ခြင်းကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ခြင်း(၁)ခြင်းလျှင် ကြက်တူရွေး အကောင်(၃၀)စီ ထည့်ထားရာ စုစုပေါင်း အကောင် (၂၁၀)ရှိကြောင်း သိရသည်။

အဆိုပါ ကြက်တူရွေးများအား ကျိုင်းတုံမှ မိုင်းလားသို့ ပို့ဆောင်ခ ကျပ် (၁၃၀,ဝဝဝ)ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင်ခွင့်ပြုချက်မရှိဘဲ ကြက်တူရွေးများ သယ်ဆောင်လာသည့် မင်းလွင်သန်းကို မိုင်းခတ်မြို့မရဲစခန်းတွင် (ပ) ၁၂/၂၀၁၉၊ ဇီဝမျိုးစုံမျိုးကွဲဥပဒေပုဒ်မ ၄၀(က)အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net