တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု (၇) ခုတြင္ မတ္လ (၁၈) ရက္ေန႔မွစတင္ၿပီး OSS အဖြဲ႔ ကြင္းဆင္းေဆာင္ရြက္မည္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု (၇) ခုတြင္ မတ္လ (၁၈) ရက္ေန႔မွစတင္ၿပီး OSS အဖြဲ႔ ကြင္းဆင္းေဆာင္ရြက္မည္
မတ် 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရိွ ေက်းရြာအုပ္စု (၇)ခုတြင္ ဌာနဆုိင္ရာ (၁၀)ခုပါဝင္သည့္ OSS အဖြဲ႕က ၂၀၁၉ ခုႏွစ္ မတ္လ (၁၈)ရက္ေန႔မွစ၍ ကြင္းဆင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္စုေပါင္းရံုးတြင္ OSS ရံုးခန္းဖြင့္လွစ္၍ လုပ္ငန္းေဆာင္ရြက္ေပးေနသည့္အျပင္ ရပ္ကြက္၊ ေက်းရြာမ်ားအထိ ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလအတြင္းက စတင္စမ္းသပ္ေဆာင္ရြက္ခဲ့ရာ တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁) ရပ္ကြက္တြင္ လုပ္ငန္းမ်ားေဆာင္ရြက္ေပးခဲ့ၿပီး ျဖစ္သည္။

"မတ္လ (၁၈) ရက္ေန႔ကေန (၂၈) ရက္ေန႔အထိ ေဆာင္ရြက္ေပးမွာေပါ့။ တာေလနဲ႔ က်ိဳင္းလပ္မွာလည္း အခုလိုမ်ိဳးေဆာင္ရြက္ႏိုင္ေအာင္လို႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း အစီအမံေတြ ေတာင္းထားပါတယ္။ တာေလနဲ႔က်ိဳင္းလပ္က ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးေတြရိွတယ္။ ၿမိဳ႕အဆင့္ဌာနဆိုင္ရာေတြရိွတဲ့အတြက္ သူတို႔ေအာက္မွာရိွတဲ့ တာေလဆို (၄) ရပ္ကြက္ (၃) အုပ္စု၊ က်ိဳင္းလပ္ဆို (၃) ရပ္ကြက္ (၃) အုပ္စုေပါ့။ ေက်းရြာေတြဆီမွာရိွတဲ့ျပည္သူေတြဆီကို အေရာက္သြားၿပီးေတာ့ ရပ္ကြက္ရံုးေတြမွာေဆာင္ရြက္ႏိုင္ဖို႔အတြက္ အစီအမံေတြေတာင္းထားပါတယ္"ဟု  တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဌာနဆုိင္ရာ (၁၀)ခုထံမွ ဝန္ေဆာင္မႈရယူရန္လိုအပ္သည့္ ေဒသခံမ်ားအေနျဖင့္ မတ္လအတြင္း (၁၈) ရက္ေန႔တြင္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ (၁၉) ရက္ေန႔တြင္ ၀မ္လံုးေက်းရြာအုပ္စု၊ (၂၁) ရက္ေန႔တြင္ ဖန္မင္ေက်းရြာအုပ္စု၊ (၂၂) ရက္ေန႔တြင္ မိုင္းကိုးေက်းရြာအုပ္စု၊ (၂၅) ရက္ေန႔တြင္ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ (၂၆) ရက္ေန႔တြင္ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စု၊ (၂၈) ရက္ေန႔တြင္ မိုင္းဟဲေက်းရြာအုပ္စုမ်ားရိွ ရပ္ကြက္ရံုးမ်ားတြင္ နံနက္ (၁၀) နာရီမွ စတင္၍ လာေရာက္လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။

ကြင္းဆင္းေဆာင္ရြက္ေပးေနသည့္ OSS အဖြဲ႕အေနျဖင့္ ေဒသခံမ်ားတင္ျပသည့္ လုိအပ္ခ်က္မ်ားအလုိက္ ျဖည့္ဆည္းေဆာင္ရြက္ေပးေနျခင္းျဖစ္သျဖင့္ လုိုအပ္ခ်က္မ်ားကိုလည္း အႀကံျပဳတင္ျပႏုိင္ၾကေၾကာင္း သိရသည္။

လက္ရိွအခ်ိန္တြင္ ယင္းကဲ့သို႔ ကြင္းဆင္းေဆာင္ရြက္ျခင္းမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္အတြင္းက OSS ရံုးအေနျဖင့္ တစ္ႏွစ္တာ၀န္ေဆာင္မႈ (၈၃၀) ေက်ာ္သာေပးႏိုင္ခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလတစ္လထဲတြင္ လုပ္ငန္းေပါင္း  (၈၂၀)ေက်ာ္အထိ ၀န္ေဆာင္မႈေပးထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

One Stop Service(OSS)  အဖြဲ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရး ေကာ္မတီ၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လွ်ပ္စစ္ဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနႏွင့္ က်န္းမာေရးဌာနတို႔ပါဝင္ၿပီး အဆိုပါ ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ခ်က္ခ်င္းေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္လုပ္ငန္းမ်ားကို  သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ားလက္ခံရယူၿပီး ေဆာင္ရြက္ၿပီးစီးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးမ်ားမွ တစ္ဆင့္ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထိုက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၇) ခုတွင် မတ်လ (၁၈) ရက်နေ့မှစတင်ပြီး OSS အဖွဲ့ ကွင်းဆင်းဆောင်ရွက်မည်
************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု (၇)ခုတွင် ဌာနဆိုင်ရာ (၁၀)ခုပါဝင်သည့် OSS အဖွဲ့က ၂၀၁၉ ခုနှစ် မတ်လ (၁၈)ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်စုပေါင်းရုံးတွင် OSS ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ပေးနေသည့်အပြင် ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စတင်စမ်းသပ်ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့ပေါ် (၁၁) ရပ်ကွက်တွင် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

"မတ်လ (၁၈) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ ဆောင်ရွက်ပေးမှာပေါ့။ တာလေနဲ့ ကျိုင်းလပ်မှာလည်း အခုလိုမျိုးဆောင်ရွက်နိုင်အောင်လို့ မြို့အုပ်ချုပ်ရေးမှူးတွေကိုလည်း အစီအမံတွေ တောင်းထားပါတယ်။ တာလေနဲ့ကျိုင်းလပ်က မြို့အုပ်ချုပ်ရေးမှူးတွေရှိတယ်။ မြို့အဆင့်ဌာနဆိုင်ရာတွေရှိတဲ့အတွက် သူတို့အောက်မှာရှိတဲ့ တာလေဆို (၄) ရပ်ကွက် (၃) အုပ်စု၊ ကျိုင်းလပ်ဆို (၃) ရပ်ကွက် (၃) အုပ်စုပေါ့။ ကျေးရွာတွေဆီမှာရှိတဲ့ပြည်သူတွေဆီကို အရောက်သွားပြီးတော့ ရပ်ကွက်ရုံးတွေမှာဆောင်ရွက်နိုင်ဖို့အတွက် အစီအမံတွေတောင်းထားပါတယ်"ဟု  တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဌာနဆိုင်ရာ (၁၀)ခုထံမှ ဝန်ဆောင်မှုရယူရန်လိုအပ်သည့် ဒေသခံများအနေဖြင့် မတ်လအတွင်း (၁၈) ရက်နေ့တွင် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ (၁၉) ရက်နေ့တွင် ဝမ်လုံးကျေးရွာအုပ်စု၊ (၂၁) ရက်နေ့တွင် ဖန်မင်ကျေးရွာအုပ်စု၊ (၂၂) ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စု၊ (၂၅) ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ (၂၆) ရက်နေ့တွင် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ (၂၈) ရက်နေ့တွင် မိုင်းဟဲကျေးရွာအုပ်စုများရှိ ရပ်ကွက်ရုံးများတွင် နံနက် (၁၀) နာရီမှ စတင်၍ လာရောက်လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးနေသည့် OSS အဖွဲ့အနေဖြင့် ဒေသခံများတင်ပြသည့် လိုအပ်ချက်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်သဖြင့် လိုအပ်ချက်များကိုလည်း အကြံပြုတင်ပြနိုင်ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းများကြောင့် ၂၀၁၈ ခုနှစ်အတွင်းက OSS ရုံးအနေဖြင့် တစ်နှစ်တာဝန်ဆောင်မှု (၈၃၀) ကျော်သာပေးနိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတစ်လထဲတွင် လုပ်ငန်းပေါင်း  (၈၂၀)ကျော်အထိ ဝန်ဆောင်မှုပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

One Stop Service(OSS)  အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ပါဝင်ပြီး အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို  သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net