မေကြးတုိင္းအတြင္း ဒုတိယေျမာက္ ေရနံေမွာ္ မီးေလာင္မႈ (၂)ရက္ၾကာ ၿငိႇမ္းသတ္ခဲ့ရ

မေကြးတုိင္းအတြင္း ဒုတိယေျမာက္ ေရနံေမွာ္ မီးေလာင္မႈ (၂)ရက္ၾကာ ၿငိႇမ္းသတ္ခဲ့ရ
မတ် 10, 2019
By 🌸
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕ ထန္းကိုင္းေရနံေမွာ္တြင္ မတ္လ (၈)ရက္ညေနပိုင္းက မီးစတင္ေလာင္ကၽြမ္းရာ ျမန္မာ့ေရနံရံုးခ်ဳပ္မွ မီးအုပ္ေဆာင္းေပးပို႔ ၿငိႇမ္းသတ္ခဲ့ရၿပီး မတ္လ (၉)ရက္ေန႔ညပိုင္းတြင္ ၿငိႇမ္းသတ္ႏိုင္လုိက္ေၾကာင္း သိရသည္။

“ႀကိဳးစားၿပီး ၿငိႇမ္းသတ္ေနၾကေပမဲ့ တစ္ျခားကို မကူးစက္ႏိုင္ေအာင္ဘဲ ထိန္းထားႏိုင္ေသးတယ္။ အခုေတာ့ ျမန္မာ့ေရနံရံုးခ်ဳပ္ေပါ့ ေနျပည္ေတာ္ကလည္း အုပ္ေဆာင္းႀကီးကို သယ္လာၿပီ။ အဲဒီ အုပ္ေဆာင္းကို ဘက္ဟိုးတို႔ ဒိုဇာတို႔နဲ႔ တြန္း၊ ဂက္စ္ထြက္ေနတဲ့ပိုက္ေပၚအုပ္ၿပီး ၿငိႇမ္းသတ္ဖို႔ ျပင္ဆင္ေနပါတယ္”ဟု မေကြးတိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက ဗိုလ္မွဴးႀကီးမင္းဦးက မတ္လ(၉)ရက္ေန႔ညပိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းလွၿမိဳ႕အေနာက္ေတာင္ဘက္ (၉)မုိင္ခန္႔အကြာ ထန္းကို္င္းေက်းရြာ၏ေျမာက္ဘက္ (၅)မိုင္ခန္႔အကြာရိွ ထန္းကိုင္းေရနံေမွာ္ မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္ယာဥ္မ်ားဝင္ေရာက္ရန္ လမ္းအခက္အခဲရိွျခင္း၊ ေရလံုေလာက္စြာမရျခင္းတို႔ေၾကာင့္ ျမန္မာ့ေရနံႏွင့္သဘာဝ ဓာတ္ေငြ႔လုပ္ငန္း (ေနျပည္ေတာ္)မွ ညႊန္ၾကားေရးမွဴး ဦးကရင္ေနာ္ေအာင္ ဦးစီးအဖဲြ႔က အုပ္ေဆာင္းျဖင့္ ၿငိႇမ္းသတ္ႏုိင္ေရးအတြက္ မတ္လ(၉)ရက္ေန႔ ညေနပိုင္းတြင္ စတင္ေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္သည္။

မီးသတ္အုပ္ေဆာင္းကို ဘက္ဟိုးယာဥ္၊ ဒိုဇာယာဥ္ျဖင့္ ဓာတ္ေငြ႔ထြက္ရာပိုက္ေပၚသို႔ အုပ္ေဆာင္းအုပ္ႏိုင္ရန္ မီးသတ္တပ္ဖြဲ႕မ်ားက ႀကိဳးစားေဆာင္ရြက္ခဲ့ၾကရၿပီး မေကြးတုိင္းေဒသႀကီးအစိုးရအဖဲြ႕ လံုၿခံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက တိုင္းေဒသႀကီး မီးသတ္ဦးစီးမွဴးဦးစီးသည့္ မီးသတ္တပ္ဖဲြ႔ႏွင့္အတူ အနီးကပ္ႀကီးၾကပ္ေပးခဲ့သည္ကို ေတြ႔ရသည္။

မီးသတ္အုပ္ေဆာင္းျဖင့္ မတ္လ (၉)ရက္ေန႔ ည(၇)နာရီ(၅)မိနစ္ခန္႔တြင္ ပိုက္ေပၚသို႔ အုပ္ႏုိင္ခဲ့သျဖင့္ မီးလံုးဝၿငိမ္းသြားရာမွ (၂၅)မိနစ္ခန္႔အၾကာတြင္ အုပ္ေဆာင္းေအာက္ေျခမွ ဂက္စ္ယိုစိမ့္၍ မီးျပန္ေတာက္သျဖင့္ အုပ္ေဆာင္းကို ဘက္ဟိုးယာဥ္၊ ဒိုဇာယာဥ္တို႔ျဖင့္ ျပန္လည္ဖံုးအုပ္ခဲ့ရကာ မတ္လ(၁၀)ရက္ နံနက္(၃)နာရီခန္႔ တြင္ မီးလံုးဝၿငိမ္းသြားျခင္းျဖစ္သည္။

“ေအာက္ကေျမျပင္နဲ႔ အုပ္ေဆာင္းနဲ႔က တစ္သားထဲ မက်ႏိုင္ေတာ့ ဂက္စ္ယိုစိမ္႔ၿပီး ျပန္ေလာင္ခဲ့တာပါ။ ရလံုေလာက္မႈရိွရင္ေတာ့ အုပ္ေဆာင္းကို အေအးဓာတ္ေပးပက္ျဖန္းၿပီး  လြယ္လြယ္ကူကူနဲ႔ ၿငိႇမ္းသတ္ႏိုင္ မွာျဖစ္ေပမဲ့ ေရကျပတ္သြားၿပီျဖစ္လို႔ ဒိုဇာနဲ႔ အုပ္ေဆာင္းကိုပဲ ေျမျပင္နဲ႔အသားက်ျဖစ္ေအာင္ ျပဳျပင္ယူရင္း ၿငိႇမ္းသတ္ႏိုင္ခဲ့ပါတယ္။ မီးေလာင္ရတဲ့အေၾကာင္းရင္းကိုေတာ့ သံပိုက္ခ်င္းထိခတ္လုိ႔ မီးပြင့္ၿပီး ဂက္စ္နဲ႔ ထိေတြ႔ ေလာင္ရတာလို႔ သံုးသပ္ေတြ႔ရိွရပါတယ္”ဟု မေကြးတိုင္းမီးသတ္ ဒုတိုင္းဦးစီးမွဴး ဦးသန္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့သည့္ ေရနံက်င္းပိုင္ရွင္ ဦးေက်ာ္သူအား မင္းလွ ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁၅/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

တရားဝင္ေရနံေမွာ္(၃၁)ကြက္ရိွသည့္ မေကြးတိုင္းေဒသႀကီးအတြင္း ေရနံေမွာ္တြင္ ယခုမီးေလာင္မႈမွာ  ၂၀၁၉ ခုႏွစ္အတြင္း ဒုတိယေျမာက္ျဖစ္ၿပီး ေဖေဖၚဝါရီလအတြင္းက ေပါက္ၿမိဳ႕နယ္ ေရခါးေရနံေမွာ္မီးေလာင္မႈမွာလည္း (၂)ရက္နီးပါး ၿငိႇမ္းသတ္ခဲ့ရျခင္းျဖစ္သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မင္းလွၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴး ဦးစီးအဖဲြ႔၊ မင္းလွၿမိဳ႕နယ္မီးသတ္တပ္ဖဲြ႔၊ မင္းလွ (PIC) ေရနံမီးသတ္တပ္ဖဲြ႔၊ ထန္းကိုင္း နယ္ေျမမီးသတ္တပ္ဖဲြ႔တို႔အျပင္ ေက်းရြာမွလည္း ကူညီၿငိႇမ္းသတ္ေပးခဲ့ၾကေသာ္လည္း မီးထိန္းမရသျဖင့္ မတ္လ(၉)ရက္ နံနက္ပိုင္းတြင္ မေကြးတိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ မေကြးတိုင္းေဒသႀကီးမီးသတ္ ဦးစီးမွဴးႏွင့္  ဒု တိုင္း မီးသတ္ဦးစီးမွဴး ဦးစီးအဖဲြ႔၊ မင္းဘူးၿမိဳ႕နယ္ မီးသတ္ ဒု ဦးစီးမွဴး ဦးစီးအဖဲြ႔၊ မင္းလွ ကပစ(၁၀)မွ ဒု ဗိုလ္မွဴးႀကီး ေရႊျမ ဦးစီးအဖဲြ႔တို႔ ထပ္မံေရာက္ရိွအင္အားျဖည့္တင္းေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းအတွင်း ဒုတိယမြောက် ရေနံမှော် မီးလောင်မှု (၂)ရက်ကြာ ငြှိမ်းသတ်ခဲ့ရ
************
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ ထန်းကိုင်းရေနံမှော်တွင် မတ်လ (၈)ရက်ညနေပိုင်းက မီးစတင်လောင်ကျွမ်းရာ မြန်မာ့ရေနံရုံးချုပ်မှ မီးအုပ်ဆောင်းပေးပို့ ငြှိမ်းသတ်ခဲ့ရပြီး မတ်လ (၉)ရက်နေ့ညပိုင်းတွင် ငြှိမ်းသတ်နိုင်လိုက်ကြောင်း သိရသည်။

“ကြိုးစားပြီး ငြှိမ်းသတ်နေကြပေမဲ့ တစ်ခြားကို မကူးစက်နိုင်အောင်ဘဲ ထိန်းထားနိုင်သေးတယ်။ အခုတော့ မြန်မာ့ရေနံရုံးချုပ်ပေါ့ နေပြည်တော်ကလည်း အုပ်ဆောင်းကြီးကို သယ်လာပြီ။ အဲဒီ အုပ်ဆောင်းကို ဘက်ဟိုးတို့ ဒိုဇာတို့နဲ့ တွန်း၊ ဂက်စ်ထွက်နေတဲ့ပိုက်ပေါ်အုပ်ပြီး ငြှိမ်းသတ်ဖို့ ပြင်ဆင်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီးမင်းဦးက မတ်လ(၉)ရက်နေ့ညပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းလှမြို့အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ ထန်းကိုင်းကျေးရွာ၏မြောက်ဘက် (၅)မိုင်ခန့်အကွာရှိ ထန်းကိုင်းရေနံမှော် မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များဝင်ရောက်ရန် လမ်းအခက်အခဲရှိခြင်း၊ ရေလုံလောက်စွာမရခြင်းတို့ကြောင့် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးကရင်နော်အောင် ဦးစီးအဖွဲ့က အုပ်ဆောင်းဖြင့် ငြှိမ်းသတ်နိုင်ရေးအတွက် မတ်လ(၉)ရက်နေ့ ညနေပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

မီးသတ်အုပ်ဆောင်းကို ဘက်ဟိုးယာဉ်၊ ဒိုဇာယာဉ်ဖြင့် ဓာတ်ငွေ့ထွက်ရာပိုက်ပေါ်သို့ အုပ်ဆောင်းအုပ်နိုင်ရန် မီးသတ်တပ်ဖွဲ့များက ကြိုးစားဆောင်ရွက်ခဲ့ကြရပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးစီးသည့် မီးသတ်တပ်ဖွဲ့နှင့်အတူ အနီးကပ်ကြီးကြပ်ပေးခဲ့သည်ကို တွေ့ရသည်။

မီးသတ်အုပ်ဆောင်းဖြင့် မတ်လ (၉)ရက်နေ့ ည(၇)နာရီ(၅)မိနစ်ခန့်တွင် ပိုက်ပေါ်သို့ အုပ်နိုင်ခဲ့သဖြင့် မီးလုံးဝငြိမ်းသွားရာမှ (၂၅)မိနစ်ခန့်အကြာတွင် အုပ်ဆောင်းအောက်ခြေမှ ဂက်စ်ယိုစိမ့်၍ မီးပြန်တောက်သဖြင့် အုပ်ဆောင်းကို ဘက်ဟိုးယာဉ်၊ ဒိုဇာယာဉ်တို့ဖြင့် ပြန်လည်ဖုံးအုပ်ခဲ့ရကာ မတ်လ(၁၀)ရက် နံနက်(၃)နာရီခန့် တွင် မီးလုံးဝငြိမ်းသွားခြင်းဖြစ်သည်။

“အောက်ကမြေပြင်နဲ့ အုပ်ဆောင်းနဲ့က တစ်သားထဲ မကျနိုင်တော့ ဂက်စ်ယိုစိမ့်ပြီး ပြန်လောင်ခဲ့တာပါ။ ရလုံလောက်မှုရှိရင်တော့ အုပ်ဆောင်းကို အအေးဓာတ်ပေးပက်ဖြန်းပြီး  လွယ်လွယ်ကူကူနဲ့ ငြှိမ်းသတ်နိုင် မှာဖြစ်ပေမဲ့ ရေကပြတ်သွားပြီဖြစ်လို့ ဒိုဇာနဲ့ အုပ်ဆောင်းကိုပဲ မြေပြင်နဲ့အသားကျဖြစ်အောင် ပြုပြင်ယူရင်း ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ သံပိုက်ချင်းထိခတ်လို့ မီးပွင့်ပြီး ဂက်စ်နဲ့ ထိတွေ့ လောင်ရတာလို့ သုံးသပ်တွေ့ရှိရပါတယ်”ဟု မကွေးတိုင်းမီးသတ် ဒုတိုင်းဦးစီးမှူး ဦးသန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် ရေနံကျင်းပိုင်ရှင် ဦးကျော်သူအား မင်းလှ မြို့မရဲစခန်းတွင် (ပ)၁၁၅/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တရားဝင်ရေနံမှော်(၃၁)ကွက်ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း ရေနံမှော်တွင် ယခုမီးလောင်မှုမှာ  ၂၀၁၉ ခုနှစ်အတွင်း ဒုတိယမြောက်ဖြစ်ပြီး ဖေဖေါ်ဝါရီလအတွင်းက ပေါက်မြို့နယ် ရေခါးရေနံမှော်မီးလောင်မှုမှာလည်း (၂)ရက်နီးပါး ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့၊ မင်းလှမြို့နယ်မီးသတ်တပ်ဖွဲ့၊ မင်းလှ (PIC) ရေနံမီးသတ်တပ်ဖွဲ့၊ ထန်းကိုင်း နယ်မြေမီးသတ်တပ်ဖွဲ့တို့အပြင် ကျေးရွာမှလည်း ကူညီငြှိမ်းသတ်ပေးခဲ့ကြသော်လည်း မီးထိန်းမရသဖြင့် မတ်လ(၉)ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးမီးသတ် ဦးစီးမှူးနှင့်  ဒု တိုင်း မီးသတ်ဦးစီးမှူး ဦးစီးအဖွဲ့၊ မင်းဘူးမြို့နယ် မီးသတ် ဒု ဦးစီးမှူး ဦးစီးအဖွဲ့၊ မင်းလှ ကပစ(၁၀)မှ ဒု ဗိုလ်မှူးကြီး ရွှေမြ ဦးစီးအဖွဲ့တို့ ထပ်မံရောက်ရှိအင်အားဖြည့်တင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net