ျပင္ပ အကူသူနာျပဳသင္တန္းမ်ားဖြင့္လွစ္ျခင္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လံုးဝခြင့္ျပဳထားျခင္းမရိွ

ျပင္ပ အကူသူနာျပဳသင္တန္းမ်ားဖြင့္လွစ္ျခင္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လံုးဝခြင့္ျပဳထားျခင္းမရိွ
မတ် 2, 2019
By 🌸
ျပင္ပတြင္ ဖြင့္လွစ္ေနသည့္ ျပင္ပအကူသူနာျပဳသင္တန္းမ်ားဖြင့္လွစ္ခြင့္ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လံုးဝခြင့္ျပဳထားျခင္းမရိွဘဲ အဆိုပါသင္တန္းမ်ားႏွင့္ပတ္သက္၍ ၂၀၁၉ ခုႏွစ္၊ မတ္လဆန္းပိုင္းတြင္ အလုပ္ရံုေဆြးေႏြးပြဲျပဳလုပ္သြားမည္ျဖစ္ေၾကာင္း  သိရသည္။
 “ျပင္ပအကူသူနာျပဳသင္တန္းမ်ားကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ လံုးဝခြင့္ျပဳထားျခင္း လံုးဝမရိွပါဘူး။ သို႔ေသာ္လည္း ဒီကိစၥက အလြန္အေရးႀကီးတဲ့ကိစၥျဖစ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔ ႏွစ္ပတ္အတြင္းမွာေတာ့ Workshop, Seminar ႏွစ္ရက္လုပ္ပါမယ္။ အကူသူနာျပဳသည္ တကယ္ေတာ့ က်န္းမာေရးထက္ကို အလုပ္သမားေရးရာဝန္ႀကီးဌာနနဲ႔ ပိုၿပီးေတာ့ဆိုင္ပါတယ္။ သို႔ေသာ္လည္း ကၽြန္ေတာ္တုိ႔ကက်ေတာ့ သူတို႔ရဲ႕ အရည္အေသြး၊ အရည္အခ်င္းစစ္တာကို လုပ္ေပးရတဲ့အတြက္ ကၽြန္ေတာ္တုိ႔က ပုဂၢလိကေဆးရံုမ်ားအသင္း၊ ပုဂၢလိကက်န္းမာေရးႀကီးၾကပ္မႈဗဟိုေကာ္မတီက ကၽြန္ေတာ္ဥကၠဌပါ အဲဒါပါမယ္။ ေနာက္တစ္ခါ ျမန္မာႏိုင္ငံ သားဖြားႏွင့္သူနာျပဳေကာင္စီ၊ သားဖြားႏွင့္သူနာျပဳအသင္း၊ အလုပ္သမား ဝန္ႀကီး ဌာန Represent၊ ယခု ဖြင့္ေနတဲ့ သက္ဆုိင္ရာေက်ာင္းေတြရဲ႕ တာဝန္ရိွပုဂၢိဳလ္ေတြလည္းေခၚပါမယ္။ သူနာျပဳတကၠသိုလ္မ်ား၏ ပါေမာကၡခ်ဳပ္ေတြ၊ သူနာျပဳသားဖြားေက်ာင္း (၅၀) မွ အခ်ိဳ႕ေသာ ေက်ာင္းအုပ္မ်ားပါေခၚၿပီး ေဆြးေႏြးပါမယ္”ဟု က်န္းမာေရးႏွင့္ အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားသည္။
ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၉)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔တြင္ က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ မင္းလွ မဲဆႏၵနယ္မွ ေဒါက္တာဦးသန္းေအာင္စိုးက ျပင္ပ အကူသူနာျပဳသင္တန္းမ်ားကို တရားဝင္ဖြင့္လွစ္ခြင့္ျပဳထားျခင္း ရွိ၊ မရွိ ႏွင့္ အဆိုပါသင္တန္းမ်ား၏ အရည္အခ်င္းမ်ားကို မည္သည့္ ဌာနက မည္ကဲ့သို႔ စနစ္တက် ႀကီးၾကပ္ေဆာင္႐ြက္ေနသည္ကို သိလိုျခင္း ႏွင့္စပ္လ်ဥ္း၍ ေမးျမန္းခဲ့ျခင္းျဖစ္သည္။
အဆိုပါေမးခြန္းေမးျမန္းခဲ့သည့္အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သက္ဆုိင္ရာအဖြဲ႕အစည္းအသီးသီး ပါဝင္သည့္ အလုပ္ရံုေဆြးေႏြးပြဲကို မတ္လ ပထမႏွစ္ပတ္အတြင္း လုပ္ေဆာင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“အရည္အေသြးရိွေအာင္ ဘယ္လိုလုပ္မလဲ။ တာဝန္ယူမႈ၊ တာဝန္ခံမႈရိွတဲ့ က်င့္ဝတ္နဲ႔ညီတဲ့ အကူသူနာျပဳေတြကို ဘယ္လိုေမြးထုတ္မလဲဆိုတာ အျမန္ဆံုးလုပ္မယ္။ ႏွစ္ပတ္အတြင္းမွာ လုပ္ဖုိ႔ေျပာထားၿပီးပါၿပီ” ဟု က်န္းမာေရးႏွင့္ အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက (၉)လတာသင္ၾကားေပးသည့္ သူနာျပဳအကူသင္တန္းမ်ားကို ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္မ်ားက (၂)ႀကိမ္ေခၚယူခဲ့ၿပီးေနာက္ ဆက္လက္ေခၚယူေတာ့ျခင္းမရိွသျဖင့္ အဆုိပါသင္တန္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ႏွင့္ ျပင္ပသင္တန္းမ်ားအား ဖြင့္ခြင့္ျပဳပါက အရည္အေသြးျမင့္သင္တန္းမ်ားျဖစ္ေစရန္  လုပ္ေဆာင္ရမည့္ အခ်က္အလက္မ်ားကို ႏွစ္ရက္တာေဆြးေႏြးပြဲတြင္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြင်ပ အကူသူနာပြုသင်တန်းများဖွင့်လှစ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုံးဝခွင့်ပြုထားခြင်းမရှိ
************
ပြင်ပတွင် ဖွင့်လှစ်နေသည့် ပြင်ပအကူသူနာပြုသင်တန်းများဖွင့်လှစ်ခွင့်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လုံးဝခွင့်ပြုထားခြင်းမရှိဘဲ အဆိုပါသင်တန်းများနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ မတ်လဆန်းပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

 “ပြင်ပအကူသူနာပြုသင်တန်းများကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ လုံးဝခွင့်ပြုထားခြင်း လုံးဝမရှိပါဘူး။ သို့သော်လည်း ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ နှစ်ပတ်အတွင်းမှာတော့ Workshop, Seminar နှစ်ရက်လုပ်ပါမယ်။ အကူသူနာပြုသည် တကယ်တော့ ကျန်းမာရေးထက်ကို အလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ ပိုပြီးတော့ဆိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ကကျတော့ သူတို့ရဲ့ အရည်အသွေး၊ အရည်အချင်းစစ်တာကို လုပ်ပေးရတဲ့အတွက် ကျွန်တော်တို့က ပုဂ္ဂလိကဆေးရုံများအသင်း၊ ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်မှုဗဟိုကော်မတီက ကျွန်တော်ဥက္ကဌပါ အဲဒါပါမယ်။ နောက်တစ်ခါ မြန်မာနိုင်ငံ သားဖွားနှင့်သူနာပြုကောင်စီ၊ သားဖွားနှင့်သူနာပြုအသင်း၊ အလုပ်သမား ဝန်ကြီး ဌာန Represent၊ ယခု ဖွင့်နေတဲ့ သက်ဆိုင်ရာကျောင်းတွေရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလည်းခေါ်ပါမယ်။ သူနာပြုတက္ကသိုလ်များ၏ ပါမောက္ခချုပ်တွေ၊ သူနာပြုသားဖွားကျောင်း (၅၀) မှ အချို့သော ကျောင်းအုပ်များပါခေါ်ပြီး ဆွေးနွေးပါမယ်”ဟု ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုးက ပြင်ပ အကူသူနာပြုသင်တန်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ၊ မရှိ နှင့် အဆိုပါသင်တန်းများ၏ အရည်အချင်းများကို မည်သည့် ဌာနက မည်ကဲ့သို့ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းမေးမြန်းခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ပထမနှစ်ပတ်အတွင်း လုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“အရည်အသွေးရှိအောင် ဘယ်လိုလုပ်မလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ကျင့်ဝတ်နဲ့ညီတဲ့ အကူသူနာပြုတွေကို ဘယ်လိုမွေးထုတ်မလဲဆိုတာ အမြန်ဆုံးလုပ်မယ်။ နှစ်ပတ်အတွင်းမှာ လုပ်ဖို့ပြောထားပြီးပါပြီ” ဟု ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၉)လတာသင်ကြားပေးသည့် သူနာပြုအကူသင်တန်းများကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များက (၂)ကြိမ်ခေါ်ယူခဲ့ပြီးနောက် ဆက်လက်ခေါ်ယူတော့ခြင်းမရှိသဖြင့် အဆိုပါသင်တန်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ပြင်ပသင်တန်းများအား ဖွင့်ခွင့်ပြုပါက အရည်အသွေးမြင့်သင်တန်းများဖြစ်စေရန်  လုပ်ဆောင်ရမည့် အချက်အလက်များကို နှစ်ရက်တာဆွေးနွေးပွဲတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~