ကျောက်ဆည်ခရိုင်ရှိ မြင်စိုင်းမြို့စောင်းမှ ပင်းယခေတ်နံရံဆေးရေးပန်းချီများ ကွာကျသည့် အကြောင်းရင်း မသိရသေး

ကျောက်ဆည်ခရိုင်ရှိ မြင်စိုင်းမြို့စောင်းမှ ပင်းယခေတ်နံရံဆေးရေးပန်းချီများ ကွာကျသည့် အကြောင်းရင်း မသိရသေး
မတျ 4, 2019
By Tachileik News Agency


စိတ္တဂုတ္တဂူအတွင်းသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်သောအဖွဲ့က ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ကသွားရောက်စစ်ဆေးရာ အမှတ်(၃၆) အကြီးစားမှန်စက်ရုံမှ ကျောက်ထုတ်လုပ်ရန် ကျောက်မိုင်းခွဲရာနေရာနှင့် ပေ (၁၅၀၀) ခန့် အကွာတွင်တည်ရှိသည့် စိတ္တဂုတ္တကျောက် လိုဏ်ဂူအတွင်း နံရံဆေးရေးပန်းချီ ပါဝင်သော အင်္ဂတေအလွှာချပ် လက်သီးဆုပ်အရွယ် (၂)ခု ၊ (၃) ခုခန့် လိုဏ်ဂူကြမ်းပြင်ပေါ် ကွာကျနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။


ပင်းယခေတ်သမိုင်းကို ပြန်လည်ဖေါ်ထုတ်နိုင်မည့် တစ်ခုတည်းသောမြို့ဟောင်းဖြစ်သည့် မြင်စိုင်းမြို့ဟောင်း၏ အရှေ့နှင့်အနောက်ဘက်ရှိ ထုံးကျောက်တောင်များတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ထုတ်လုပ်ရန် မိုင်းခွဲမှုများကြောင့် စိတ္တဂုတ္တဂူအတွင်းမှ ပင်းယခေတ် (၁၄ ရာစု) နံရံဆေးရေးပန်းချီများ ပြိုကျပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် စောလျင်စွာ အရေးတယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ယင်းနေ့တွင် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းသည် ဝန်ကြီးဌာနက အတည်ပြုထားသော တရားဝင်အသင်းမဟုတ်ကြောင်းနှင့် အဆိုပါအသင်းရှိ နာယကအဖွဲ့နှင့် အကြံပေး အဖွဲ့များတွင် ထည့်သွင်းထားသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်းများ အနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ခွင့်ရှိသည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ မြင်စိုင်းမြို့ဟောင်းမှ ပင်းယခေတ် (၁၄ ရာစု) နံရံဆေးရေး ပန်းချီများ ကွာကျသည့် စိတ္တဂုတ္တဂူအတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သွားရောက်စစ်ဆေးထားသော်လည်း အကြောင်းရင်း မသိရသေးကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၂)ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားရှိသည်။

စိတ္တဂုတ္တဂူအတွင်းသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်သောအဖွဲ့က ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကသွားရောက်စစ်ဆေးရာ အမှတ်(၃၆) အကြီးစားမှန်စက်ရုံမှ ကျောက်ထုတ်လုပ်ရန် ကျောက်မိုင်းခွဲရာနေရာနှင့် ပေ (၁၅၀၀) ခန့် အကွာတွင်တည်ရှိသည့် စိတ္တဂုတ္တကျောက် လိုဏ်ဂူအတွင်း နံရံဆေးရေးပန်းချီ ပါဝင်သော အင်္ဂေတအလွှာချပ် လက်သီးဆုပ်အရွယ် (၂)ခု၊ (၃) ခုခန့် လိုဏ်ဂူကြမ်းပြင်ပေါ် ကွာကျနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ကွာကျသည့် အကြောင်းရင်းကို မသိရသေးသော်လည်း လတ်တလောကွာကျထားခြင်း မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ပင်းယခေတ်သမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်မည့် တစ်ခုတည်းသောမြို့ဟောင်းဖြစ်သည့် မြင်စိုင်းမြို့ဟောင်း၏ အရှေ့နှင့်အနောက်ဘက်ရှိ ထုံးကျောက်တောင်များတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ထုတ်လုပ်ရန် မိုင်းခွဲမှုများကြောင့် စိတ္တဂုတ္တဂူအတွင်းမှ ပင်းယခေတ် (၁၄ ရာစု) နံရံဆေးရေးပန်းချီများ ပြိုကျပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနဖြေင့် စောလျင်စွာ အရေးတယူဆောင်ရွက်ပေးရန် မြန်မာနို်င်ငံရှေးဟောင်းသုတေသနပညာအသင်းက ယင်းနေ့တွင် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းသည် ဝန်ကြီးဌာနက အတည်ပြုထားသော တရားဝင်အသင်းမဟုတ်ကြောင်းနှင့် အဆိုပါအသင်းရှိ နာယကအဖွဲ့နှင့် အကြံပေး အဖွဲ့များတွင် ထည့်သွင်းထားသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်းများ အနဖြေင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ခွင့်ရှိသည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းသည် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net