မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် ဆောက်လုပ်နေသည့် ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်းရှိ အဆောက်အဦးများကို တရုတ်သံအဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲမှူးတို့ လာရောက် ကွင်းဆင်းလေ့လာ

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် ဆောက်လုပ်နေသည့် ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်းရှိ အဆောက်အဦးများကို တရုတ်သံအဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲမှူးတို့ လာရောက် ကွင်းဆင်းလေ့လာ
မတျ 6, 2019
By Tachileik News Agency

မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရွှေတြိဂံဒေသဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ  ၀မ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည့် အုပ်ချုပ်မှုအဆောက်အဦးရုံးခန်းနှင့်  အစည်းအဝေးခန်းမ၊ ဧည့်ခန်းမနှင့် အိပ်ခန်းများပါဝင်သည့် အဆောက်အဦး (၃) လုံးတည်ဆောက်နေမှုနှင့် အခြားတည်ဆောက်မည့်လုပ်ငန်းများအတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှတာဝန်ရှိသူများမှ ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့တွင် လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၄၈၉,၈၀၀) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပထမအကြိမ် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရွှတြေိဂံဒေသဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည့် အုပ်ချုပ်မှုအဆောက်အဦရုံးခန်းနှင့် အစည်းအေဝးခန်းမ၊ ဧည့်ခန်းမနှင့် အိပ်ခန်းများပါဝင်သည့် အဆောက်အဦး (၃) လုံးတည်ဆောက်နေမှုနှင့် အခြားတည်ဆောက်မည့်လုပ်ငန်းများအတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှတာဝန်ရှိသူများမှ ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့တွင် လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၄၈၉,၈၀၀) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပထမအကြိမ် မဲခေါင်-လန်ချန်းအထူးရန်ပုံငွဖြေင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေမိုးသက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမန်ဗောက်ထန်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနောင်တို့ပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Mr.Liu Yangzan ပါ (၄) ဦးတို့မှ လာရောက်ရာတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ ခေတ္တတပ်ဖွဲ့ခွဲမှူး ရဲမှူးနိုင်ထွန်းလှိုင် နှင့် တာဝန်ရှိသူများက တည်ဆောက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ကြခြင်း ဖြစ်သည်။

ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှတာဝန်ရှိသူများသည် အဆိုပါ ကိစ္စများအတွက် တာချီလိတ်သို့ ၂၀၁၉ခုနှစ် မတ်လ(၅)ရက်နေ့ ညနေက ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net