မယ္ဆုိင္ၿမိဳ႕ စာတုိက္တြင္ ျမန္မာလူငယ္ႏွစ္ဦးလာပို႔သည့္ ပါဆယ္ထုပ္မ်ားအတြင္း မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

မယ္ဆုိင္ၿမိဳ႕ စာတုိက္တြင္ ျမန္မာလူငယ္ႏွစ္ဦးလာပို႔သည့္ ပါဆယ္ထုပ္မ်ားအတြင္း မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
မတ် 10, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္ခရိုင္၊ မယ္ဆိုင္ၿမိဳ႕ ဒိြဳင္ေဝါင္းေစ်းဧရိယာရိွ စာတုိက္တြင္ ကတ္တမင္းမ်ားပါဝင္သည့္ ပါဆယ္ထုပ္မ်ားအား အေမရိကန္ျပည္ေထာင္စုသို႔ ပို႔ေဆာင္မည့္ ျမန္မာလူငယ္ႏွစ္ဦးကို မယ္ဆုိင္ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၀)ရက္ေန႔တြင္ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

အသက္ (၁၇)ႏွစ္အရြယ္ႏွင့္ (၁၉)နွစ္အရြယ္ ျမန္မာလူငယ္ႏွစ္ဦးသည္ စာတိုက္တြင္ အေမရိကန္ျပည္ေထာင္စု ဘရြတ္ကလင္းသို႔ လိပ္မူထားသည့္ ပါဆယ္ (၂)ထုပ္ကို လာပို႔ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပါဆယ္ထုပ္မ်ားတြင္ သၾကားလံုးထုပ္မ်ားႏွင့္ ေကာ္ဖီထုပ္မ်ား စုစုေပါင္း (၁၀)ထုပ္ထည့္ထားသည္ကို ေတြ႔ရၿပိး အဆိုပါအထုပ္မ်ားအတြင္း အေရာင္ၾကည္သည့္ပံုေဆာင္ခဲမ်ားကိုေတြ႔ရသျဖင့္ စစ္ေဆးခဲ့ရာမွ မူးယစ္ေဆးဝါးမ်ားျဖစ္ေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး ကတ္တမင္း စုစုေပါင္းအေလးခ်ိန္ (၅)ကီလိုကရမ္ကို ေတြ႔ရၿပီး လူငယ္ႏွစ္ဦးက အဆိုပါပါဆယ္(၂)ထုပ္ကို စာတုိက္ႏွင့္မ်က္ႏွာခ်င္းဆုိင္ရိွ ဒိြဳင္ေဝါင္းေစ်းဘက္မွ တရုတ္တစ္ဦးက စာတုိက္တြင္ သြားပို႔ေပးရန္ တစ္ထုပ္လွ်င္ ဘတ္ (၂၀၀၀)ျဖင့္ ေစခုိင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာဝန္းက်င္တစ္ဝိုက္ကို စီစီတီဗီမွတ္တမ္းမ်ားကို ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: Chiangrai Report

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ဆိုင်မြို့ စာတိုက်တွင် မြန်မာလူငယ်နှစ်ဦးလာပို့သည့် ပါဆယ်ထုပ်များအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
***************
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဈေးဧရိယာရှိ စာတိုက်တွင် ကတ်တမင်းများပါဝင်သည့် ပါဆယ်ထုပ်များအား အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်မည့် မြန်မာလူငယ်နှစ်ဦးကို မယ်ဆိုင်ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

အသက် (၁၇)နှစ်အရွယ်နှင့် (၁၉)နှစ်အရွယ် မြန်မာလူငယ်နှစ်ဦးသည် စာတိုက်တွင် အမေရိကန်ပြည်ထောင်စု ဘရွတ်ကလင်းသို့ လိပ်မူထားသည့် ပါဆယ် (၂)ထုပ်ကို လာပို့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပါဆယ်ထုပ်များတွင် သကြားလုံးထုပ်များနှင့် ကော်ဖီထုပ်များ စုစုပေါင်း (၁၀)ထုပ်ထည့်ထားသည်ကို တွေ့ရပြိး အဆိုပါအထုပ်များအတွင်း အရောင်ကြည်သည့်ပုံဆောင်ခဲများကိုတွေ့ရသဖြင့် စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါးများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ကတ်တမင်း စုစုပေါင်းအလေးချိန် (၅)ကီလိုကရမ်ကို တွေ့ရပြီး လူငယ်နှစ်ဦးက အဆိုပါပါဆယ်(၂)ထုပ်ကို စာတိုက်နှင့်မျက်နှာချင်းဆိုင်ရှိ ဒွိုင်ဝေါင်းဈေးဘက်မှ တရုတ်တစ်ဦးက စာတိုက်တွင် သွားပို့ပေးရန် တစ်ထုပ်လျှင် ဘတ် (၂၀၀၀)ဖြင့် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာဝန်းကျင်တစ်ဝိုက်ကို စီစီတီဗီမှတ်တမ်းများကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
Ref: Chiangrai Report

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net