ျမန္မာ၊ထုိင္းႏွင့္လာအိုၾကား မဲေခါင္ျမစ္တြင္း ေက်ာက္ေဆာင္မ်ားႏွင့္လွ်ိဳမ်ား ရွင္းလင္းဖယ္ရွားမည္

ျမန္မာ၊ထုိင္းႏွင့္လာအိုၾကား မဲေခါင္ျမစ္တြင္း ေက်ာက္ေဆာင္မ်ားႏွင့္လွ်ိဳမ်ား ရွင္းလင္းဖယ္ရွားမည္
မတ် 10, 2019
By 🌸
မဲေခါင္ျမစ္အထက္ပိုင္း ေရလမ္းေၾကာင္းမွ တရုတ္ႏုိင္ငံအထိ ကုန္ေသတၱာတင္ေရယာဥ္မ်ားသြားလာႏုိင္ရန္ ျမစ္တြင္းမွေက်ာက္ေဆာင္မ်ားေဖါက္ခြဲရွင္းလင္းပစ္ရန္ တရုတ္ႏွင့္ ျမန္မာအပါအဝင္ (၃)ႏုိင္ငံၾကား သေဘာတူထားေၾကာင္း သိရသည္။

အဆိုပါသေဘာတူညီခ်က္အရ ထုိင္းႏုိင္ငံႏွင့္ လာအိုႏုိင္ငံၾကား မဲေခါင္ျမစ္အတြင္း (၁၃)ေနရာတြင္ ေက်ာက္ေဆာင္မ်ား ေဖါက္ခြဲဖယ္ရွားျခင္းလုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ျမန္မာႏွင့္ လာအိုၾကားရိွ လွ်ိဳႏွစ္ခုကိုလည္း ၂၀၁၉ ခုႏွစ္အတြင္း ဖယ္ရွားပစ္ရန္ရိွသည္ဟု ျမန္မာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔ဇင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔က ေျပာၾကားသည္။

တရုတ္ႏုိင္ငံအထိ တန္ခ်ိန္(၅၀၀)ကုန္ေသတၱာတင္ေရယာဥ္မ်ားသြားလာႏုိင္သည္အထိ ျမစ္ေၾကာင္း ရွင္းလင္းေရးအတြက္ မဲေခါင္ျမစ္အထက္ပိုင္းရိွ ေက်ာက္ေဆာင္မ်ားကို တရုတ္က ဖယ္ရွားေပးရန္ တရုတ္၊ ထုိင္း၊ လာအိုႏွင့္ ျမန္မာတို႔အၾကား ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလက ဘန္ေကာက္ၿမိဳ႕ေဆြးေႏြးပြဲတြင္ သေဘာတူထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမစ္အတြင္းသြားလာေရးအတြက္ ေရလမ္းေၾကာင္းတြင္ အေႏွာင့္အယွက္ျဖစ္ေနသည့္ ေက်ာက္ဖ်ာမ်ားကိုသာ ေဖါက္ခြဲဖယ္ရွားမည္ျဖစ္ၿပီး ကၽြန္းငယ္မ်ားကို ဖယ္ရွားမည္မဟုတ္ေၾကာင္းႏွင့္ တရုတ္ႏွင့္ မဲေခါင္ျမစ္ဝွမ္းႏုိင္ငံမ်ားၾကား ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးအတြက္ အျခားေရြးခ်ယ္ရန္မရိွသျဖင့္ ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ထုိင္းနုိင္ငံျခားေရးဝန္ႀကီး Don Pramudwinai က က်ိဳဒိုသတင္းဌာနအား ေျပာၾကားထားသည္။

ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းေၾကာင့္ ႏုိင္ငံမ်ားအၾကား နယ္နိမိတ္ျမစ္အျဖစ္ ျဖတ္သန္းစီးဆင္းေနသည့္ မဲေခါင္ျမစ္ေရမွာ ေရစီးျမန္လာၿပီး ေရစီးေၾကာင္းအနည္းငယ္ေျပာင္းလဲမႈမ်ားျဖစ္လာပါက နယ္နမိတ္မ်ဥ္းအေပၚ သက္ေရာက္မႈမ်ားရိွႏုိင္သကဲ့သို႔ ေက်ာက္ဖ်ာမ်ားေဖါက္ခြဲပစ္ရျခင္းေၾကာင့္ ျမစ္အတြင္း ေဂဟစနစ္အေပၚ ထိခုိက္မႈလည္း ရိွလာႏုိင္သျဖင့္ ၂၀၁၆ ခုႏွစ္ကတည္းက စတင္ေနသည့္အဆိုပါအစီအစဥ္မွာ ေဒသခံမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕မ်ား၏ ကန္႔ကြက္ျခင္းမ်ားႏွင့္ ႀကံဳေတြ႔ေနရသျဖင့္ ေႏွာင့္ေနွးေနရေၾကာင္း သိရသည္။

ျမန္မာ၊ လာအို၊ တရုတ္ႏွင့္ ထိုင္းတို႔အၾကား မဲေခါင္ျမစ္အထက္ပိုင္း ကုန္သြယ္ေရေၾကာင္း သြားလာေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂၀၀၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၀) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ေရလမ္းေၾကာင္းကို ၂၀၀၁ ခုနွစ္၊ ဇြန္လ (၂၆) ရက္ေန႔တြင္ဖြင့္လွစ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

မဲေခါင္ျမစ္သည္ တရုတ္နုိင္ငံတြင္ ျမစ္ဖ်ားခံၿပီး အေရွ႕ေတာင္အာရွႏုိင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ ထုိင္း၊ လာအို၊ ကေမၻာဒီးယားႏွင့္ ဗီယက္နမ္ႏုိင္ငံတို႔ကိုျဖတ္သန္းကာ ေတာင္တရုတ္ပင္လယ္တြင္း စီးဝင္ျခင္းျဖစ္ၿပီး မဲေခါင္ျမစ္အထက္ပိုင္းႏုိင္ငံမ်ားျဖစ္သည့္ တရုတ္၊ျမန္မာ၊ထုိင္းႏွင့္လာအိုၾကားတြင္ ေရလမ္းေၾကာင္းဖြံ႕ၿဖိဳးေရးကို လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
Ref:Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ၊ထိုင်းနှင့်လာအိုကြား မဲခေါင်မြစ်တွင်း ကျောက်ဆောင်များနှင့်လျှိုများ ရှင်းလင်းဖယ်ရှားမည်
**************
မဲခေါင်မြစ်အထက်ပိုင်း ရေလမ်းကြောင်းမှ တရုတ်နိုင်ငံအထိ ကုန်သေတ္တာတင်ရေယာဉ်များသွားလာနိုင်ရန် မြစ်တွင်းမှကျောက်ဆောင်များဖေါက်ခွဲရှင်းလင်းပစ်ရန် တရုတ်နှင့် မြန်မာအပါအဝင် (၃)နိုင်ငံကြား သဘောတူထားကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်အရ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံကြား မဲခေါင်မြစ်အတွင်း (၁၃)နေရာတွင် ကျောက်ဆောင်များ ဖေါက်ခွဲဖယ်ရှားခြင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနှင့် လာအိုကြားရှိ လျှိုနှစ်ခုကိုလည်း ၂၀၁၉ ခုနှစ်အတွင်း ဖယ်ရှားပစ်ရန်ရှိသည်ဟု မြန်မာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့က ပြောကြားသည်။

တရုတ်နိုင်ငံအထိ တန်ချိန်(၅၀၀)ကုန်သေတ္တာတင်ရေယာဉ်များသွားလာနိုင်သည်အထိ မြစ်ကြောင်း ရှင်းလင်းရေးအတွက် မဲခေါင်မြစ်အထက်ပိုင်းရှိ ကျောက်ဆောင်များကို တရုတ်က ဖယ်ရှားပေးရန် တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာတို့အကြား ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလက ဘန်ကောက်မြို့ဆွေးနွေးပွဲတွင် သဘောတူထားခြင်းဖြစ်ကြောင်း သိရသည်။

မြစ်အတွင်းသွားလာရေးအတွက် ရေလမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်နေသည့် ကျောက်ဖျာများကိုသာ ဖေါက်ခွဲဖယ်ရှားမည်ဖြစ်ပြီး ကျွန်းငယ်များကို ဖယ်ရှားမည်မဟုတ်ကြောင်းနှင့် တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အခြားရွေးချယ်ရန်မရှိသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ကျိုဒိုသတင်းဌာနအား ပြောကြားထားသည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းကြောင့် နိုင်ငံများအကြား နယ်နိမိတ်မြစ်အဖြစ် ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ရေမှာ ရေစီးမြန်လာပြီး ရေစီးကြောင်းအနည်းငယ်ပြောင်းလဲမှုများဖြစ်လာပါက နယ်နမိတ်မျဉ်းအပေါ် သက်ရောက်မှုများရှိနိုင်သကဲ့သို့ ကျောက်ဖျာများဖေါက်ခွဲပစ်ရခြင်းကြောင့် မြစ်အတွင်း ဂေဟစနစ်အပေါ် ထိခိုက်မှုလည်း ရှိလာနိုင်သဖြင့် ၂၀၁၆ ခုနှစ်ကတည်းက စတင်နေသည့်အဆိုပါအစီအစဉ်မှာ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ ကန့်ကွက်ခြင်းများနှင့် ကြုံတွေ့နေရသဖြင့် နှောင့်နှေးနေရကြောင်း သိရသည်။

မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းတို့အကြား မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၂၀) ရက်နေ့က တာချီလိတ်မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေလမ်းကြောင်းကို ၂၀၀၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

မဲခေါင်မြစ်သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကိုဖြတ်သန်းကာ တောင်တရုတ်ပင်လယ်တွင်း စီးဝင်ခြင်းဖြစ်ပြီး မဲခေါင်မြစ်အထက်ပိုင်းနိုင်ငံများဖြစ်သည့် တရုတ်၊မြန်မာ၊ထိုင်းနှင့်လာအိုကြားတွင် ရေလမ်းကြောင်းဖွံ့ဖြိုးရေးကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
Ref:Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net