ထုိင္းႏုိင္ငံတြင္ ျမန္မာအပါအဝင္ ေရႊ႕ေျပာင္းလုပ္သားမ်ားကို (၈)လတာကာလအတြင္း အေရးယူမႈမွ ဘတ္ (၂၅)သန္းေက်ာ္ ဒဏ္ေၾကးရရိွ

ထုိင္းႏုိင္ငံတြင္ ျမန္မာအပါအဝင္ ေရႊ႕ေျပာင္းလုပ္သားမ်ားကို (၈)လတာကာလအတြင္း အေရးယူမႈမွ ဘတ္ (၂၅)သန္းေက်ာ္ ဒဏ္ေၾကးရရိွ
မတ် 2, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ (၈)လတာကာလအတြင္း ျမန္မာအပါအဝင္ တရားမဝင္ေရႊ႕ေျပာင္းလုပ္သားေပါင္း (၅၀၀၀)ထက္ မနည္းကို ျပည္ႏွင္ခဲ့ရၿပီး ၎တို႔ တရားမဝင္ အလုပ္လုပ္ကိုင္မႈ၊ ျပည္ဝင္ခြင့္ဥပေဒခ်ိဳးေဖါက္မႈတို႔ျဖင့္ ဒဏ္ေၾကးေငြ ေပးေဆာင္မႈမွာ စုစုေပါင္း ဘတ္(၂၅)သန္းရိွေၾကာင္း ထုိင္းသတင္းဌာနမ်ားတြင္ ေဖၚျပထားသည္။

အလုပ္သမားဝန္ႀကီးဌာနႏွင့္ လူဝင္ႀကီးၾကပ္ေရးတုိ႔က ၂၀၁၈ ခုနွစ္ ဇူလုိင္လ (၁)ရက္ေန႔မွ စတင္၍ ႏုိင္ငံတြင္း စက္ရံု၊ အလုပ္ရံုမ်ားတြင္ လူကုန္ကူးမႈ၊ လုပ္အားေခါင္းပံုျဖတ္မႈမ်ား ရွင္းလင္းေရးကို စီမံခ်က္ျဖင့္ ေဆာင္ရြက္ရာ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔အထိကာလအတြင္း နုိင္ငံျခားသားလုပ္သားေပါင္း (၂၄၂၃၇၆)ဦးကို ဒဏ္ရိုက္အေရးယူၿပီး ေနရပ္ျပန္ပို႔ခဲ့ရျခင္းျဖစ္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖၚျပထားသည္။

အေရးယူခံရသူအမ်ားစုမွာ ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္မႈႏွင့္ အလုပ္လုပ္ကိုင္ခြင့္မရိွဘဲ အလုပ္လုပ္ကိုင္မႈတုိ႔ျဖစ္ေၾကာင္း သိရသည္။

ထုိင္းအစိုးရက ႏုိင္ငံတြင္း တရားမဝင္လုပ္သားမ်ားအေရးကို ၂၀၁၇ ခုႏွစ္ကတည္းက အာရံုစိုက္ေဆာင္ရြက္လာျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ တရားဝင္လုပ္သားမ်ားျဖစ္ေရးကို လုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

လက္ရိွတြင္ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားႏုိင္ငံမ်ားမွ လုပ္သားမ်ားအေနျဖင့္ တရားဝင္လုပ္သားမ်ားျဖစ္ရန္ ေလွ်ာက္ထားျခင္းကာလ ကုန္ဆံုးသြားၿပီျဖစ္၍ အစိုးရခ်င္းသေဘာတူထားသည့္ MOU ျဖင့္သာ လာေရာက္အလုပ္လုပ္ကိုင္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားဥပေဒအရ တရားမဝင္အလုပ္လုပ္ကိုင္သည့္ ေရႊ႕ေျပာင္းလုပ္သားမ်ားရိွပါက အဆိုပါလုပ္သားအျပင္ အလုပ္ခန္႔ထားသည့္အလုပ္ရွင္ကိုပါ ဒဏ္ေၾကးေပးေဆာင္ေစျခင္းျဖစ္ေသာ္လည္း တရားမဝင္အလုပ္လုပ္ကိုင္မႈမ်ား ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

စီမံခ်က္အတြင္း အေရးယူခဲ့ရာတြင္ ရရိွသည့္ ဒဏ္ေၾကး ဘတ္(၂၅)သန္းတြင္ ဥပေဒႏွင့္မညီညြတ္သည့္ လုပ္ငန္းရွင္ေပါင္း (၁၀၀၀) ေပးေဆာင္ရသည္း ဒဏ္ေၾကးမ်ားလည္းပါဝင္ၿပီး ထုိင္းနုိင္ငံသားမ်ားကိုသာ ခြင့္ျပဳထားသည့္လုပ္ငန္းမ်ားကို လုပ္ကိုင္သည့္ ႏုိင္ငံျခားသား (၇၀၂)ဦးကိုလည္း အေရးယူခဲ့ရေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း ေျပာင္းလဲလုိက္သည့္ အလုပ္သမားဥပေဒသစ္တြင္ တရားမဝင္ အလုပ္လုပ္ကိုင္သူမ်ားႏွင့္ အလုပ္ခန္႔ထားသူမ်ားအား ျပစ္မႈျပစ္ဒဏ္တိုးျမႇင့္သတ္မွတ္လုိက္ၿပီး တရားဝင္အလုပ္လုပ္ကိုင္ခြင့္အေထာက္အထားမ်ားကိုလည္း ၂၀၁၈ ခုႏွစ္အတြင္း ကာလသတ္မွတ္၍ လုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔လုပ္ေဆာင္ေပးမႈမ်ားႏွင့္အတူ လုပ္ငန္းခြင္မ်ားအား ဝင္ေရာက္စစ္ေဆးမႈမ်ား ဆက္တုိက္ျပဳလုပ္လာၿပီး တရားမဝင္ျမန္မာလုပ္သားမ်ား ေနရပ္ျပန္လိုပါက အေရးယူမခံရဘဲ ေနရပ္ျပန္ႏုိင္သည့္ကာလကိုလည္း သတ္မွတ္ေပးခဲ့ရာ ျမန္မာလုပ္သားအမ်ားအျပားမွာ နယ္စပ္ဝင္ေပါက္မ်ားမွတစ္ဆင့္ ျပန္ဝင္လာခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency

Photo Caption: Bangkok Master Wood Co,LTD တြင္ ၂၀၁၈ ခုႏွစ္၊ေအာက္တိုဘာလ (၂၃)ရက္ေန႔က ဝင္ေရာက္စစ္ေဆးေနစဥ္ SNOOK ၏မွတ္တမ္းပံုျဖစ္ပါသည္။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို (၈)လတာကာလအတွင်း အရေးယူမှုမှ ဘတ် (၂၅)သန်းကျော် ဒဏ်ကြေးရရှိ
***************
ထိုင်းနိုင်ငံတွင် (၈)လတာကာလအတွင်း မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားပေါင်း (၅၀၀၀)ထက် မနည်းကို ပြည်နှင်ခဲ့ရပြီး ၎င်းတို့ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ ပြည်ဝင်ခွင့်ဥပဒေချိုးဖေါက်မှုတို့ဖြင့် ဒဏ်ကြေးငွေ ပေးဆောင်မှုမှာ စုစုပေါင်း ဘတ်(၂၅)သန်းရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖေါ်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်ကြီးကြပ်ရေးတို့က ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ နိုင်ငံတွင်း စက်ရုံ၊ အလုပ်ရုံများတွင် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ရှင်းလင်းရေးကို စီမံချက်ဖြင့် ဆောင်ရွက်ရာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့အထိကာလအတွင်း နိုင်ငံခြားသားလုပ်သားပေါင်း (၂၄၂၃၇၆)ဦးကို ဒဏ်ရိုက်အရေးယူပြီး နေရပ်ပြန်ပို့ခဲ့ရခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

အရေးယူခံရသူအများစုမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနှင့် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရက နိုင်ငံတွင်း တရားမဝင်လုပ်သားများအရေးကို ၂၀၁၇ ခုနှစ်ကတည်းက အာရုံစိုက်ဆောင်ရွက်လာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်လုပ်သားများဖြစ်ရေးကို လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ လုပ်သားများအနေဖြင့် တရားဝင်လုပ်သားများဖြစ်ရန် လျှောက်ထားခြင်းကာလ ကုန်ဆုံးသွားပြီဖြစ်၍ အစိုးရချင်းသဘောတူထားသည့် MOU ဖြင့်သာ လာရောက်အလုပ်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဥပဒေအရ တရားမဝင်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများရှိပါက အဆိုပါလုပ်သားအပြင် အလုပ်ခန့်ထားသည့်အလုပ်ရှင်ကိုပါ ဒဏ်ကြေးပေးဆောင်စေခြင်းဖြစ်သော်လည်း တရားမဝင်အလုပ်လုပ်ကိုင်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စီမံချက်အတွင်း အရေးယူခဲ့ရာတွင် ရရှိသည့် ဒဏ်ကြေး ဘတ်(၂၅)သန်းတွင် ဥပဒေနှင့်မညီညွတ်သည့် လုပ်ငန်းရှင်ပေါင်း (၁၀၀၀) ပေးဆောင်ရသည်း ဒဏ်ကြေးများလည်းပါဝင်ပြီး ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုထားသည့်လုပ်ငန်းများကို လုပ်ကိုင်သည့် နိုင်ငံခြားသား (၇၀၂)ဦးကိုလည်း အရေးယူခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ပြောင်းလဲလိုက်သည့် အလုပ်သမားဥပဒေသစ်တွင် တရားမဝင် အလုပ်လုပ်ကိုင်သူများနှင့် အလုပ်ခန့်ထားသူများအား ပြစ်မှုပြစ်ဒဏ်တိုးမြှင့်သတ်မှတ်လိုက်ပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားများကိုလည်း ၂၀၁၈ ခုနှစ်အတွင်း ကာလသတ်မှတ်၍ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့လုပ်ဆောင်ပေးမှုများနှင့်အတူ လုပ်ငန်းခွင်များအား ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာပြီး တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုပါက အရေးယူမခံရဘဲ နေရပ်ပြန်နိုင်သည့်ကာလကိုလည်း သတ်မှတ်ပေးခဲ့ရာ မြန်မာလုပ်သားအများအပြားမှာ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ပြန်ဝင်လာခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

Photo Caption: Bangkok Master Wood Co,LTD တွင် ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ (၂၃)ရက်နေ့က ဝင်ရောက်စစ်ဆေးနေစဉ် SNOOK ၏မှတ်တမ်းပုံဖြစ်ပါသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~