လိြဳင္ေကာ္တြင္ အစ္မႏွင့္ သံုးႏွစ္ခြဲအရြယ္တူျဖစ္သူကို ဓါးျဖင့္ခုတ္သတ္သူ ထြက္ေျပးလြတ္ေျမာက္ေန

လိြဳင္ေကာ္တြင္ အစ္မႏွင့္ သံုးႏွစ္ခြဲအရြယ္တူျဖစ္သူကို ဓါးျဖင့္ခုတ္သတ္သူ ထြက္ေျပးလြတ္ေျမာက္ေန
မတ် 3, 2019
By 🌸
ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ ပန္းသီရိေဒါရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂) ရက္ေန႔မနက္ (၁၀)နာရီဝန္းက်င္က အရက္ေၾကာင္ေနသည္ဟု ယူဆရသည့္အမ်ိဳးသားတစ္ဦးက လမ္းေပၚတြင္ ဓား႐ွည္ျဖင့္ခုတ္သျဖင့္ ၎၏အစ္မျဖစ္သူႏွင့္အသက္(၃)ႏွစ္ခြဲအရြယ္တူျဖစ္သူတုိ႔ ေသဆံုးသြားေၾကာင္း သိရသည္။

ေဒၚဂြၽန္ဘယ္ရီသည္ အသက္(၃)ႏွစ္အရြယ္ သားျဖစ္သူ ထက္ညီညီခိုင္(၃)ႏွစ္ခြဲႏွင့္အတူ ေနအိမ္၏ ေတာင္ဘက္ ေဈးဆိုင္သို႔ထြက္သြားစဥ္ ေနအိမ္၌က်န္ခဲ့သည့္ သမီးျဖစ္သူ မေမရီဦးက မိခင္ျဖစ္သူ၏ ေအာ္သံၾကားသျဖင့္ အျပင္ထြက္ၾကည့္ရာ လမ္းဆုံတြင္ ဓားဒဏ္ရာမ်ားျဖင့္ လဲေနေသာ မိခင္ႏွင့္ ေမာင္ျဖစ္သူတို႔အား ေတြ႔႐ွိရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသူမ်ားကို လိြဳင္ေကာ္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ႏွစ္ဦးလံုးေသဆံုးသြားေၾကာင္း သိရသည္။

မ်က္ျမင္သက္ေသမ်ား၏ ေျပာျပခ်က္အရ အမႈဖြင့္တိုင္ၾကားသူ မေမရီဦး၏ ဦးေလးေတာ္စပ္သူ အသက္(၃၀)အရြယ္ နားကီ (ခ) ကစၥတားက ေလးေပခန္႔႐ွည္ေသာ ဓါးျဖင့္ ခုတ္ၿပီးထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ ထားၿပီး ထြက္ေျပးတရားခံအား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်တွင် အစ်မနှင့် သုံးနှစ်ခွဲအရွယ်တူဖြစ်သူကို ဓါးဖြင့်ခုတ်သတ်သူ ထွက်ပြေးလွတ်မြောက်နေ
***********
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ပန်းသီရိဒေါရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂) ရက်နေ့မနက် (၁၀)နာရီဝန်းကျင်က အရက်ကြောင်နေသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦးက လမ်းပေါ်တွင် ဓားရှည်ဖြင့်ခုတ်သဖြင့် ၎င်း၏အစ်မဖြစ်သူနှင့်အသက်(၃)နှစ်ခွဲအရွယ်တူဖြစ်သူတို့ သေဆုံးသွားကြောင်း သိရသည်။

ဒေါ်ဂျွန်ဘယ်ရီသည် အသက်(၃)နှစ်အရွယ် သားဖြစ်သူ ထက်ညီညီခိုင်(၃)နှစ်ခွဲနှင့်အတူ နေအိမ်၏ တောင်ဘက် ဈေးဆိုင်သို့ထွက်သွားစဉ် နေအိမ်၌ကျန်ခဲ့သည့် သမီးဖြစ်သူ မမေရီဦးက မိခင်ဖြစ်သူ၏ အော်သံကြားသဖြင့် အပြင်ထွက်ကြည့်ရာ လမ်းဆုံတွင် ဓားဒဏ်ရာများဖြင့် လဲနေသော မိခင်နှင့် မောင်ဖြစ်သူတို့အား တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများကို လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း နှစ်ဦးလုံးသေဆုံးသွားကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ အမှုဖွင့်တိုင်ကြားသူ မမေရီဦး၏ ဦးလေးတော်စပ်သူ အသက်(၃၀)အရွယ် နားကီ (ခ) ကစ္စတားက လေးပေခန့်ရှည်သော ဓါးဖြင့် ခုတ်ပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်းတွင် (ပ) ၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားပြီး ထွက်ပြေးတရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~