က်ိဳင္းတံုအထြက္တြင္ ခရီးသည္တင္ယာဥ္တစ္စီး ေတာင္ကမ္းပါးယံဝင္တုိက္မိ၍ (၉)ဦး ဒဏ္ရာရ

က်ိဳင္းတံုအထြက္တြင္ ခရီးသည္တင္ယာဥ္တစ္စီး ေတာင္ကမ္းပါးယံဝင္တုိက္မိ၍ (၉)ဦး ဒဏ္ရာရ
မတ် 14, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕အတြင္း က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္းတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္တစ္စီး ၂၀၁၉ ခုႏွစ္ မတ္လ (၁၄)ရက္ေန႔က ေတာင္ကမ္းပါးယံကို ဝင္တုိက္မိ၍ ယာဥ္ေမာင္းအပါအဝင္ (၉)ဦး ထိခိုက္ဒဏ္ရာရသြားေၾကာင္း သိရသည္။

“ကားသမားကေတာ့ စတီယာတိုင္နဲ႔ ရင္ဘတ္နဲ႔တုိက္မိၿပီး ဒဏ္ရာနည္းနည္းျပင္းတယ္ေျပာတယ္။ လူနာေတြကို သဂၤဟလူမႈကူညီေရးအသင္းက သူတုိ႔ကားနဲ႔ ေဆးရံုပို႔ေပးထားတယ္။ လိုင္းမဝင္ရေသးတဲ့ ကားပါ။  ယာဥ္လိုင္းတစ္လိုင္းကေန လူမဆန္႔လုိ႔ က်ိဳင္းေတာင္းကေန တာခ်ီလိတ္ကို  ငွားလာတာ။ အခုမွ ဒီဘက္ေရာက္ဖူးတာ ေျပာတယ္”ဟု အခင္းျဖစ္ေနရာအား သြားေရာက္ကူညီေပးခဲ့သည့္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း က်ဳိင္းတုံၿမိဳ႕နယ္အသင္းခြဲမွ ရွမ္းျပည္နယ္(အေရွ႕ပုိင္း) ျပည္နယ္တပ္ဖြဲ႕မႉး ဦးဝင္းျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္း၏ ( ၃၂) မိုင္ဝန္းက်င္တြင္ ယာဥ္ေမာင္းႏွင့္ ခရီးသည္စုစုေပါင္း (၁၈)ဦး ပါဝင္သည့္ ေမာ္ေတာ္ယာဥ္သည္ လမ္းအေကြ႕တြင္ အရွိန္လြန္ကာ လမ္းေဘး ေတာင္ကမ္းပါးယံကို တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူ (၉) ဦးကို က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔  သဂၤဟ လူမႈကူညီေရးအသင္းက ပို႔ေဆာင္ေပးခဲ့ရာ (၆)ဦးမွာ OPD တြင္ ျပသ၍ အေျခအေနေကာင္းသြားၿပီး အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးမွာ ေဆးရံုတြင္ ဆက္လက္ကုသမႈခံယူေနေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ သက္ဆိုင္ရာတာဝန္ရိွ ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး က်ိဳင္းတံုႏွင့္ မုိင္းျဖတ္ရိွ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း၏ အသင္းခြဲမ်ား၊ မီးသတ္တပ္ဖြဲ႕၊ မိုင္းျဖတ္ သဂၤဟလူမႈကူညီေရးအသင္းႏွင့္ တုိင္ေနလူမႈကူညီေရးအသင္းတုိ႔က  ထိခုိက္ဒဏ္ရာရသူမ်ားအား ေဆးရံုပို႔ျခင္းအပါအဝင္ လုိအပ္သည့္ ကူညီမႈမ်ား ပူးေပါင္းေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - U Win Myat

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံအထွက်တွင် ခရီးသည်တင်ယာဉ်တစ်စီး တောင်ကမ်းပါးယံဝင်တိုက်မိ၍ (၉)ဦး ဒဏ်ရာရ
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အတွင်း ကျိုင်းတုံ - တာချီလိတ်ကားလမ်းတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ၂၀၁၉ ခုနှစ် မတ်လ (၁၄)ရက်နေ့က တောင်ကမ်းပါးယံကို ဝင်တိုက်မိ၍ ယာဉ်မောင်းအပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

“ကားသမားကတော့ စတီယာတိုင်နဲ့ ရင်ဘတ်နဲ့တိုက်မိပြီး ဒဏ်ရာနည်းနည်းပြင်းတယ်ပြောတယ်။ လူနာတွေကို သင်္ဂဟလူမှုကူညီရေးအသင်းက သူတို့ကားနဲ့ ဆေးရုံပို့ပေးထားတယ်။ လိုင်းမဝင်ရသေးတဲ့ ကားပါ။  ယာဉ်လိုင်းတစ်လိုင်းကနေ လူမဆန့်လို့ ကျိုင်းတောင်းကနေ တာချီလိတ်ကို  ငှားလာတာ။ အခုမှ ဒီဘက်ရောက်ဖူးတာ ပြောတယ်”ဟု အခင်းဖြစ်နေရာအား သွားရောက်ကူညီပေးခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းတုံမြို့နယ်အသင်းခွဲမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်တပ်ဖွဲ့မှူး ဦးဝင်းမြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ - တာချီလိတ်ကားလမ်း၏ ( ၃၂) မိုင်ဝန်းကျင်တွင် ယာဉ်မောင်းနှင့် ခရီးသည်စုစုပေါင်း (၁၈)ဦး ပါဝင်သည့် မော်တော်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်လွန်ကာ လမ်းဘေး တောင်ကမ်းပါးယံကို တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၉) ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံသို့  သင်္ဂဟ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ရာ (၆)ဦးမှာ OPD တွင် ပြသ၍ အခြေအနေကောင်းသွားပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိ ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျိုင်းတုံနှင့် မိုင်းဖြတ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲများ၊ မီးသတ်တပ်ဖွဲ့၊ မိုင်းဖြတ် သင်္ဂဟလူမှုကူညီရေးအသင်းနှင့် တိုင်နေလူမှုကူညီရေးအသင်းတို့က  ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ခြင်းအပါအဝင် လိုအပ်သည့် ကူညီမှုများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - U Win Myat

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net