မိုင္းဆတ္ၿမိဳ႕၌ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္သက္တမ္းတိုးႏွင့္ ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးေန

မိုင္းဆတ္ၿမိဳ႕၌ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္သက္တမ္းတိုးႏွင့္ ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးေန
မတ် 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပို္င္း၊ မိုင္းဆတ္ၿမိဳ႕ ျပည္သူ႔ဝန္ေဆာင္မႈရံုးတြင္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား သက္တမ္းတိုးျခင္း၊ ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္ေပးျခင္းလုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၂)ရက္ေန႔တြင္ ကြင္းဆင္းေဆာင္ရြက္ေပးသည့္ ေနာက္ဆံုးေန႔အျဖစ္ ညေန(၄)နာရီအထိ လုပ္ငန္းေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕၊ ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာနမွ ဦးစီးအရာရွိ  ဦးသိန္း၀င္း ဦးေဆာင္ေသာအဖြဲ႔က မိုင္းဆတ္ၿမိဳ႕ျပည္သူ႔၀န္ေဆာင္မႈရံုး၌ မတ္ (၁၀) ရက္ေန႔မွစ၍ (၃)ရက္ၾကာေဆာင္ရြက္ေပးေနခဲ့ျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္ သက္တမ္းတိုးျခင္းအျပင္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္း “က”လုိင္စင္ႏွင့္ ယာဥ္ေမာင္းအသင္ “သ”လုိင္စင္ကိုပါ လုပ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ “က”ႏွင့္ “သ”လုိင္စင္မ်ား သက္တမ္း (၃)လျပည့္ၿပီးပါက က်ိဳင္းတံုကညနရံုးတြင္  “ခ” ယာဥ္ေမာင္းလိုင္စင္ လာေရာက္ေျဖဆုိႏိုင္မည္ျဖစ္ၿပီး သက္တမ္းတိုးယာဥ္၊ ဆိုင္ကယ္မ်ားကိုလည္း (၃)လႀကိဳ သက္တမ္းတိုးေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ေမာ္ေတာ္ဆုိင္ကယ္လုိင္စင္နံပါတ္ျပားမ်ားကို ယခင္က ျမန္မာအကၡရာမွ အဂၤလိပ္အကၡရာသို႔ ေျပာင္းလဲတပ္ဆင္ေပးမည္ျဖစ္ရာ လုပ္ငန္းေဆာင္ရြက္ၿပီး(၂)လေက်ာ္ပါက ယာဥ္မွတ္ပံုတင္စာအုပ္ႏွင့္ နံပါတ္ျပားအေဟာင္းကို က်ိဳင္းတံုကညန႐ံုးသို႔ တင္ျပၿပီး အသစ္ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ကြင္းဆင္းေဆာင္ရြက္မႈအတြင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းဆုိင္ရာ ေဟာေျပာပို႔ခ်မႈကိုလည္း လုပ္ေဆာင္ေပးထားေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္
ဓါတ္ပံု - Tiger Wan

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်မြို့၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်သက်တမ်းတိုးနှင့် ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးနေ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးသည့် နောက်ဆုံးနေ့အဖြစ် ညနေ(၄)နာရီအထိ လုပ်ငန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးသိန်းဝင်း ဦးဆောင်သောအဖွဲ့က မိုင်းဆတ်မြို့ပြည်သူ့ဝန်ဆောင်မှုရုံး၌ မတ် (၁၀) ရက်နေ့မှစ၍ (၃)ရက်ကြာဆောင်ရွက်ပေးနေခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်းအပြင် မော်တော်ဆိုင်ကယ်မောင်း “က”လိုင်စင်နှင့် ယာဉ်မောင်းအသင် “သ”လိုင်စင်ကိုပါ လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ “က”နှင့် “သ”လိုင်စင်များ သက်တမ်း (၃)လပြည့်ပြီးပါက ကျိုင်းတုံကညနရုံးတွင်  “ခ” ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုနိုင်မည်ဖြစ်ပြီး သက်တမ်းတိုးယာဉ်၊ ဆိုင်ကယ်များကိုလည်း (၃)လကြို သက်တမ်းတိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မော်တော်ဆိုင်ကယ်လိုင်စင်နံပါတ်ပြားများကို ယခင်က မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်ပြီး(၂)လကျော်ပါက ယာဉ်မှတ်ပုံတင်စာအုပ်နှင့် နံပါတ်ပြားအဟောင်းကို ကျိုင်းတုံကညနရုံးသို့ တင်ပြပြီး အသစ်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်မှုအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပို့ချမှုကိုလည်း လုပ်ဆောင်ပေးထားကြောင်း သိရသည်။

သတင်း #သန်းဇော်
ဓါတ်ပုံ - Tiger Wan

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net