ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာတြင္ ေနအိမ္တြင္းဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆံုး

ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာတြင္ ေနအိမ္တြင္းဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆံုး
မတ် 11, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်းရြာတြင္ ၂၀၁၉ ခုနွစ္၊ မတ္လ (၁၀) ရက္ေန႔ ညပိုင္းက ေနအိမ္တြင္း ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားသျဖင့္ အသက္ (၃၅)ႏွစ္အရြယ္ အရပ္သားအမ်ိဳးသားတစ္ဦး ေသနတ္ဒဏ္ရာ (၃)ခ်က္ျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

ေနာင္ပိန္ေက်းရြာ၊ ရပ္ကြက္(၁)ရိွ သန္းေဇာ္ေထြး (ခ)အုိက္ပီးေနထုိင္သည့္ေနအိမ္သို႔ ည(၇)နာရီ (၅၀)မိနစ္ဝန္းက်င္က ေမာ္ေတာ္ဆုိင္ကယ္ (၂)စီးျဖင့္ အမ်ိဳးသား (၃)ဦးေရာက္လာၿပီး သန္းေဇာ္ေထြး(ခ) အုိက္ပီးအား ေသနတ္ျဖင့္ပစ္သတ္သျဖင့္ ညာဘက္ရင္အံု၊ ရင္ညႊန္႔ႏွင့္ ဝမ္းဗိုက္ေအာက္ပိုင္းတို႔တြင္ ေသနတ္ဒဏ္ရာ (၃)ခ်က္ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သန္းေဇာ္ေထြး(ခ)အုိက္ပီးမွာ အဆိုပါေသနတ္ဒဏ္ရာမ်ားျဖင့္ တိုက္နယ္ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူရင္း ည (၈)နာရီေက်ာ္တြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္သတ္ခံရသူမွာ ယခင္ကၽြဲႏြားေရာင္းဝယ္ေရး တရားမဝင္လုပ္ကိုင္ခဲ့စဥ္က ေဒသတြင္း တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ထံ ဆက္ေၾကးေငြေပးရမည္ကို ေပးေဆာင္ခဲ့ျခင္းမရိွေၾကာင္း သိရသျဖင့္ အဆိုပါကိစၥေၾကာင့္ ပစ္သတ္ခံရျခင္းျဖစ္ႏုိင္ဖြယ္ရိွသည္ဟု ရဲတပ္ဖြဲ႕က ယူဆထားသည္။

အဆိုပါ ပစ္ခတ္ခံရမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် နေအိမ်တွင်းဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး
**********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ ညပိုင်းက နေအိမ်တွင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားသဖြင့် အသက် (၃၅)နှစ်အရွယ် အရပ်သားအမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ (၃)ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။

နောင်ပိန်ကျေးရွာ၊ ရပ်ကွက်(၁)ရှိ သန်းဇော်ထွေး (ခ)အိုက်ပီးနေထိုင်သည့်နေအိမ်သို့ ည(၇)နာရီ (၅၀)မိနစ်ဝန်းကျင်က မော်တော်ဆိုင်ကယ် (၂)စီးဖြင့် အမျိုးသား (၃)ဦးရောက်လာပြီး သန်းဇော်ထွေး(ခ) အိုက်ပီးအား သေနတ်ဖြင့်ပစ်သတ်သဖြင့် ညာဘက်ရင်အုံ၊ ရင်ညွှန့်နှင့် ဝမ်းဗိုက်အောက်ပိုင်းတို့တွင် သေနတ်ဒဏ်ရာ (၃)ချက်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်ထွေး(ခ)အိုက်ပီးမှာ အဆိုပါသေနတ်ဒဏ်ရာများဖြင့် တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ည (၈)နာရီကျော်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ယခင်ကျွဲနွားရောင်းဝယ်ရေး တရားမဝင်လုပ်ကိုင်ခဲ့စဉ်က ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ဆက်ကြေးငွေပေးရမည်ကို ပေးဆောင်ခဲ့ခြင်းမရှိကြောင်း သိရသဖြင့် အဆိုပါကိစ္စကြောင့် ပစ်သတ်ခံရခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။
အဆိုပါ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net