ေက်ာက္မဲၿမိဳ႕တြင္ လင္မယားႏွစ္ဦးအား ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားတို႔ႏွင့္အတူ ဖမ္းမိ

ေက်ာက္မဲၿမိဳ႕တြင္ လင္မယားႏွစ္ဦးအား ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားတို႔ႏွင့္အတူ ဖမ္းမိ
မတ် 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္ဇနီးေမာင္ႏွံကို  ဘိန္းျဖဴ ( ၇.၅ ) ဂရမ္၊ စိတ္ၾကြရူးသြပ္ေဆးျပား (၇၈) ျပား၊ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းတို႔ႏွင့္ အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္ ( ၉ )ရပ္ကြက္၊ နယ္ေျမ ( ၁ ) ငုဝါလမ္းရွိ မူးယစ္သတင္းရေနအိမ္အား ၂၀၁၉ ခုႏွစ္၊ မတ္လ (၅) ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ ရဲတပ္ဖြဲ႕သည္သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ  စားပြဲေပၚရိွ ေကာ္ဗူးအတြင္းထည့္ထားသည့္ ဘိန္းျဖဴ (၇.၅)ဂရမ္၊ လက္ကိုင္အိတ္အတြင္း ထည့္ထားသည့္ WY ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား ( ၇၈ ) ျပားတုိ႔ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေနအိမ္အတြင္း ေတြ႔ရေသာ ေနအိမ္ပိုင္ရွင္ျဖစ္သူ မ်ိဳးမင္းသန္း (ေခၚ) ကတံုး (ေခၚ) ဂိုးဒင္းႏွင့္ ဇနီးျဖစ္သူ ဆုယဥ္မြန္(ခ)မဆုတုိ႔ကို ေက်ာက္မဲၿမိဳ႕ မရဲစခန္းတြင္ မယ(ပ)၁၂/ ၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)၊ ၂၀(က)၊ ၂၁ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဇနီးမောင်နှံကို ဘိန်းဖြူ ( ၇.၅ ) ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၈) ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့နှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ် ( ၉ )ရပ်ကွက်၊ နယ်မြေ ( ၁ ) ငုဝါလမ်းရှိ မူးယစ်သတင်းရနေအိမ်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၅) ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့သည်သက်သေများပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ စားပွဲပေါ်ရှိ ကော်ဗူးအတွင်းထည့်ထားသည့် ဘိန်းဖြူ (၇.၅)ဂရမ်၊ လက်ကိုင်အိတ်အတွင်း ထည့်ထားသည့် WY ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ( ၇၈ ) ပြားတို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ နေအိမ်အတွင်း တွေ့ရသော နေအိမ်ပိုင်ရှင်ဖြစ်သူ မျိုးမင်းသန်း (ခေါ်) ကတုံး (ခေါ်) ဂိုးဒင်းနှင့် ဇနီးဖြစ်သူ ဆုယဉ်မွန်(ခ)မဆုတို့ကို ကျောက်မဲမြို့ မရဲစခန်းတွင် မယ(ပ)၁၂/ ၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net