NGO ႏွင့္ INGO ဝန္ထမ္းမ်ား လစာဝင္ေငြခြန္ထမ္းေဆာင္ရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန အသိေပး

NGO ႏွင့္ INGO ဝန္ထမ္းမ်ား လစာဝင္ေငြခြန္ထမ္းေဆာင္ရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန အသိေပး
မတ် 2, 2019
By 🌸
NGO ႏွင့္ INGO မ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ဝန္ထမ္းမ်ား လစာဝင္ေငြခြန္ ထမ္းေဆာင္ၾကရန္ႏွင့္ အဆိုပါဝန္ထမ္းမ်ားအား လစာေငြထုတ္ေပးရန္တာဝန္ရိွသူမ်ားအေနျဖင့္  ဝန္ထမ္းမ်ားေပးေဆာင္ရမည့္ ဝင္ေငြခြန္မ်ား ေပးေဆာင္ေစေရးအတြက္ လုပ္ေဆာင္ၾကရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးေၾကညာထားသည္။

NGO ႏွင့္ INGO ဝန္ထမ္းမ်ားအားလစာေငြထုတ္ေပးရန္ တာဝန္ရိွသူအေနျဖင့္ ဝန္ထမ္းမ်ားအေနျဖင့္ ေပးသြင္းရန္ က်သင့္အခြန္ေငြတြက္ခ်က္ႏႈတ္ယူၿပီး (၇)ရက္အတြင္း သက္ဆုိင္ရာ အခြန္ဦးစီးဌာနရံုးမ်ား၏ ေငြစာရင္းသို႔ ေပးသြင္းရမည္ျဖစ္ၿပီး ယင္းကဲ့သို႔လုပ္ေဆာင္ရန္ ပ်က္ကြက္ပါက ဝင္ေငြခြန္ဥပေဒပုဒ္မ ၁၆၊ ပုဒ္မခြဲ(ဃ)အရ အေရးယူႏုိင္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴး၊ တုိင္းေဒသႀကီး/ျပည္နယ္အခြန္ဦးစီးဌာနမွဴး သို႔မဟုတ္ အခြန္ထမ္းႀကီးမ်ားဆုိင္ရာ အခြန္ရံုး သို႔မဟုတ္ အလယ္အလတ္ အခြန္ထမ္းမ်ားဆုိင္ရာအခြန္ရံုးဌာနမွဴးတို႔က ဝင္ေငြခြန္ႏွင့္ စပ္လ်ဥ္း၍ သိလိုေသာသတင္းအခ်က္မ်ားကို သက္ဆုိင္ရာ INGO ႏွင့္ NGO မ်ားအေနျဖင့္ ေျဖၾကားေပးပို႔ၾကရန္ကိုလည္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။

၁၉၅၄ ခုႏွစ္၊ ကမၻာ့ကုလသမဂၢအဖြဲ႕(အခြင့္အေရးမ်ားႏွင့္ ကင္းလြတ္ခြင့္မ်ား) အက္ဥပေဒအရလည္းေကာင္း၊ ၁၉၆၁ ခုႏွစ္ သံတမန္ဆက္ဆံေရးႏွင့္ စပ္လ်ဥ္းသည့္ ဗီယင္နာကြန္ဗင္းရွင္းသေဘာတူစာခ်ဳပ္အရလည္းေကာင္း၊ ႏွစ္ႏုိင္ငံအျပန္အလွန္ လက္မွတ္ေရးထိုးထားသည့္ နားလည္မႈစာခၽြန္လႊာမ်ား စာခ်ဳပ္မ်ားအရလည္းေကာင္း ဝင္ေငြခြန္ကင္းလြတ္ခြင့္ျပဳထားျခင္းမရိွသည့္ NGO ႏွင့္ INGO မ်ားတြင္ တာဝန္ထမ္းေဆာင္သူမ်ားအားလံုး ဝင္ေငြခြန္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ေပးေဆာင္ရမည့္ ဝင္ေငြခြန္တြင္လစာ၊ လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ လစာႏွင့္လုပ္ခအျပင္ ထပ္ေဆာင္းရရိွ အခေၾကးေငြ၊ ေကာ္မရွင္ရေငြတုိ႔မွာ လစာေခါင္းစဥ္ျဖင့္ ဝင္ေငြခြန္ေပးေဆာင္ရန္ တာဝန္ရိွေၾကာင္း သိရသည္။

လစာဝင္ေငြ တစ္ႏွစ္လွ်င္ က်ပ္ (၄၈)သိန္းထက္ေက်ာ္လြန္သူတိုင္း  လစာဝင္ေငြခြန္ႏႈန္းထားသတ္မွတ္၍ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၁)ရက္ေန႔မွစၿပီး အခြန္စည္းၾကပ္ေနျခင္းျဖစ္ရာ NGO၊ INGO ဝန္ထမ္းမ်ားအေနျဖင့္ လစာဝင္ေငြခြန္ေပးေဆာင္ၾကရန္ အသိေပးထားျခင္းျဖစ္သည္။

အခြန္ကိစၥႏွင့္ပတ္သက္၍ မရွင္းလင္းသည့္အခ်က္မ်ားရိွပါက သက္ဆိုင္ရာၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံး (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး (ေနျပည္ေတာ္) ႐ုံးအမွတ္ ၄၆၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ဖုန္းနံပါတ္- ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၃၃ (သို႔မဟုတ္) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (ရန္ကုန္) အမွတ္ ၅၉/၆၁၊ ေျမညီထပ္၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဖုန္းနံပါတ္- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို႔မဟုတ္) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (မႏၲေလး) ၆၅ လမ္း၊ ၂၂x၂၃ လမ္းၾကား၊ ဖုန္းနံပါတ္- ၀၂-၄၀၃၀၁၉၂ တို႔သို႔ ေမးျမန္းစုံစမ္းႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
NGO နှင့် INGO ဝန်ထမ်းများ လစာဝင်ငွေခွန်ထမ်းဆောင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန အသိပေး
**********
NGO နှင့် INGO များတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ လစာဝင်ငွေခွန် ထမ်းဆောင်ကြရန်နှင့် အဆိုပါဝန်ထမ်းများအား လစာငွေထုတ်ပေးရန်တာဝန်ရှိသူများအနေဖြင့်  ဝန်ထမ်းများပေးဆောင်ရမည့် ဝင်ငွေခွန်များ ပေးဆောင်စေရေးအတွက် လုပ်ဆောင်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာထားသည်။

NGO နှင့် INGO ဝန်ထမ်းများအားလစာငွေထုတ်ပေးရန် တာဝန်ရှိသူအနေဖြင့် ဝန်ထမ်းများအနေဖြင့် ပေးသွင်းရန် ကျသင့်အခွန်ငွေတွက်ချက်နှုတ်ယူပြီး (၇)ရက်အတွင်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနရုံးများ၏ ငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဃ)အရ အရေးယူနိုင်ကြောင်း သိရသည်။

မြို့နယ်အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးတို့က ဝင်ငွေခွန်နှင့် စပ်လျဉ်း၍ သိလိုသောသတင်းအချက်များကို သက်ဆိုင်ရာ INGO နှင့် NGO များအနေဖြင့် ဖြေကြားပေးပို့ကြရန်ကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

၁၉၅၄ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေအရလည်းကောင်း၊ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းသဘောတူစာချုပ်အရလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများ စာချုပ်များအရလည်းကောင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားခြင်းမရှိသည့် NGO နှင့် INGO များတွင် တာဝန်ထမ်းဆောင်သူများအားလုံး ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ပေးဆောင်ရမည့် ဝင်ငွေခွန်တွင်လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ လစာနှင့်လုပ်ခအပြင် ထပ်ဆောင်းရရှိ အခကြေးငွေ၊ ကော်မရှင်ရငွေတို့မှာ လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိကြောင်း သိရသည်။

လစာဝင်ငွေ တစ်နှစ်လျှင် ကျပ် (၄၈)သိန်းထက်ကျော်လွန်သူတိုင်း  လစာဝင်ငွေခွန်နှုန်းထားသတ်မှတ်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစပြီး အခွန်စည်းကြပ်နေခြင်းဖြစ်ရာ NGO၊ INGO ဝန်ထမ်းများအနေဖြင့် လစာဝင်ငွေခွန်ပေးဆောင်ကြရန် အသိပေးထားခြင်းဖြစ်သည်။

အခွန်ကိစ္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၃၃ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂x၂၃ လမ်းကြား၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂ တို့သို့ မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~