မီးခိုးျမဴေလ်ာ့က်ျခင္းမရိွေသးသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုအရည္အေသြးတိုင္းတာျခင္းႏွင့္ လူထုအား အသိပညာေပးမႈမ်ား လုပ္ေဆာင္

မီးခိုးျမဴေလ်ာ့က်ျခင္းမရိွေသးသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုအရည္အေသြးတိုင္းတာျခင္းႏွင့္ လူထုအား အသိပညာေပးမႈမ်ား လုပ္ေဆာင္
မတ် 17, 2019
By 🌸
မီးခိုးျမဴမ်ားဖံုးလႊမ္းေနသည့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၇)ရက္ေန႔က ေလထုညစ္ညမ္းျခင္းဆိုင္ရာ အသိပညာေပးေဟာေျပာပြဲမ်ား ျပဳလုပ္ေနၿပီး ေလထုအရည္အေသြး တုိင္းတာျခင္းကို (၄၈)နာရီအတြင္း တုိင္းတာမႈ ရလဒ္အေပၚမူတည္၍ ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနႏွင့္ က်န္းမာေရးဌာနတို႔က မကာဟိုခမ္းရပ္ကြက္ရိွ ဓမၼာရံုတြင္ ရပ္ကြက္လူထုအား ေလထုညစ္ညမ္းျခင္းဆုိင္ရာ အသိပညာေပးေဟာေျပာျခင္းကို နံနက္ (၉)နာရီမွ (၁၁)နာရီအထိ က်င္းပၿပီး လြယ္ေတာ္ခမ္းရပ္ကြက္လူထုကိုလည္း ဆက္လက္ေဟာေျပာသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနက ေဟာေျပာပြဲမ်ား လုပ္ေဆာင္ေနသည့္နည္းတူ ေလထုအရည္အေသြး တုိင္းတာျခင္းကိုလည္း ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္သည္။

“ တစ္ရက္နဲ႔တစ္ရက္ ေျပာင္းလဲမႈအေျခအေနကို (၂၄)နာရီေစာင့္ၾကည့္မွာပါ။ ညေန (၃)နာရီက စတင္တာဆိုေတာ့ ေနာက္တစ္ေန႔ ညေန(၃)နာရီတုိင္းမွာ အေျခအေနအေျပာင္းအလဲကိုၾကည့္မွာပါ။ ရတဲ့ရလဒ္ကို ၿမိဳ႕နယ္ေထြအုပ္ကေနတစ္ဆင့္ ျပည္သူလူထုကို ေၾကညာေပးဖို႔ပါ။ (၄၈)နာရီ တိုင္းတာေရးရလဒ္အေပၚမူတည္ၿပီးေတာ့ လိုအပ္ရင္ ဆက္တုိင္းမွာပါ”ဟု ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာန (ေတာင္ႀကီး) ဦးစီးအရာရိွ ဦးျပည့္ၿဖိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ မယ္ဆုိင္ၿမိဳ႕ေလထုညစ္ညမ္းမႈမွာ စိုးရိမ္ဖြယ္အေျခအေန ေရာက္ရိွလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕၏ ေလထုညစ္ညမ္းမႈကို တုိင္းတာရန္ ေတာင္ႀကီးၿမိဳ႕ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနမွ ဦးစီးအရာရိွမ်ားျဖစ္ၾကသည့္ ဦးျပည့္ၿဖိဳးေက်ာ္၊ ဦးေအာင္ေဇာ္ေလးႏွင့္ ဦးေအးထက္ေအာင္တို႔ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၅)ရက္ေန႔ ညေန (၃)နာရီမွစ၍ ေလထုအရည္အေသြးတိုင္းတာေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴမ်ား ဖံုုးလႊမ္းလာရာ သက္ဆုိင္ရာဌာနမ်ားပူးေပါင္းပါဝင္သည့္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက၂၀၁၉ ခုႏွစ္၊ မတ္လ (၁၄)ရက္ေန႔မွစ၍ လူထူထပ္ရာေနရာမ်ားတြင္ မီးသတ္ကားမ်ားျဖင့္ ေရမႈန္ေရမႊားဖ်န္းေပးျခင္း၊ အမ်ားျပည္သူအား ႏွာေခါင္းစည္းမ်ား အခမဲ့ေဝငွျခင္းႏွင့္ က်န္းမာေရးအသိပညာေပးျခင္းတို႔ကို စတင္လုပ္ေဆာင္ခဲ့ၿပီး ေလထုအရည္အေသြးတုိင္းတာႏုိင္ရန္ ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနက အကူအညီေပးလာျခင္းျဖစ္သည္။

ျမန္မာႏွင့္ ထုိင္းနယ္စပ္တေလွ်ာက္တြင္ ေဒသခံမ်ားက စုိက္ပ်ိဳးေျမအတြက္ မီးရိႈ႕ၾကသျဖင့္ ေဒသအတြင္း မီးခိုးေၾကာင့္ ေလထုညစ္ညမ္းမႈဒဏ္ကို ႏွစ္စဥ္ခံစားေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မီးခိုးမြူလျော့ကျခြင်းမရှိသေးသည့် တာချီလိတ်မြို့တွင် လေထုအရည်အသွေးတိုင်းတာခြင်းနှင့် လူထုအား အသိပညာပေးမှုများ လုပ်ဆောင်
*********
မီးခိုးမြူများဖုံးလွှမ်းနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့က လေထုညစ်ညမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်နေပြီး လေထုအရည်အသွေး တိုင်းတာခြင်းကို (၄၈)နာရီအတွင်း တိုင်းတာမှု ရလဒ်အပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် ကျန်းမာရေးဌာနတို့က မကာဟိုခမ်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ရပ်ကွက်လူထုအား လေထုညစ်ညမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို နံနက် (၉)နာရီမှ (၁၁)နာရီအထိ ကျင်းပပြီး လွယ်တော်ခမ်းရပ်ကွက်လူထုကိုလည်း ဆက်လက်ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ဟောပြောပွဲများ လုပ်ဆောင်နေသည့်နည်းတူ လေထုအရည်အသွေး တိုင်းတာခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

“ တစ်ရက်နဲ့တစ်ရက် ပြောင်းလဲမှုအခြေအနေကို (၂၄)နာရီစောင့်ကြည့်မှာပါ။ ညနေ (၃)နာရီက စတင်တာဆိုတော့ နောက်တစ်နေ့ ညနေ(၃)နာရီတိုင်းမှာ အခြေအနေအပြောင်းအလဲကိုကြည့်မှာပါ။ ရတဲ့ရလဒ်ကို မြို့နယ်ထွေအုပ်ကနေတစ်ဆင့် ပြည်သူလူထုကို ကြေညာပေးဖို့ပါ။ (၄၈)နာရီ တိုင်းတာရေးရလဒ်အပေါ်မူတည်ပြီးတော့ လိုအပ်ရင် ဆက်တိုင်းမှာပါ”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (တောင်ကြီး) ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့် နယ်နမိတ်ထိစပ်နေသည့် မယ်ဆိုင်မြို့လေထုညစ်ညမ်းမှုမှာ စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိလာသဖြင့် တာချီလိတ်မြို့၏ လေထုညစ်ညမ်းမှုကို တိုင်းတာရန် တောင်ကြီးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဦးစီးအရာရှိများဖြစ်ကြသည့် ဦးပြည့်ဖြိုးကျော်၊ ဦးအောင်ဇော်လေးနှင့် ဦးအေးထက်အောင်တို့ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ညနေ (၃)နာရီမှစ၍ လေထုအရည်အသွေးတိုင်းတာနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မီးခိုးမြူများ ဖုံးလွှမ်းလာရာ သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီက၂၀၁၉ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့မှစ၍ လူထူထပ်ရာနေရာများတွင် မီးသတ်ကားများဖြင့် ရေမှုန်ရေမွှားဖျန်းပေးခြင်း၊ အများပြည်သူအား နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့ပြီး လေထုအရည်အသွေးတိုင်းတာနိုင်ရန် တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အကူအညီပေးလာခြင်းဖြစ်သည်။

မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက်တွင် ဒေသခံများက စိုက်ပျိုးမြေအတွက် မီးရှို့ကြသဖြင့် ဒေသအတွင်း မီးခိုးကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို နှစ်စဉ်ခံစားနေရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net