ကမၻာတြင္ ႏိုင္ငံ (၆)ႏိုင္ငံ၌သာ က်ားမတန္းတူအခြင့္အေရးကို ဥပေဒအရ အကာအကြယ္ေပးထားႏုိင္

ကမၻာတြင္ ႏိုင္ငံ (၆)ႏိုင္ငံ၌သာ က်ားမတန္းတူအခြင့္အေရးကို ဥပေဒအရ အကာအကြယ္ေပးထားႏုိင္
မတ် 3, 2019
By 🌸
ကမၻာ့ႏိုင္ငံမ်ားတြင္ က်ားမတန္းတူအခြင့္အေရးကို ဥပေဒအရကာကြယ္ေပးထားႏုိင္သည့္ ႏုိင္ငံ (၆)ႏိုင္ငံသာရိွေသးသျဖင့္ ကမၻာတြင္ က်ားမတန္းတူညီမွ်ေရးအေရြ႕မွာ ေႏွးေကြးလြန္းသည္ဟု ကမၻာ့ဘဏ္အစီရင္ခံစာတြင္ ေဖၚျပထားသည္။

ႏုိင္ငံမ်ားအလုိက္ က်ားမတန္းတူအခြင့္အေရးကို ဥပေဒအရ အခုိင္အမာကာကြယ္ေပးႏိုင္မႈႏွင့္ စီးပြားေရးအခြင့္အလမ္းမ်ားတြင္ တန္းတူရိွမႈတို႔အေပၚ စစ္တမ္းေကာက္ယူခဲ့ရာ ဘယ္လ္ဂ်ီယမ္၊ ဒိန္းမတ္၊ ျပင္သစ္၊ လစ္ဗီးယား၊ လူဇင္ဘတ္ႏွင့္ ဆြီဒင္ႏုိင္ငံတုိ႔မွာ အခြင့္အေရးတန္းတူအျပည့္အဝရသည့္ ႏုိင္ငံမ်ားျဖစ္ေၾကာင္း အမ်ိဳးသမီး၊ စီးပြားေရးႏွင့္ ဥပေဒ ၂၀၁၉ အစီရင္ခံစာတြင္ ေဖၚျပထားသည္။

ယင္း (၆)ႏုိင္ငံအနက္ ျပင္သစ္ႏုိင္ငံသည္ အိမ္တြင္းအၾကမ္းဖက္မႈဆုိင္ရာဥပေဒ၊ လုပ္ငန္းခြင္တြင္ လိင္ပိုင္းဆုိင္ရာထိပါးမႈမ်ားဆိုင္ရာ ျပစ္မႈျပစ္ဒဏ္မ်ားႏွင့္ မိဘမ်ားအတြက္ ခြင့္ခံစားခြင့္မ်ားကို ဆယ္စုႏွစ္အတြင္း ခ်မွတ္ေဆာင္ရြက္ခဲ့ရာ က်ားမတန္းတူအခြင့္အေရးတိုးတက္မႈအျမန္ဆံုးႏုိင္ငံျဖစ္လာေၾကာင္း သိရသည္။

သို႔ေသာ္ အေရွ႕အလယ္ပိုင္းႏုိင္ငံမ်ား၊ ဆာဟာရ အာဖရိကႏုိင္ငံမ်ားတြင္မူ  အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ား၏ ထက္ဝက္ခန္႔ေသာ ခံစားခြင့္ကိုသာ ဥပေဒက အကာအကြယ္ေပးထားႏုိင္ေၾကာင္း သိရသည္။
အဆိုပါေလ့လာမႈ၏ရည္ရြယ္ခ်က္မွာ အမ်ိဳးသမီးစြန္႔ဦးလုပ္ငန္းရွင္မ်ားႏွင့္ အမ်ိဳးသမီးလုပ္ငန္းခြင္မ်ားတြင္ ဥပေဒအရခြဲျခားထားမႈေၾကာင့္ သက္ေရာက္မႈသိျမင္နားလည္လာေစရန္ တနည္းအားျဖင့္ အမ်ိဳးသမီးမ်ား၏ အလုပ္အကိုင္အခြင့္လမ္း၊ လုပ္ႏုိင္စြမ္းမ်ားကို ဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ားအရ ခြဲျခားခံရမႈမ်ားကို ျမင္သာေစရန္ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ စစ္တမ္းေကာက္ယူရာတြင္ လူမႈဝန္းက်င္ထံုးတမ္းစဥ္လာႏွင့္ ယဥ္ေက်းမႈအစဥ္အလာမ်ားကို ထည့္သြင္းတြက္ခ်က္ျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါစစ္တမ္းအား ေကာက္ယူရာတြင္ အမ်ိဳးသမီးမ်ား သြားလာသည့္ေနရာ၊ အလုပ္အကိုင္ စတင္ရသည့္အေနအထား၊ လုပ္ခလစာရရိွမႈ၊ အိမ္ေထာင္ျပဳမႈ၊ ကေလးယူျခင္း၊ စီးပြားေရးလုပ္ငန္းလုပ္ကိုင္ျခင္း၊ ပိုင္ဆုိင္မႈမ်ားစီမံခန္႔ခြဲျခင္းႏွင့္ ပင္စင္ရရိွမႈ စသည့္အခ်က္အလက္မ်ားကို ဆန္းစစ္ထားၿပီး အမ်ိဳးသမီးတစ္ဦးသည္ အမ်ိဳးသားတစ္ဦးႏွင့္တန္းတူ အိမ္ျပင္ထြက္ သြားလာႏုိင္မႈအေျခအေနႏွင့္ အိမ္တြင္းအၾကမ္းဖက္မႈကို ဥပေဒအရကာကြယ္ေပးထားမႈတုိ႔ကိုလည္း ထည့္သြင္းတြက္ခ်က္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကမ္ဘာတွင် နိုင်ငံ (၆)နိုင်ငံ၌သာ ကျားမတန်းတူအခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးထားနိုင်
**********
ကမ္ဘာ့နိုင်ငံများတွင် ကျားမတန်းတူအခွင့်အရေးကို ဥပဒေအရကာကွယ်ပေးထားနိုင်သည့် နိုင်ငံ (၆)နိုင်ငံသာရှိသေးသဖြင့် ကမ္ဘာတွင် ကျားမတန်းတူညီမျှရေးအရွေ့မှာ နှေးကွေးလွန်းသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

နိုင်ငံများအလိုက် ကျားမတန်းတူအခွင့်အရေးကို ဥပဒေအရ အခိုင်အမာကာကွယ်ပေးနိုင်မှုနှင့် စီးပွားရေးအခွင့်အလမ်းများတွင် တန်းတူရှိမှုတို့အပေါ် စစ်တမ်းကောက်ယူခဲ့ရာ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ ပြင်သစ်၊ လစ်ဗီးယား၊ လူဇင်ဘတ်နှင့် ဆွီဒင်နိုင်ငံတို့မှာ အခွင့်အရေးတန်းတူအပြည့်အဝရသည့် နိုင်ငံများဖြစ်ကြောင်း အမျိုးသမီး၊ စီးပွားရေးနှင့် ဥပဒေ ၂၀၁၉ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ယင်း (၆)နိုင်ငံအနက် ပြင်သစ်နိုင်ငံသည် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာဥပဒေ၊ လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာထိပါးမှုများဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် မိဘများအတွက် ခွင့်ခံစားခွင့်များကို ဆယ်စုနှစ်အတွင်း ချမှတ်ဆောင်ရွက်ခဲ့ရာ ကျားမတန်းတူအခွင့်အရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံဖြစ်လာကြောင်း သိရသည်။

သို့သော် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဆာဟာရ အာဖရိကနိုင်ငံများတွင်မူ  အမျိုးသမီးများသည် အမျိုးသားများ၏ ထက်ဝက်ခန့်သော ခံစားခွင့်ကိုသာ ဥပဒေက အကာအကွယ်ပေးထားနိုင်ကြောင်း သိရသည်။

အဆိုပါလေ့လာမှု၏ရည်ရွယ်ချက်မှာ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များနှင့် အမျိုးသမီးလုပ်ငန်းခွင်များတွင် ဥပဒေအရခွဲခြားထားမှုကြောင့် သက်ရောက်မှုသိမြင်နားလည်လာစေရန် တနည်းအားဖြင့် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်လမ်း၊ လုပ်နိုင်စွမ်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ခွဲခြားခံရမှုများကို မြင်သာစေရန်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်တမ်းကောက်ယူရာတွင် လူမှုဝန်းကျင်ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုအစဉ်အလာများကို ထည့်သွင်းတွက်ချက်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါစစ်တမ်းအား ကောက်ယူရာတွင် အမျိုးသမီးများ သွားလာသည့်နေရာ၊ အလုပ်အကိုင် စတင်ရသည့်အနေအထား၊ လုပ်ခလစာရရှိမှု၊ အိမ်ထောင်ပြုမှု၊ ကလေးယူခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ပိုင်ဆိုင်မှုများစီမံခန့်ခွဲခြင်းနှင့် ပင်စင်ရရှိမှု စသည့်အချက်အလက်များကို ဆန်းစစ်ထားပြီး အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့်တန်းတူ အိမ်ပြင်ထွက် သွားလာနိုင်မှုအခြေအနေနှင့် အိမ်တွင်းအကြမ်းဖက်မှုကို ဥပဒေအရကာကွယ်ပေးထားမှုတို့ကိုလည်း ထည့်သွင်းတွက်ချက်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~