လူသတ္မႈျဖစ္ပြားသည့္ဗီဒီယိုဖိုင္ကို လူမႈကြန္ယက္တြင္ ျပန္လည္ျဖန္႔ေဝသူ (၁၄)ဦးအား အေရးယူ

လူသတ္မႈျဖစ္ပြားသည့္ဗီဒီယိုဖိုင္ကို လူမႈကြန္ယက္တြင္ ျပန္လည္ျဖန္႔ေဝသူ (၁၄)ဦးအား အေရးယူ
မတ် 8, 2019
By 🌸
လူသတ္မႈျဖစ္ပြားသည့္ ဗီဒီယိုဖိုင္ကို လူမႈကြန္ယက္တြင္ ျပန္လည္ျဖန္႔ေဝသူ (၁၄)ဦးအား ဒိန္းမတ္ရဲတပ္ဖြဲ႕က အမႈဖြင့္အေရးယူလုိက္ေၾကာင္း CNN သတင္းဌာနတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၇)ရက္ေန႔ သတင္းေဖၚျပခ်က္အရ သိရသည္။

၎တို႔အနက္ (၁၂)ဦးမွာ အခင္းျဖစ္ဗီဒီယိုဖုိင္ကို Facebook မွလည္းေကာင္း၊ Messenger မွလည္းေကာင္း၊ အျခားလူမႈကြန္ယက္မီဒီယာမ်ားမွ လည္းေကာင္းျပန္လည္ျဖန္႔ေဝၾကျခင္းေၾကာင့္ အခင္းျဖစ္ရပ္ႏွင့္ ဆက္စပ္သူမ်ားအား ပိုမိုထိခိုက္ခံစားရေစမႈျဖင့္ အေရးယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္(၂)ဦးကိုမူ အဆိုပါအခင္းျဖစ္ရပ္အား ျပန္လည္ျဖန္႔ေဝရာတြင္ အၾကမ္းဖက္မႈကို အားေပးအားေျမႇာက္ျပဳသည့္ အသြင္ေဆာင္သည့္အတြက္ အေရးယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒိန္းမတ္တြင္ အမ်ားျပည္သူႏွင့္သက္ဆုိင္သည့္ကိစၥရပ္မ်ားမဟုတ္ပါက လူမႈကြန္ယက္စာမ်က္ႏွာတြင္  တစ္စံုတစ္ဦးႏွင့္သက္ဆုိင္ေသာ ဓါတ္ပံုမ်ား၊ ဗီဒီယိုဖိုင္မ်ားကို ျဖန္႔ေဝ၍ ကာယကံရွင္မ်ားအတြက္ ထိခိုက္နစ္နာေစမႈျဖစ္ပြားေစပါကလည္းေကာင္း၊ အၾကမ္းဖက္အား အားေပးသည့္အသြင္ေဆာင္ေစပါက ဥပေဒအရအေရးယူႏုိင္ေၾကာင္း သိရသည္။

အေရးယူခံရသူ (၁၄)ဦးအနက္ (၆)ဦးမွာ အသက္ (၁၃)ႏွစ္မွ (၁၈)ႏွစ္ၾကား၊ (၃)ဦးမွာ အသက္ (၂၂)ႏွစ္မွ (၃၆)ႏွစ္အရြယ္ၾကားႏွင့္ (၅)ဦးမွာ အသက္ (၄၅)ႏွစ္မွ (၆၉)ႏွစ္ၾကားျဖစ္ေၾကာင္း သိရသည္။

ဒိန္းမတ္မွ အသက္ (၂၄)ႏွစ္အရြယ္ လူဝီဆာဗက္စတာဂ်ာဂ်က္စပါဆန္ႏွင့္ ေနာ္ေဝမွ အသက္ (၂၈)ႏွစ္အရြယ္ မာရန္ယူလန္တို႔သည္ ေမာ္ရိုကိုတြင္ ေတာင္တက္ခရီးသြားရင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇)ရက္ေန႔က အသတ္ခံလုိက္ရသည့္ အဆုိပါျဖစ္ရပ္အား ေမာ္ရိုကိုႏွင့္ ဒိန္းမတ္ႏွစ္ႏုိင္ငံလံုးက အၾကမ္းဖက္လုပ္ရပ္အျဖစ္ သတ္မွတ္ထားသည့္အျပင္ အသုဘအခမ္းအနားကို ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ကိုယ္တုိင္ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအမ်ိဳးသမီးႏွစ္ဦးေသဆံုးမႈအတြက္ ဝမ္းနည္းေအာက္ေမ့ဖြယ္အခမ္းအနားကို ေမာ္ရိုကိုရိွ ေနာ္ေဝႏွင့္ ဒိန္းမတ္သံရံုးမ်ားေရွ႕တြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က်င္းပၿပီး ရာေပါင္းမ်ားစြာလာေရာက္ခဲ့ၾကၿပီး Pardon ႏွင့္ Sorry ဆိုသည့္ စာတမ္းမ်ားကို ကိုင္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ဘာသာျပန္သတင္း - ဇာႏွင္း
Ref: CNN

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လူသတ်မှုဖြစ်ပွားသည့်ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်တွင် ပြန်လည်ဖြန့်ဝေသူ (၁၄)ဦးအား အရေးယူ
************
လူသတ်မှုဖြစ်ပွားသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်တွင် ပြန်လည်ဖြန့်ဝေသူ (၁၄)ဦးအား ဒိန်းမတ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူလိုက်ကြောင်း CNN သတင်းဌာနတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့ သတင်းဖေါ်ပြချက်အရ သိရသည်။

၎င်းတို့အနက် (၁၂)ဦးမှာ အခင်းဖြစ်ဗီဒီယိုဖိုင်ကို Facebook မှလည်းကောင်း၊ Messenger မှလည်းကောင်း၊ အခြားလူမှုကွန်ယက်မီဒီယာများမှ လည်းကောင်းပြန်လည်ဖြန့်ဝေကြခြင်းကြောင့် အခင်းဖြစ်ရပ်နှင့် ဆက်စပ်သူများအား ပိုမိုထိခိုက်ခံစားရစေမှုဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်(၂)ဦးကိုမူ အဆိုပါအခင်းဖြစ်ရပ်အား ပြန်လည်ဖြန့်ဝေရာတွင် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသည့် အသွင်ဆောင်သည့်အတွက် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်တွင် အများပြည်သူနှင့်သက်ဆိုင်သည့်ကိစ္စရပ်များမဟုတ်ပါက လူမှုကွန်ယက်စာမျက်နှာတွင်  တစ်စုံတစ်ဦးနှင့်သက်ဆိုင်သော ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေ၍ ကာယကံရှင်များအတွက် ထိခိုက်နစ်နာစေမှုဖြစ်ပွားစေပါကလည်းကောင်း၊ အကြမ်းဖက်အား အားပေးသည့်အသွင်ဆောင်စေပါက ဥပဒေအရအရေးယူနိုင်ကြောင်း သိရသည်။

အရေးယူခံရသူ (၁၄)ဦးအနက် (၆)ဦးမှာ အသက် (၁၃)နှစ်မှ (၁၈)နှစ်ကြား၊ (၃)ဦးမှာ အသက် (၂၂)နှစ်မှ (၃၆)နှစ်အရွယ်ကြားနှင့် (၅)ဦးမှာ အသက် (၄၅)နှစ်မှ (၆၉)နှစ်ကြားဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်မှ အသက် (၂၄)နှစ်အရွယ် လူဝီဆာဗက်စတာဂျာဂျက်စပါဆန်နှင့် နော်ဝေမှ အသက် (၂၈)နှစ်အရွယ် မာရန်ယူလန်တို့သည် မော်ရိုကိုတွင် တောင်တက်ခရီးသွားရင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့က အသတ်ခံလိုက်ရသည့် အဆိုပါဖြစ်ရပ်အား မော်ရိုကိုနှင့် ဒိန်းမတ်နှစ်နိုင်ငံလုံးက အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထားသည့်အပြင် အသုဘအခမ်းအနားကို ဒိန်းမတ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးနှစ်ဦးသေဆုံးမှုအတွက် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို မော်ရိုကိုရှိ နော်ဝေနှင့် ဒိန်းမတ်သံရုံးများရှေ့တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့ကျင်းပပြီး ရာပေါင်းများစွာလာရောက်ခဲ့ကြပြီး Pardon နှင့် Sorry ဆိုသည့် စာတမ်းများကို ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဘာသာပြန်သတင်း - ဇာနှင်း
Ref: CNN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net