အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ တနသၤာရီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကို တာဝန္မွရပ္စဲ

အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ တနသၤာရီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကို တာဝန္မွရပ္စဲ
မတ် 11, 2019
By 🌸
တနသၤာရီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၁)ရက္ေန႔မွစ၍ တာဝန္မွရပ္စဲလုိက္ေၾကာင္း ႏိုင္ငံေတာ္သမၼတရံုး အမိန္႔အမွတ္၊ ၉ / ၂၀၁၉ ျဖင့္ ထုတ္ျပန္ေၾကညာလုိက္သည္။
တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လဲ့လဲ့ေမာ္အား အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္က စံုစမ္းေရးအဖြဲ႕ျဖင့္ စံုစမ္းၿပီးေနာက္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔တြင္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။
ဝန္ႀကီးခ်ဳပ္အား တိုင္ၾကားစာမ်ားႏွင့္စပ္လ်ဥ္း၍ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း၍ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔မွ မတ္လ (၆)ရက္ေန႔အထိ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ ထားဝယ္ၿမိဳ႕မ်ားတြင္ စံုစမ္းစစ္ေဆးခဲ့ၿပီးေနာက္ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ ျဖင့္ အမႈဖြင့္အေရးယူထားျခင္းျဖစ္သည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တာဝန်မှရပ်စဲ
************
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့မှစ၍ တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၉ / ၂၀၁၉ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းရေးအဖွဲ့ဖြင့် စုံစမ်းပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ်အား တိုင်ကြားစာများနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၄)ရက်နေ့မှ မတ်လ (၆)ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စစ်ဆေးတွေ့ရှိချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net