လူမႈကြန္ယက္စာမ်က္ႏွာမ်ား ေႏွာင့္ယွက္ခံရမႈ ေျဖရွင္းၿပီးသြားၿပီး DDoS တုိက္ခုိက္ခံရမႈမဟုတ္ဟုဆို

လူမႈကြန္ယက္စာမ်က္ႏွာမ်ား ေႏွာင့္ယွက္ခံရမႈ ေျဖရွင္းၿပီးသြားၿပီး DDoS တုိက္ခုိက္ခံရမႈမဟုတ္ဟုဆို
မတ် 14, 2019
By 🌸
လူမႈကြန္ယက္စာမ်က္ႏွာမ်ားကို ကမၻာတစ္လႊားအသံုးျပဳသူမ်ား အခက္အခဲျဖစ္ခဲ့ရၿပီးေနာက္ ယင္းျပႆနာကို ေျဖရွင္းလုိက္ႏုိင္ၿပီျဖစ္ၿပီး DDoS တုိက္ခုိက္ခံရမႈမဟုတ္ေၾကာင္း Facebook က ထုတ္ျပန္လာသည္။

Facebook ကုမၸဏီက ပိုင္ဆုိင္သည့္ လူမႈကြန္ယက္ Application မ်ားတြင္ အေကာင့္ဝင္မရေတာ့ျခင္း၊ ပံုတင္မရျခင္း၊ စာသားမ်ား ျပန္လည္မွ်ေဝ၍ မရျခင္းစသည့္ မတူညီသည့္ျပႆနာမ်ားကို အသံုးျပဳသူမ်ားႀကံဳေတြ႕ခဲ့ၾကရျခင္းျဖစ္ၿပီး လက္ရိွတြင္ Facebook မွ ယင္းျပႆနာမ်ားကို ေျဖရွင္းၿပီး ျဖစ္ေသာ္လည္း Instgram ႏွင့္ Whatsapp မ်ားကို ေျဖရွင္းေနဆဲျဖစ္ေၾကာငး္ သိရသည္။

အဆိုပါ လူမႈကြန္ယက္ application မ်ားတြင္ အသံုးျပဳမရျဖစ္ေနသည့္ ျပႆနာမ်ားကို ကမၻာတစ္လႊားမွ အသံုးျပဳသူမ်ားက Twitter တြင္ ေရးသားေဖၚျပခဲ့ၾကၿပီး facebook ကလည္း  Twitter မွေန၍ အဆိုပါျပႆနာမ်ားကို ေျဖရွင္းေနေၾကာင္း ေရးသားေဖၚျပခဲ့ျခင္းျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု၊ ဥေရာပႏွင့္ ေတာင္အေမရိကေဒသတစ္ေလွ်ာက္တြင္ Facebook၊ Instgram ႏွင့္ Messenger အေကာင့္မ်ား ယာယီအသံုးျပဳမရေတာ့ဘဲျဖစ္သြားကာ WhatsApp မွာ အျခား Application မ်ားကဲ့သို႔ ဆိုးဝါးစြာထိခိုက္မႈမျဖစ္ခဲ့ေၾကာင္း သိရသည္။

အျမန္ဆံုးေျဖရွင္းႏုိင္ဖုိ႔ ႀကိဳးစားလုပ္ေဆာင္ေနၾကပါတယ္။ ဒါေပမဲ့ ဒါက DDoS တုိက္ခုိက္ခံရမႈနဲ႔ေတာ့ မဆုိင္ပါဘူး ဟု Facebook က ေရးသားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref: Daily Mail

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လူမှုကွန်ယက်စာမျက်နှာများ နှောင့်ယှက်ခံရမှု ဖြေရှင်းပြီးသွားပြီး  DDoS တိုက်ခိုက်ခံရမှုမဟုတ်ဟုဆို
*************
လူမှုကွန်ယက်စာမျက်နှာများကို ကမ္ဘာတစ်လွှားအသုံးပြုသူများ အခက်အခဲဖြစ်ခဲ့ရပြီးနောက် ယင်းပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်ပြီး DDoS တိုက်ခိုက်ခံရမှုမဟုတ်ကြောင်း Facebook က ထုတ်ပြန်လာသည်။

Facebook ကုမ္ပဏီက ပိုင်ဆိုင်သည့် လူမှုကွန်ယက် Application များတွင် အကောင့်ဝင်မရတော့ခြင်း၊ ပုံတင်မရခြင်း၊ စာသားများ ပြန်လည်မျှဝေ၍ မရခြင်းစသည့် မတူညီသည့်ပြဿနာများကို အသုံးပြုသူများကြုံတွေ့ခဲ့ကြရခြင်းဖြစ်ပြီး လက်ရှိတွင် Facebook မှ ယင်းပြဿနာများကို ဖြေရှင်းပြီး ဖြစ်သော်လည်း Instgram နှင့် Whatsapp များကို ဖြေရှင်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုကွန်ယက် application များတွင် အသုံးပြုမရဖြစ်နေသည့် ပြဿနာများကို ကမ္ဘာတစ်လွှားမှ အသုံးပြုသူများက Twitter တွင် ရေးသားဖေါ်ပြခဲ့ကြပြီး facebook ကလည်း  Twitter မှနေ၍ အဆိုပါပြဿနာများကို ဖြေရှင်းနေကြောင်း ရေးသားဖေါ်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တောင်အမေရိကဒေသတစ်လျှောက်တွင် Facebook၊ Instgram နှင့် Messenger အကောင့်များ ယာယီအသုံးပြုမရတော့ဘဲဖြစ်သွားကာ WhatsApp မှာ အခြား Application များကဲ့သို့ ဆိုးဝါးစွာထိခိုက်မှုမဖြစ်ခဲ့ကြောင်း သိရသည်။

အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ဒါက DDoS တိုက်ခိုက်ခံရမှုနဲ့တော့ မဆိုင်ပါဘူး ဟု Facebook က ရေးသားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref: Daily Mail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net